Sunday, March 15, 2015

ရခိုင်တွင် သင်္ဘောမှောက်ခြင်းနောက်ကွယ်မှ အဖြစ်မှန်များ



အောင်တံခွန်သင်္ဘောက ၁၃ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၈ နာရီခန့်မှာ
နစ်မြုပ်သွားခဲ့တယ်။
ကမ်းခြေစောင့်ရေတပ်က ၁၄ ရက်နေ့ နံနက် ၇ နာရီမှ ရောက်လာတယ်။ ကြားမှာအချိန် ၁၁ နာရီလောက် ကွာတယ်။

အမှန်တကယ် အဆက်သွယ်မရလို့ ၁၁နာရီတောင် ကြာခဲ့တာလား?
အဆက်သွယ်ရရဲ့သားနဲ့ တမင်တကာ ကြာအောင် နေခဲ့တာလား?
သင်္ဘောပေါ်မှာ လိုက်ပါသွားတဲ့ လူ ၂၀၀ လောက်ကြီးမှာ တစ်ယောက်မှတောင် ဖုန်းမပါလာလို့ မဆက်သွယ်နိုင်တာလား?

ဒုတိယ တစ်ချက်က။
သင်္ဘောမှာ တဖြေးဖြေးနဲ့ ရေဝင်မူများလာလို့ လိုက်ပါလာတဲ့
ခရီးသည်တွေက မလှမ်းမကမ်းမှာ မြင်နေရတဲ့ ကျွန်းတစ်ကျွန်းကို ထိုးကပ်လိုက်ဖို့ အကြိမ်ကြိမ် တောင်းပန်ကြတယ်။ ဒါပေမယ့် သင်္ဘောတာဝန်ရှိသူတွေဟာ ခရီးသည်တွေရဲ့ စကားကို နားမထောင်ပဲ
ပုံမှန်လမ်းကြောင်းအတိုင်း ဆက်မောင်းနေခဲ့တယ်။

ဒီ့နောက် သိပ်မကြာလှသောအချိန်မှာ
သင်္ဘောမောင်းတဲ့သူတွေနဲ့ ဝန်ထမ်းတွေအားလုံး အသက်ကယ်အင်္ကျီဝတ်ပြီး
သဘောင်္ပေါ်က ခုန်ဆင်းသွားခဲ့ကြတယ်။ ခရီးသည်တွေကို ထားသွားခဲ့ကြတယ်။

 Mayyu Tun

0 အကြံပြုခြင်း: