Monday, March 2, 2015

အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုအောင်နေမျိုးနှင့် တွေ့ဆုံခြင်း


အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုအောင်နေမျိုးလွတ်တာလူတွေအော်လို့
မဟုတ်ပါဖူး၊အပြစ်ကိုယူမရတာ၊ကြက်ဖကြီးတွေ့လဲဘာမှလုပ်မရဖူးသရော်စာဆိုတာဒီ
မိုကရေစီနိုင်ငံတိုင်းမှာရှိတယ်၊နဲနဲလေးမှားတာတောင်သတင်းစာတိုင်းမှာရုပ်ပြောင်တက်
တယ်။ရုပ်ပြောင်မခံချင်ရင်ကောင်းအောင်နေဒါမှမဟုတ်နုတ်ထွက်......




Monday, 02 March 2015

အရေးပေါ်စီမံမှု ဥပဒေဖြင့် ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက်က ထိန်းသိမ်းခံခဲ့ရသော မုံရွာမြို့ခံ အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုအောင်နေမျိုးမှာ မတ်လ ၁ ရက်နေ့အထိ သုံးရက်ကြာ ထိန်းသိမ်းခံရပြီးနောက် မတ်လ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ပြီး ၄င်းနေထိုင်ရာ မုံရွာမြို့အဝင် Foto စားသောက်ဆိုင်ကို ပြန်လည်ရောက်ရှိလာပါပြီ။ ထိန်းသိမ်းခံနေရစဉ်အတွင်း တွေ့ကြုံခဲ့ရသည်များနှင့် ပတ်သတ်၍ The Voice က မေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။
Voice- အစ်ကို့ကို ဖမ်းခဲ့တဲ့ညက ဖြစ်စဉ်လေး ပြန်ပြောပြပါလား။
ANM- အဲဒီနေ့ညက တစ်နာရီ ဝန်းကျင်လောက်မှာ တံခါးတွေထုတယ်။ အစကတော့ ကျွန်တော်ဖွင့်မပေးဘူး။ နောက်မေးကြည့်တော့ ရှာဖွေဝရမ်းလည်းပါတယ်။ မူးယစ်ဆေးဝါး သတင်းကြားထားလို့ မူးယစ်ဆေးဝါးနဲ့ ပတ်သတ်တာတွေ ရှာမယ်ဆိုတော့ ဖွင့်ပေးလိုက်တယ်။ ကျွန်တော်က ပြောတယ်။ မူးယစ်ဆေးဝါး ကိစ္စနဲ့ဆို မှားနေတယ် ထင်တယ်နော်လို့ ပြောသေးတယ်။ သူတို့က သတင်းအရ ဝင်ရှာတာပါလို့ ပြန်ပြောတယ်။ သူတို့ကိုလည်း ရှာဖို့ပြောတယ်။ ကျွန်တော်က ရှာစရာမလိုဘူး။ ဆိုင်မှာ CCTV တွေ တပ်ထားတယ်လို့ ပြောလိုက်တော့ သူတို့ CCTV ကို သတိထားမိသွားပြီး CCTV ကို ပိတ်ခိုင်းတယ်၊ နောက်ရှာတယ် မူးယစ်ဆေးဝါးလည်း မတွေ့ဘူး။ ရှာဖွေပုံစံထဲမှာလည်း မူးယစ်ဆေးဝါးနဲ့ ပတ်သတ်တာ ဘာမှမတွေ့ပါဘူး ဆိုတာလည်း လက်မှတ်ထိုးပေးလိုက်ရတယ်။ မူးယစ်ဆေးဝါးနဲ့ မဆိုင်တဲ့ ပစ္စည်းတွေ ကွန်ပျူတာတို့ ဖုန်းတို့၊ မှတ်စုစာအုပ်တို့ အဲဒါတွေကို သိမ်းတယ်။
Voice- အစ်ကိုက မူးယစ်ဆေးဝါးဝရမ်းနဲ့ရှာတာကို ဒီဖုန်းတွေ ကွန်ပျူတာတွေကို ဘာကြောင့် သိမ်းတာလည်းလို့ မေးကြည့်မိသေးလား။
ANM- ဘာလို့လည်းလို့ ကျွန်တော်မေးသေးတယ်။ ဒီပစ္စည်းတွေထဲကို ကြည့်ပြီး သဲလွန်စရမလားဆိုပြီး သိမ်းတာလို့ ပြန်ဖြေတယ်။
Voice- အဲဒီနောက်ကော ဘာတွေဆက်ဖြစ်သေးလဲ။
ANM- အဲဒါပြီးတော့ ပစ္စည်းတွေကို ကားပေါ်တင်။ ကျွန်တော့်ကိုပါ ခေါ်ပြီး မုံရွာကားလေးကွင်းကို အရင်ခေါ်သွားတယ်။ အဲဒီကနေမှ ကားချိန်းပြီး ညတွင်းချင်းပဲ မန္တလေး SB ရုံးကို ခေါ်သွားတယ်။ အဲဒီမှာ စစ်ဆေးမေးမြန်းတာတွေ လုပ်တယ်။ အဲဒီနေ့ ညနေပိုင်းမှာပဲ မုံရွာကို ပြန်ခေါ်လာတယ်။
Voice- စစ်ဆေးမေးမြန်းတယ် ဆိုတော့ ဘာတွေ အဓိကထားမေးလည်း၊ နောက် အစ်ကို့ကို ဘာအမှုနဲ့ ဖွင့်တယ်ဆိုတာကော အသိပေးလား။
ANM- မူးယစ်ဆေးဝါးဝရမ်းနဲ့ ဖမ်းတယ်ဆိုပေမယ့် မူးယစ်ဆေးဝါးနဲ့ ပတ်သတ်တာ တစ်ခွန်းမှ မမေးဘူး။ အဲဒီ Facebook ကိစ္စကိုပဲ အဓိကထားမေးတယ်။ ဒီ Facebook ရက်လေးဆယ် ကိစ္စကိုပဲ မေးတယ်၊ ကြက်ဖသိလား မေးတယ်။ ကျွန်တော့်မှာ သူငယ်ချင်း ငါးထောင်ကျော် ရှိတယ်။ အဲဒီ ခင်ဗျားတို့မေးတဲ့ ကြက်ဖ ကျွန်တော့် Friend ထဲမှာ ဘယ်တုန်းက ရောက်နေလဲ ဆိုတာလည်း မသိဘူးလို့ ပြန်ဖြေလိုက်တယ်။ အမှုဖွင့်တာက မုံရွာတရားရုံးမှာ ယမန်ယူမှသိတာ။ တရားသူကြီးက အရေးပေါ်အက်ဥပဒေ ၅(က)၊ (ခ) နဲ့ (င) တွေနဲ့ ရဲတပ်ဖွဲ့က တရားစွဲတယ်လို့ ပြောမှသိရတယ်။ အဲဒါတွေက ဘာတွေလည်းမေးမှ နိုင်ငံတော်အပေါ် အကြည်ညိုပျက်စေမှုလို့တော့ ပြောတယ်။
Voice- အစ်ကို့ကို ပြန်လွှတ်မပေးခင် အစ်ကို့ရဲ့ Facebook အကောင့်ကနေ ပြန်ပြီးတောင်းပန်တဲ့ Post တွေလည်း တက်လာတယ်ဆိုတော့ ဖမ်းခံရနေစဉ် အတောအတွင်းမှာများ Facebook သုံးခိုင်းပြီး ဖမ်းဆီးတဲ့သူတွေက တောင်းပန်ခိုင်းတာလား။ ဒါမှမဟုတ် အစ်ကိုကိုယ်တိုင်က ဒီစာတွေကို တင်ခဲ့တာလား။
ANM- အခုလွတ်လာတဲ့ အချိန်အထိ ကျွန်တော့ Facebook လျှို့ဝှက်နံပါတ်ကို မသိရသေးဘူး။ သူတို့ လျှို့ဝှက်နံပါတ်ကို ချိန်းထားတယ်။ ကျွန်တော်ကတော့ ကျွန်တော့အကောင့်ကို ပြန်တောင်းထားတယ်။ အခုချိန်ထိ လာမပေးသေးဘူး။ အဲဒီတင်လိုက်တဲ့ စာတွေကလည်း ကျွန်တော်တင်တာ မဟုတ်ပါဘူး။
Voice- နောက်ဆုံး ပြန်လွှတ်ပေးလိုက်တာက ဘယ်လိုပြန်လွှတ်ပေးလိုက်တာလည်း သိရပြီလား။
ANM- အသေအချာတော့ မသိရသေးဘူး။ ဒါပေမယ့် ပြန်လွှတ်ပေးတဲ့အကြောင်း လက်မှတ်ထိုးခိုင်းတယ်။ နောက်ဖမ်းတုန်းက သိမ်းဆည်းခဲ့တဲ့ ပစ္စည်းတွေကို ပြန်အပ်ဖို့ လက်မှတ်ထိုးခိုင်းတယ်၊ ပြီးတော့ဆိုင်ကို နေ့လည်တစ်နာရီလောက်မှာ ပြန်လိုက်ပို့ပေးတယ်။
Voice- ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။
ကိုသက် (မုံရွာ)
 http://thevoicemyanmar.com

0 အကြံပြုခြင်း: