Saturday, March 14, 2015

ကာကွယ်ရေးဦးစီး ချုပ်ကို ဘယ်သူ ခန့်မှန်း မသိတဲ့ တိုင်းပြည်

ဒီ အစိုးရကို အလုပ်သမားတွေ ကလည်း မကျေနပ်ဘူး။ ကျောင်းသားကလည်း မကျေနပ်ဘူး။ လယ်သမားတွေကလည်း မကျေနပ်ဘူး။ ပြည်သူအားလုံးကလည်း မကျေနပ်ဘူး။

ဒါကို တချို့ တချို့က အတ္တတွေ များပြီး ....
ဆူပူမှုကို မလိုလားဘူး ဘာညာ အော်နေသေးတယ်။
ဆူပူ အုံကြွတာနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို ခွဲမသိ လောက်အောင် အမှောင်ဖုန်းနေတဲ့ လူတချို့ကို ပြောချင်တာ က

-စာများများဖတ်ပါ။

-အများအတွက် ထည့်သွင်း စဉ်းစားတတ်တဲ့ စိတ်မွေးပါ။

-ဟိုဘက်အိမ်မီး လောင်တာ ငါနဲ့ မ ဆိုင်ဘူးလို့ မထင်ပါနဲ့။ မီးဆိုတာ ကူးဆက်လာမှာပါ။

-ဒီမိုကရေစီ ဆိုတာ ဘာမှန်း မသိပဲနဲ့ အခု အစိုးရကို ဒီမိုကရေစီ အစိုးရလို့ မထင်ပါနဲ့။ သမ္မတရဲ့ အထက်မှာ ကာလုံရှိတယ် ဆိုတာသိပါ။

-အရပ်သား အုပ်ချုပ်ရေးလို့ မထင်ပါနဲ့။ ကာကွယ်ရေးဦးစီး ချုပ်ကို ဘယ်သူ ခန့်မှန်း မသိတဲ့ တိုင်းပြည်ပါ။

-ကာကွယ်ရေးဦးစီးချုပ် အပါအဝင် စစ်ဖက်က ရာခိုင်နှုန်းများစွာပါဝင်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဆိုတာက မြန်မာ နိုင်ငံကို အုပ်ချုပ်နေတာပါ။

-စစ်အာဏာရှင် လက်အောက်ပြန်ရောက်သွားလိမ့်မယ်လို့ အူကြောင်ကြောင် မပြောပါနဲ့။ ဖွဲ့စည်းပုံကို ဖတ်ကြည့်ပါ။ အခုလည်း စစ်အာဏာရှင် လက်အောက်မှာပဲ ဆိုတာ မမေ့ပါနဲ့။

-ရွေးကောက်ပွဲနီးမှ ဆူဆူပူပူ မလုပ်ကြပါနဲ့လို့ အသံကောင်း မဟစ်ပါနဲ့။ တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ မဖြစ်နိုင်ပါ။

-ရွေးကောက်ပွဲ တရားမျှတတယ်ထားဦး ဖွဲ့စည်းပုံ မပြင် မချင်း ကာလုံက သမ္မတ အထက်မှာ ရှိပါတယ်။

-နောက်မှ ဥပဒေ ပြင်ကြပေါ့။ ၂၀၁၅မှာ လွှတ်တော်မှာ ပြည်သူရွေးချယ်သူတွေ များလာတော့ အောင်မြင်မှာပါလို့ ဆရာကြီး မလုပ်ပါနဲ့။ လွှတ်တော်ထဲက အစိတ်သား ရှိနေသ၍ ကောင်းမွန်တဲ့ ဘာဥပဒေမှ ပြုမရပါ။

-ဒီလိုပဲ နေသားကျနေပါပြီ ဘယ် အစိုးရတက်တက် လို့ သံယောင်မလိုက်ပါနဲ့။

** သင့်အိမ်မီးမှန်သလား။
** မီးအားမှန်သလား။
** ရေက tap က ဖွင့်လိုက်တာနဲ့ သောက်သုံးရေ အဆင့်မှီပြီလား။
** သင့်အိမ်ရှေ့ လမ်းကောင်းပြီလား။
** သင့် အသက်အိုးအိမ်စည်းစိမ် လုံခြုံပြီလား။
** ရေဆိုးစနစ်ကောင်းကောင်း သင့်ပတ်ဝန်းကျင်မှာ ရှိပြီလား။
** သင့်သားသမီး အဆင့်မှီ ပညာ သင်ကြားနိုင်ပြီလား။
** သင် နေမကောင်းရင် ဆေးကုသ စရိတ် စုဆောင်းထားနိုင်ပြီလား။
** ပိုက်ဆံရှိရင် တောင် နိုင်ငံတွင်းမှာ အဆင့်မှီ ဆေးကုသနိုင်ပြီလား။
** အိမ်ပိုင် ရာပိုင် ရှိပြီလား။
** လမ်းတွေ ကောင်းမွန်ပြီး သွားလိုရာကို အန္တရယ်ကင်းကင်းသွားနိုင်ပြီလား။

ငါတို့ အားလုံး အဆင်ပြေတယ် ဆိုရင်တော့ သင်ဟာ မတရားရယူထားသော မိဘ (စစ်တပ် ခေါင်းကြီးပိုင်း) ကသော်လည်းကောင်း
မတရားရယူထားသော (စစ်ခေါင်းဆောင်ပိုင်းနဲ့ ပေါင်းစားနေသော) ခရိုနီ သော်လည်းကောင်း ဖြစ်ပေမည်။

သာမာန် သူလို ... ကိုယ်လို ... ကတော့ ဒုက္ခကြီးတာနဲ့ သေးတာပဲကွာ မယ်။

ဒါကို ဘာလို့ ဘာလို့ ဘာလို့ .........
*** ပညာရေး ဥပဒေ ကောင်းရာ ကောင်းကြောင်း တောင်းဆို ကြိုးစားနေတဲ့ ကျောင်းသားတွေ
*** လယ်သိမ်းခံရလို့ ဆန္ဒပြနေတဲ့ လယ်သမားတွေ
*** လုပ်ခ လစာ နဲ့ မ စားလောက်လို့ အခြေခံ လစာတိုးတောင်းတဲ့ အလုပ်သမားတွေ
ကို ဆူပူသူတွေ လို့ စွတ်စွဲနေသလဲ။

- အမှန်တရားကို မြင်နိုင်တဲ့ အသိညဏ်
- တွေးခေါ်စဉ်းစားတတ်တဲ့ အသိညဏ်
- ကိုယ်ချင်းစာတရား
- အားနည်းသူကို ငဲ့ညှာတက်တဲ့ စိတ်ထား
- ဒုက္ခရောက်သူကို ကူညီချင်တဲ့ စိတ်ထားတွေ
သင့်မှာ ပြောက်ဆုံးနေရင် .....
သင်လူရော ဟုတ်ရဲ့လား .....လို့ မှန်ထဲမှာသေချာကြည့်ပြီး ... ပြန်မေးကြည့်ပါ။

 Chaw Yupar

0 အကြံပြုခြင်း: