Monday, March 9, 2015

ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် သပိတ်စစ်ကြောင်းက ကျောင်းသားကိုယ်စားလှယ် ၅ယောက် လာရောက်ပူးပေါင်း


လက်ပံတန်းမှာ ပိတ်ဆို့တားဆီးခံနေရတဲ့ ပင်မသပိတ်စစ်ကြောင်းကို ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် သပိတ်စစ်ကြောင်းက ကျောင်းသားကိုယ်စားလှယ် ၅ယောက် ဒီကနေ့နေ့လည်မှာပဲ လာရောက်ပူးပေါင်းခဲ့ပါတယ်။

ဒီသပိတ်မှောက်ကျောင်းသားတွေဟာ လွိုင်ကော်ကနေ စတင်လမ်းလျှောက်ခဲ့ပြီး ဖယ်ခုံကနေတစ်ဆင့် အောင်ပန်း၊ တောင်ကြီးကို သွားမယ်လို့ ဆုံးဖြတ်ခဲ့ပေမယ့် အာဏာပိုင်တွေ လိုက်လံနှောင့်ယှက်ခဲ့လို့ ဟဲဟိုးနဲ့ညောင်ရွှေကြားက တောင်လေးလုံးအရောက် ရဲနဲ့စွမ်းအားရှင် ၂ဝဝလောက် ပိတ်ဆို့ပြီး ပြည်သူတွေကိုပါဖမ်းမယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် သပိတ်ကိုရပ်နားပြီး ကိုယ်စားလှယ် ၅ယောက်ကို လက်ပံတန်းသပိတ်နဲ့ပူးပေါင်းလိုက်ပါတယ်။

ကယားပြည်နယ်က ကျောင်းသား ၃ယောက်နဲ့ ရှမ်းပြည်နယ် ၂တို့ဖြစ်ပါတယ်။
မတ်လ ၈ရက်နေ့ညနေမှာတော့ ကဗျာနဲ့စာရေးဆရာတွေလာပြီး ကဗျာတွေရွတ်၊ အားပေးစကားတွေပြောပြီး သီချင်းတွေနဲ့ဖျော်ဖြေပြီး သပိတ်စစ်ကြောင်းကို စိတ်အားတက်ကြွအောင် ကူညီခဲ့ပါတယ်။


(ဓာတ်ပုံ - မျိုးမင်းအောင်/ကမာရွတ်မီဒီယာ)

0 အကြံပြုခြင်း: