Thursday, March 26, 2015

မောင်သန်းဆွေမျက်လုံးအိမ်နီရဲနေပြီး လုံးဝကြည့်၍မမြင်ရတော့

မတ်လ ( ၁၀ ) ရက်နေ့က လက်ပံတန်းရှိ ပင်မကျောင်းသားသပိတ်အား
အစိုးရရဲတပ်ဖွဲ့မှ တရားဥပဒေမဲ့ အကြမ်းဖက်ထိုးကြိတ်ရိုက်နှက် ဖမ်းဆီးခံခဲ့ရသောကြောင့်
ကျောင်းသားကျောင်းသူများနှင့်ဝန်းရံကူညီကြသူများ အားလုံး ထိခိုက်ဒဏ်ရာပြင်းထန်စွာ
ရရှိခဲ့ကြသော်လည်း သာယာဝတီထောင်ထဲ၌ထိခိုက်ဒဏ်ရာများအတွက်
လုံလောက်သောဆေးကုသမှု ယနေ့တိုင် မရရှိကြသေးပါ။
အချို့မှာ ခေါင်းပေါက် ထိပ်ကွဲ ၊မျက်လုံးရောင်ကိုင်း၊နံရိုးအောင့်၊လက်ကျိုးခဲ့ကြရာ
ဓာတ်မှန်ရိုက်ခွင့်မရသည့်အပြင် ထိရောက်သော လုံလောက်သည့် ဆေးကုသပေးမှုမရသေးပါ။ထိုဒဏ်ရာ ရရှိခဲ့ကြသူများထဲတွင်နတ်တလင်းမြို့မှ ပြည်တက္ကသိုလ် အဝေးသင် မြန်မာစာ ဒုတိယနှစ်ကျောင်းသားဖြစ်သူမောင်သန်းဆွေ မှာ ရဲတပ်ဖွဲ့ဝင်များစွာ၏ချုပ်နှောင်ဖမ်းဆီးပြီး လက်သီးဖြင့်ဝိုင်းထိုးခံခဲ့ရခြင်းနှင့် နံပါတ်တုတ်များဖြင့် ကျောကုန်းနှင့် ဦးခေါင်းတို့ကိုပါ အချက်ပေါင်းများစွာ ထိုးကြိတ်ရိုက်နှက်ခံခဲ့ရသဖြင့် ယခုအခါ ၁၅ ရက်ကြာခဲ့ပြီဖြစ်သော်လည်း လက်ဝဲဖက်မျက်လုံးကိုထိခိုက်မိသောဒဏ်ရာမှာ ယနေ့တိုင် မပျောက်ကင်းသေးပါ။မျက်လုံးအိမ်နီရဲနေပြီး လုံးဝကြည့်၍မမြင်ရတော့ဟု ရုံးထုတ်ချိန်၌ တွေ့ခွင့်ရခဲ့သော မောင်သန်းဆွေ၏ဖခင်ဦးခင်မောင်ကြည်မှ ပြောပြ၍သိရှိရပါသည်။
ထို့ကြောင့်လိုအပ်သောထိရောက်မည့်လုံလောက်သောဆေးကုသခွင့်နှင့်ဆေးကုသမှုပေးရန် မောင်သန်းဆွေ အပါအဝင် အခြားသောထိခိုက်ဒဏ်ရာရနေသောသူများအားလုံးအတွက်
အရေးကြီးနေပါသည်။ထို့အပြင် ယခုဖြစ်ပေါ်နေသော ဖမ်းဆီးခံအားလုံးအတွက်မိဘပြည်သူအားလုံးကလည်းစိတ်ပူစိုးရိမ်လျှက်ရှိနေကြပါသည်။
ဝဲဖက်မျက်လုံးမမြင်ရတော့သော မောင်သန်းဆွေ၏ ပုံကို
အားလုံးသိမြင်နိုင်စေရန် ဖော်ပြပေးလိုက်ပါသည်။

ဝမ်း ဈာန်

0 အကြံပြုခြင်း: