Saturday, March 7, 2015

သတင်းမီဒီယာသမားတွေ ပစ်မှတ်ထား တိုက်ခိုက်ခံနေရပြီလား



Kamayut Media

လက်ပံတန်းက ညောင်ပင်လေးဈေးရှေ့မှာ ဆန္ဒပြတဲ့ ကျောင်းသားကျောင်းသူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းရာမှာ ဧရာဝတီသတင်းထောက် စိုင်းဇ်ာကို ရဲတွေက ဝင်ရောက်ဖမ်းချုပ်ခဲ့လို့ သတင်းသမားတွေက ပြန်လည်ဆွဲထုတ်ခဲ့ရတယ်လို့ ဧရာဝတီသတင်းဌာနက ဆိုပါတယ်။

ဆန္ဒပြကျောင်းသားတွေကို အရပ်ဝတ်နဲ့လူတစ်ယောက်က မင်းတို့ကဘာဖြစ်ချင်တာလဲဆိုပြီး ခြိမ်းခြောက်မေးမြန်းခဲ့ပြီး ကျောင်းသားတွေက တာဝန်ရှိတဲ့သူလားလို့မေးတော့ ပြည်သူတစ်ယောက်ဖြစ်တယ်လို့ ပြောပြီးမကြာခင်မှာပဲ အဲဒီအရပ်ဝတ်လူက အမိန့်ပေးပြီး အကုန်ဆွဲတင်၊ အကုန်ဖမ်းလို့ ပြောတာနဲ့ ရဲတွေက ဝင်ရိုက်နှက်ပြီး ဖမ်းဆီးခဲ့တဲ့အကြောင်း၊ ဓာတ်ပုံရိုက်နေတဲ့သူ့ကိုပါ ဖမ်းခိုင်းပြီး ကင်မရာကိုလုယူတဲ့အကြောင်း၊ ရဲတွေဟာ အရပ်ဝတ်နဲ့ပြည်သူဆိုတဲ့သူ ခိုင်းစေသမျှ လုပ်ကိုင်နေတဲ့အကြောင်း ဓာတ်ပုံသတင်းထောက် စိုင်းဇော်ရဲ့ ပြောဆိုချက်ကို ဧရာဝတီသတင်းဌာနက ကိုးကားဖော်ပြခဲ့ပါတယ်။

ရွှေပြည်သာ အလုပ်သမားသပိတ်ကို အရပ်ဝတ်စွမ်းအားရှင်တွေနဲ့ ဖြိုခွဲစဉ်က 7 Day နဲ့ DVB သတင်းထောက်နှစ်ယောက်ကို ရဲတွေက ကင်မရာတွေလုပြီး ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ခဲ့သလို မနေ့က မြို့တော်ခမ်းမရှေ့ဆန္ဒပြပွဲ ဖြိုခွင်းစဉ်မှာ အရပ်ဝတ်နဲ့ အကြမ်းဖက်လူရမ်းကားတွေ၊ ရဲတပ်ဖွဲ့တွေက ဆန္ဒပြသူတွေအပြင် သတင်းမီဒီယာသမားတွေကိုပါ ပစ်မှတ်ထားပြီး ရိုက်နှက်ဖို့လုပ်ဆောင်ခဲ့ပါတယ်။

ဒီလိုသတင်းသမားတွေ ခြိမ်းခြောက်တိုက်ခိုက်ခံနေရတဲ့ကိစ္စ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)အနေနဲ့ ကြေညာချက်ထုတ်ပြန် ဆောင်ရွက်တာမျိုး မရှိသေးသလို သတင်းမီဒီယာတွေကို ကာကွယ်ပေးဖို့ အစိုးရဘက်ကလည်း သတိပေးပြောဆိုထားတာတွေ မရှိပါဘူး။


လက်ပံတန်းမှာ တာဝန်ကျတဲ့ ရဲမှုး က အရပ်ဝတ်နဲ့ လက်ပံတန်းပြည်သူကြားမှာ ရောက်နေ 

0 အကြံပြုခြင်း: