Friday, March 20, 2015

ဝန်ကြီးဟောင်း ဦးအောင်သောင်းနဲ့ ဘီလီယံဒေါ်လာ ပိုင်ဆိုင်မှု



မောင်ဆောက် (ကျောက်ကာ) စုဆောင်းတင်ဆက်သည်

ငတက်ပြားအစ

ဦးအောင်သောင်းဟာ တောင်သာနယ် ကျောက်ကာရွာ ဇာတိဖြစ်တယ်။ ဒါပေမယ့် သူ့ကိုယ်သူ (အင်္ဂလိပ်တော်လှန်တဲ့ မြင်းခေါင်း ဗိုလ်ရာညွန်ဇာတိ ကျောက်ကာနဲ့ ကပ်ရက်) ၀ဲလောင်ရွာ ဇာတိ လိုလို လိမ်ပြောလေ့ရှိတယ်။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့ကို ၀ဲလောင်သားလို့ မကြာခဏ ခေါ်လေ့ရှိတယ်။

ဦးအောင်သောင်းဟာ OTS-30 ကျောင်းဆင်းဖြစ်ပြီး နမခ ဗျူဟာမှူး ဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်တပ်မှာ အမြင့်ဆုံးရာထူးသာ ရရှိခဲ့ပါတယ်။ န၀တခေတ် မကွေးတိုင်း တ၀တဥက္ကဌအဖြစ် နမခတိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်က မြှောက်စားထားခဲ့ပါတယ်။ ဗိုလ်ချုပ်ထွန်းကြည် ကုန်သွယ်ရေးဝန်ကြီး ဖြစ်သွား ချိန်မှာ မန္တလေးတိုင်းစစ်ဌာနချုပ်ရှိ နန်းတွင်းဧည့်ရိပ်သာမှာ ဦးအောင်သောင်းအား ခေါ်တွေ့ခဲ့ပြီး သူနဲ့ အတူ လိုက်ဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ကုန်သွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ကုန်သွယ်လယ်ယာ ဦးဆောင်ညွှန်ကြားရေးမှူး ရက်ပိုင်းသာ လုပ်နေချိန်မှာ မိတ်ဆက်စားပွဲ ကျင်းပပြီး ကုန်သွယ်ရေး ဒု-၀န်ကြီးအဖြစ် ဗိုလ်ချုပ် ထွန်းကြည်က ထိုးတင်ခဲ့ပါတယ်။ ဦးသန်းရွှေအား ဦးအောင်သောင်းရဲ့ အဖားတော်မှုကြောင့် ကုန်သွယ်ရေး ၀န်ကြီးဌာနကနေ မွေး/ရေ၀န်ကြီးအဖြစ် ဆက်လက် ရာထူးတိုးခဲ့ပါတယ်။

သူ့ရဲ့အမျိုး စစ်ဆေးရုံ (၂) မှာ ဆေးကုသမှုခံယူခဲ့စဉ်က မွေးမြူရေးဝန်ကြီး ဦးအောင်သောင်းဟာ လက်ဆောင်ပဏာများစွာနဲ့ ကုသမှု ပါရဂူဆရာဝန်များအား ပေးကမ်းခဲ့လို့ ခွဲစိတ်ခန်းအထိ ၀င်ကြည့် ခွင့်ရခဲ့ပါတယ်။ န၀တခေတ် စက်မှု (၁) ၀န်ကြီး ဦးစိန်အောင် ကွယ်လွန်သွားချိန်မှာ မွေး/ရေ၀န်ကြီးမှ စက်မှု (၁) ၀န်ကြီးအဖြစ် ပြောင်းရွှေ့ခဲ့ပါတယ်။ စက်မှု (၁) ၀န်ကြီးဌာနမှာ သာပေါင်း စက္ကူစက်ရုံ စီမံကိန်းနှင့် စပ်လျဉ်းပြီး တရုတ်ကုမ္ပဏီနဲ့ အဂတိလိုက်စားမှု လုပ်နေတာကို ထောက်လှမ်းရေးက ခြေရာခံလိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီအချိန်ကတည်းက သူ့ကို ထောက်လှမ်းရေးတွေက ဖြုတ်ဖို့ ကြံစည်နေတာမို့ ဦးသန်းရွှေကို ပြေးကပ်သလို ဦးမောင်အေးကိုလည်း သူ့သား ဗိုလ်ပြည်အောင်နဲ့ ဦးမောင်အေး သမီး နန္ဒာအေးကို ရအောင် ယူခိုင်းပြီး အကာအကွယ်ယူလိုက်တယ်လို့ သိရပါတယ်။

စက်မှု (၁) ၀န်ကြီးအဖြစ် လုပ်ခဲ့ချိန် ၂၀၀၄ နောက်ပိုင်းမှာ စက်မှု (၁) စက်ရုံတွေက လိမ်ထားတာ တော်တော်များများကို ဆိုးခဲ့ပြီး မလည်မပတ်နိုင်အောင်ဘဲ ဖြစ်နေပါတယ်။ အစိုးရသစ် တက်လာတော့ စက်မှု (၁) ကို ဖြုတ်လိုက်တာမို့ ၀န်ကြီးဦးအောင်သောင်းဟာ စားလို့ဝါးလို့ရတဲ့ ပိုက်ဆံတွေကို UOB, OCBC ဘဏ်တွေမှာ အပ်ထားတာဖြစ်ကြောင်း သိရှိရပါတယ်။

သူ့သား ဦးနေအောင်ကတော့ အောင်ရီဖြိုးကုမ္ပဏီ စတင်တည်ထောင်ပြီး နောက်ပိုင်းမှာ တစတစ ချမ်းသာလာကာ IGE ကုမ္ပဏီအကောင့်တွေနဲ့ ဒေါ်လာဘီလျံပေါင်းများစွာ အပ်နှံထားတယ်လို့ သိရှိရပါတယ်။

လက်ရှိကြံ့ခိုင်ရေးနဲ့ အစိုးရအဖွဲ့ထဲမှာ သူအရင်တုန်းက လာဘ်စားခဲ့တာ အရေးယူခံရမှာစိုးလို့ နေရာတခုရအောင်ယူပြီး ကုပ်ကပ်နေတယ်လို့ သိရှိရပါတယ်။ ယခင် တနသာင်္ရီတိုင်း ၀န်ကြီးချုပ် ဦးခင်ဇော် ပြုတ်တဲ့ကိစ္စမှာလည်း သူ့လက်ချက်မကင်းကြောင်း ဆိုပါတယ်။ ဦးအောင်သောင်းဟာ ဘယ်လောက်အထိ လိမ်ညာလာဘ်စားသလဲဆိုရင် ကျောက်ဆည်မှာ စွပ်ကျယ်စက်ရုံဖွင့်ပွဲလုပ်ရာမှာ စက်ရုံက ကောင်းစွာ မလည်နိုင်သေးတာမို့ တရုတ်နယ်စပ်ကနေ စွပ်ကျယ်တွေ ၀ယ်၊ ပြီးရင် စက်မှု (၁) တံဆိပ်တပ်ကာ သူ့စက်ရုံကနေ ထုတ်တဲ့ပုံစံမျိုးလုပ်ပြီး လိမ်ညာခဲ့ပါတယ်။

ဒီလိုလိမ်ခဲ့တာကို ဦးသန်းရွှေ သိရှိခဲ့ဟန်မတူကြောင်း အစိုးရအဖွဲ့ရုံးနဲ့ နီးစပ်သူများက ပြောဆို ခဲ့ပါတယ်။ ဒါ့အပြင် ၀န်ကြီးဟောင်း ဦးအောင်သောင်းဟာ နေရာရချင်တာမို့ ကြံ့ခိုင်ရေးကို ဂိုဏ်းတွေ ကွဲအောင် လုပ်ဖို့အထိ သူ့မှာ အကြံအစည်ရှိနေတယ်လို့ ကြားသိရပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာလည်း အဆင်မပြေတာကြောင့် သမ္မတကတော့ သူ့ကို မကြိုက်ဟန်တူကြောင်း စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုက်မှာ တဆင့် တင်ပြထားပါတယ်။

အဂတိလိုက်စားမှု ၀န်ခံပြီ

မြန်မာစစ်ခေါင်းဆောင်တွေ အဂတိလိုက်စားမှုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ပါဝင်ပတ်သက်ကြောင်း ဝန်ခံတဲ့ စစ်ခေါင်းဆောင်ဆိုတာ မရှိခဲ့ပါဘူး။ ဒါပေမယ့် အဂတိလိုက်စားမှုမှာ စက်မှု (၁) ဝန်ကြီးကတော်နဲ့ သားသမီးတွေ ပါဝင်ပတ်သက်နေတယ်ဆိုတာ စက်မှု (၁) ဝန်ကြီးဦးအောင်သောင်းကိုယ်တိုင် ပထမဆုံးအကြိမ် ဝန်ခံခဲ့တယ်။

ဝန်ကြီးဦးအောင်သောင်းရဲ့ ဇနီးနဲ့သားသမီးတွေကို စက်မှု (၁) ဝန်ကြီးဌာန လက်အောက်ခံ စက်ရုံ တွေမှာ အလာမခံဖို့နဲ့ လာရင်လည်း လက်မခံပါနဲ့ဆိုတဲ့ ညွှန်ကြားချက်ကို ဝန်ကြီး ဦးအောင်သောင်း ကိုယ်တိုင် လက်မှတ်ထိုးပြီး စက်မှု (၁) ဝန်ကြီးဌာနတွင်း မကြာခင်က ဖြန့်ဝေခဲ့တယ်။

ဝန်ကြီးဦးအောင်သောင်းရဲ့ ဇနီးနဲ့သားသမီးတွေ စက်မှု (၁) လက်အောက်ခံ စက်ရုံတချို့ရဲ့ အဂတိ လိုက်စားမှုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတာ စသုံးလုံးက စစ်ဆေးအပြီးမှာ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ဝန်ကြီးဦးအောင်သောင်းကို သတိပေးခဲ့တာပါ။ မကြာခင် ဝန်ကြီးဦးအောင်သောင်းက ခုလို ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

မြန်မာစစ်အစိုးရအဆက်ဆက် ၄၇ နှစ် သက်တမ်းတလျှောက် ဝန်ကြီးကတော်နဲ့ မိသားစု အဂတိ လိုက်စားမှုကြောင့် ဝန်ကြီးကိုယ်တိုင် တရားဝင် တားမြစ်မိန့်ထုတ်ပြန်ခဲ့တာ ဒါ ပထမဆုံးအကြိမ်ဖြစ်လို့ ကျန်တဲ့ နေပြည်တော် ဝန်ကြီးဌာနတွေပါ အံ့အားတသင့် ဖြစ်ကုန်ပါတယ်။

မိသားစုလိုက် ခိုးကြပြီ

မကြာခင်လပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ စက်မှု (၁) လက်အောက်ခံ ဇေယျဝတီသကြားစက် ကြံခင်း ပိုင်ဆိုင်မှုကိစ္စအမှုမှာ ဝန်ကြီးဦးအောင်သောင်းရဲ့ ဇနီးလွှတ်ထားသူနဲ့ ဝန်ကြီးဦးအောင်သောင်းရဲ့ အတွင်းလူနှစ်ဦး ပြဿနာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်ပိုင် မြန်မာ့ဦးပိုင်လီမိတက်ကိုလွှဲမယ့် ဇေယျဝတီသကြားစက်က စက်အရန်ပစ္စည်းတွေ ပျောက်ဆုံးနေလို့ မြန်မာ့ဦးပိုင်လီမိတက်က သကြားစက်ကို လက်မခံလို့ စသုံးလုံးက ဝင်စစ်ရတဲ့အဖြစ် ရောက်ခဲ့တယ်လို့ စက်ရုံအရာရှိတဦးက ပြောပါတယ်။

ဝန်ကြီးဦးအောင်သောင်းရဲ့ သားပိုင်တဲ့ IGE ကုမ္ပဏီမှာ သားဖြစ်သူ ကိုနေအောင်က မန်နေဂျင်းဒါရိုက်တာ ဖြစ်ပြီး ဦးအောင်သောင်းရဲ့ သားလည်းဖြစ် ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ သမက်လည်းဖြစ်တဲ့ ဗိုလ်မှူးပြည့်အောင်က ဒါရိုက်တာဖြစ်တယ်လို့ အီးယူက ထုတ်ပြန်ထားတဲ့ မြန်မာ စစ်ခေါင်းဆောင်မိသားစုများ နာမယ်ပျက်စာရင်းမှာ ပါရှိပါတယ်။

မြန်မာ့ရေနံနဲ့ သဘောဝဓာတ်ငွေ့လုပ်ငန်းအတွက် တင်ဒါအများစုကို ဦးအောင်သောင်းသားပိုင်တဲ့ အိုင်ဂျီအီးကုမ္ပဏီကိုသာ တဖက်သတ် အနိုင်ပေးခဲ့တာ များတယ်လို့ အမည်မဖော်လိုတဲ့ ရေနံအရာရှိ တဦးကလည်း ပြောပါတယ်။ တကယ်တော့ ဦးအောင်သောင်းသားပိုင်တဲ့ အိုင်ဂျီအီးကုမ္ပဏီက သွင်းတဲ့ စက်ပစ္စည်းတွေဟာ တရုတ်လုပ် ခပ်ညံ့ညံ့ပစ္စည်းတွေကို ဈေးကြီးကြီးနဲ့ တင်သွင်းခဲ့တာလို့ စုံစမ်း သိရပါတယ်။

အိုင်ဂျီအီးကုမ္ပဏီနဲ့ တရုတ်ကုမ္ပဏီ ပေါင်းပြီးသွင်းတဲ့ အရည်အသွေးမမီတဲ့ စက်ပစ္စည်းတွေကို ဘာကြောင့် မြန်မာ့ရေနံနဲ့သဘောဝဓာတ်ငွေ့လုပ်ငန်းက ဝယ်သုံးရသလဲလို့ တင်ဒါပြိုင်ဘက် ကုမ္ပဏီ တချို့က မေးခွန်းထုတ်ခဲ့ပါတယ်။

သာပေါင်းစက္ကူစက် တည်စကလည်း အဂတိလိုက်စားမှုတွေ ရှိနေကြောင်း စက်မှု (၁) ဒုတိယ ဝန်ကြီးဟောင်း ဗိုလ်ချုပ်ကျော်ဝင်းက သတင်းပို့လိုက်လို့ ဗိုလ်ချုပ်ခင်ညွှန့်က အသေးစိတ် စစ်ဆေး ခဲ့ပေမယ့် အရေးမယူနိုင်ခဲ့ဘူးလို့ ခေတ်ပြိုင်ဆောင်းပါးရှင် ဗိုလ်ထက်မင်းက ရေးခဲ့ပါတယ်။ ဒါပေမယ့် သာပေါင်းပျော့ဖတ်စက်ရုံကို တရုတ်ကုမ္ပဏီအကူအညီနဲ့ တည်ဆောက်ရာမှာ တရုတ်ကုမ္ပဏီက ဦးအောင်သောင်းကို ဒေါ်လာ ၁ သန်း ကော်မရှင်ပေးရတယ်လို့ရန်ကုန် အနောက်တိုင်း သံတမန်တချို့က သံသယရှိကြောင်း ပြောခဲ့ပါတယ်။

ပိုင်ဆိုင်မှုတွေ ဒေါ်လာသန်းထောင်ချီ

ကနေ့ဆိုရင် ဝန်ကြီးဦးအောင်သောင်းရဲ့ ပိုင်ဆိုင်မှုတွေဟာ ဒေါ်လာသန်းပေါင်းများစွာ ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံတလွှား သားသမီးနာမည်နဲ့ ထားတဲ့ စက်ရုံတွေ၊ ခြံမြေတွေ၊ အပမ်းဖြေ ဥယျာဉ်တွေ၊ ကိုယ်ပိုင်တိုက်တာတွေ အများအပြားဖြစ်ပါတယ်။

ဝန်ကြီးဦးအောင်သောင်းဟာ တချိန်က မကွေးတိုင်း ဗျူဟာမှူး ဗိုလ်မှူးကြီးအဆင့်ကနေ မကွေးတိုင်း ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥက္ကဌ၊ ဒီ့နောက် ကုန်သွယ်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ်နဲ့ မကြာခင် ဦးအောင်သောင်း ဒု-ဝန်ကြီး၊ ဝန်ကြီး အဆင့်ဆင့်ဖြစ်လာခဲ့တာပါ။ ဒါပေမယ့် ဦးအောင်သောင်းဟာ ညွန်ကြားရေးမှူးချုပ်ဘဝမှာကတည်းက လာဒ်စားမှုအရာမှာ ထင်ရှားခဲ့သူ ဖြစ်တယ်လို့ ရန်ကုန်မြို့က ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ထောက်ပြပါတယ်။

အဂတိလိုက်စားမှုမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ဝန်ကြီးဦးအောင်သောင်းရဲ့ ပိုင်ဆိုင်မှုတွေကို အိမ်ယာပိုင်ဆိုင်မှု၊ ခြံမြေပိုင်ဆိုင်မှု၊ စက်ရုံပိုင်ဆိုင်မှု ... စသဖြင့် ခွဲကြည့်မှ ပိုပြီး သရုပ်ပေါ်လွင်မှာ ဖြစ်ပါတယ်။

အိမ်ယာပိုင်ဆိုင်မှုအပိုင်းကို ကြည့်ရင် ရန်ကုန် သမိုင်းချည်စက်နားမှာ နန်းတော်လို ဆောက်ထားတဲ့ အိမ်ကြီးဟာ ဦင်္းအောင်သောင်း ပိုင်တဲ့အိမ် ဖြစ်ပါတယ်။ ဒီအိမ်ကြီးကို စက်မှု (၁) ဝန်ကြီးဌာနနဲ့ စီးပွား ဖက်စပ်လုပ်နေတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ အကူအညီနဲ့ ဆောက်လုပ်ခဲ့တာဖြစ်တယ်လို့ လုပ်ငန်းရှင် တဦးက ပြောပါတယ်။ အသေးစိတ်ကို ဒီမိုဝေယံဘလော့ဆိုက်က ခုလို ဖော်ပြ ထားပါတယ်။

လှိုင်ရတနာမွန်အိမ်ရာ

ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီးအတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံရန် ကြံစည်ခဲ့သူတွေထဲက အဓိက တရားခံဖြစ်တဲ့ စက်မှု (၁) ဝန်ကြီးအောင်သောင်းဟာ ပြည်သူ ဘဏ္ဍာငွေတွေနဲ့ မသထာရေစာ စားပြီး ဆောက်လုပ်နေထိုင်တဲ့ အိမ်ကတော့ နန်းတော်တမျှ ခမ်းနားပါတယ်။ အင်းစိန်လမ်းမပေါ်ကနေ ကြည့်လိုက်ရင် ဦးအောင်သောင်းရဲ့အိမ်ကို လှမ်းမြင် ရပါတယ်။

လှိုင်ရတနာမွန်အိမ်ရာရဲ့ ထိပ်ဆုံးထောင့်က ခြံပါ။ လှိုင်ရတနာမွန်အိမ်ရာ ဧရိယာရဲ့ တဝက်ကျော် လောက်ရဲ့ အကျယ်အဝန်းက ဦးအောင်သောင်းရဲ့ ခြံအကျယ်အဝန်းပါပဲ။ လမ်းရဲ့တဘက်ခြမ်း မှာတော့ ယခင် ဘိန်းဘုရင်ဟောင်း ခွန်ဆာရဲ့အိမ် ရှိပါတယ်။ ခြံအကျယ်အဝန်းကတော့ တော်တော်လေး ကျယ်ဝန်းပါတယ်။ အုတ်တံတိုင်းကတော့ လူနှစ်ရပ်စာရှိပြီး အုတ်တံတိုင်းမှာ ကပ်ထားတာကတော့ Granite ကြွေပြားတွေပါတဲ့၊ ဟိုတယ်ကြီးတွေမှာသာ အသုံးပြုနိုင်တဲ့၊ ကျောက်တောင်ကနေ အချပ်လိုက် ဖြိုချရယူရတဲ့ ဈေးကြီးတဲ့ ကျောက်ပြားတွေကို ခြံပတ်ပတ်လည်မှာ ကပ်ထားပါတယ်။ ခြံတံခါးကတော့ ဟိုက်ဒရောလစ်နဲ့ ဖွင့်ရပါတယ်။

ခြံထဲဝင်လိုက်ရင် ညာဘက်မှာ ကားဂိုဒေါင် ရှိပါတယ်။ ကားဂိုဒေါင်ရဲ့ အကျယ်အဝန်းဟာ မျက်နှာစာ ချည်းပဲ ပေ ၃၀ ရှိပါတယ်။ ကားတွေချည်းပဲ ၁၀ စီးကျော် ရှိပါတယ်။ ကားဂိုဒေါင်ရဲ့ ဘေးမှာတော့ ဦးအောင်သောင်း ပျင်းရင် ရိုက်ဖို့အတွက် ဂေါက်ကွင်းရှိပါတယ်။ ဂေါက်ကွင်းရဲ့ဘေးမှာတော့ ဦးအောင်သောင်းမိန်းမ ဒေါ်ခင်ရီရဲ့သစ်ခွခြံ ရှိပါတယ်။ ဒေါ်ခင်ရီ အလှစိုက်တဲ့ သစ်ခွခြံဟာ နိုင်ငံခြားသစ်ခွမျိုးတွေကို မှန်လုံခန်းနဲ့ လုပ်ထားပြီး အထဲမှာ အဲယားကွန်းတွေ အပြည့်တပ် ထားပါတယ်။ ဂေါက်ကွင်းရဲ့ဘေးမှာတော့ တင်းနစ်ကွင်း တကွင်း ထပ်လုပ်ထားပါတယ်။ ဒါကတော့ ဦးအောင်သောင်းရဲ့ အိမ်ဝင်ဝင်ချင်း ညာဘက်အခြမ်း မြင်ကွင်းပါ။

ခြံရဲ့ဘယ်ဘက်ခြမ်းမှာတော့ ဦးအောင်သောင်းရဲ့အိမ် ဆောက်ထားပါတယ်။ ဆင်ဝင်ပေါ်တီခုံမှာ တိုင်လုံးကြီး နှစ်တိုင် ဆောက်ထားပါတယ်။ တိုင်လုံးတွေရဲ့ ထုထည်တွေကတော့ လူနှစ်ဖက်စာရှိပြီး အောက်ခြေကနေ အိမ်ခေါင်မိုးထိ ရှိပါတယ်။ အမြင့်က ပေ ၂၀ ကျော်လောက် ရှိပါတယ်တဲ့။ ပြီးတော့ အိမ်ရှေ့မျက်နှာစာ ပေါ်တီခုံအောက်မှာ ဈေးကြီးတဲ့ ဂရန်းနိုက်ကျောက်ပြား အနက်နဲ့ အနီ အပြည့်ခင်းထားပါတယ်။ အိမ်ရှေ့တည့်တည့်မှာ စိန်ပန်းပင် သုံးပင် ရှိပါတယ်။

အိမ်ရှေ့ခြံထောင့်မှာ အလှလုပ်ထားတဲ့ ရေတံခွန်နဲ့ ရေကန်လေးရှိပြီး အဲ့ဒီရေကန်ထဲမှာ ဗျိုင်းရုပ်လေး တွေ ရှိပါတယ်။ အဲ့ဒီရေကန်ဘေးမှာတော့ အပန်းဖြေထိုင်လို့ရတဲ့ တရုတ်ဘုံကျောင်းတွေက ထိုင်ခုံပုံစံ တိုင်လေးလုံးနဲ့ အမိုးပါတဲ့ အပန်းဖြေစရာ နေရာလေး လုပ်ထားပါတယ်။ အိမ်ရှေ့ဆင်ဝင်ကြီးရဲ့ ခေါင်းရင်းဘက်မှာ ရေကူးကန်တခု ရှိပါတယ်။

ဦးအောင်သောင်းဟာ ပါဏာတိပါတာကံကို ကျူးလွန်ဖို့ ဝန်မလေးသလို အသူရာ အရက်ကိုလည်း အရမ်းကြိုက်ပါတယ်။ ဦးအောင်သောင်းရဲ့ ခမည်းခမက်ကတော့ ဒုတိယဗိုလ်ချုပ်ကြီး မောင်အေး ဖြစ်ပြီး ဦးအောင်သောင်းရဲ့ သားသုံးယောက်ထဲက တယောက်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး မောင်အေးရဲ့ သမီး နန္ဒာအေးနဲ့ လက်ထပ်ထိမ်းမြားပေးထားပါတယ်။

ဦးအောင်သောင်းရဲ့သားတွေထဲက တယောက်က မသထာရေစာရတဲ့ ငွေတွေနဲ့ ဘောလုံးပွဲကို အကြီးအကျယ် လောင်းလေ့ရှိပါတယ်။ ဦးအောင်သောင်းဟာ အရက်သောက်ပြီးရင် သူ့ရဲ့ရေကူး ကန်မှာ ရေကူးလေ့ရှိပါတယ်။ ဦးအောင်သောင်းဟာ နေပြည်တော်က ဝန်ကြီးတွေနေတဲ့ နေရာမှာ အနေများပြီး ဒီအိမ်ကိုတော့ တခါတလေမှ ပြန်လာပါတယ်။

သူ ဒီအိမ်ခြံထဲမှာ နေတာကို လူမသိစေချင်သလို အိမ်အဝင်အထွက်ကိုလည်း အထူးအလေးထား ပါတယ်။ ဒီအိမ်ဟာလည်း ဦးအောင်သောင်း အငြိမ်းစားယူရင် နေဖို့ ဆောက်တာပါ။ (ရန်ကုန်မှာ ရှိတဲ့ စီးပွားရေးသမားတွေကလည်း ဦးအောင်သောင်းကို တောင်းလွန်းအားကြီးလို့ ကွယ်ရာမှာ ဦးအောင်တောင်းလို့ ခေါ်ကြပါတယ်တဲ့။ မေးလ်နဲ့ လုပ်ငန်းရှင်တယောက်က ပို့လာလို့ ဖြည့်စွက် လိုက်ပါတယ်။)

ဦးအောင်သောင်းရဲ့အိမ်ကို ဝင်သွားတဲ့အခါမှာတော့ မျက်နှာကျက်မှာ Plaster Board အဖြူရောင် ကော်နစ် တွေနဲ့ အလှဆင်ထားပါတယ်။ အိမ်ထဲဝင်သွားတာနဲ့ ဧည့်ခန်းကျယ်ကြီးကို စတွေ့ရပါတယ်။ တော်တော့်ကို ကျယ်တဲ့ ဧည့်ခန်းကျယ်ကြီးပါပဲ။ ဧည့်ခန်းကျယ်ကြီးရဲ့ဘယ်ဘက်မှာ သူ့သမီး တီးဖို့ စန္ဒရားအကြီးကြီးတလုံး ရှိပါတယ်။ အဲ့ဒီနားမှာ အပေါ်ထပ်ကို တက်တဲ့ လှေကားကျယ်ကြီးတခုရှိပြီး အဲ့ဒီလှေကားရဲ့ အကျယ်အဝန်းက ၇ ပေလောက် ကျယ်ပါတယ်။ လှေကားကိုတော့ ကျွန်းတွေနဲ့ ပြုလုပ်ထားပြီး လှေကားအထစ်ပေါင်း ၂၂ ထစ်ရှိပါတယ်။ ကျွန်းတွေအပြည့်နဲ့ လုပ်ထားတဲ့ လှေကားအထစ်တခုရဲ့ အမြင့်က လက်တထွာလောက် ရှိပါတယ်။ အဲ့ဒီက တက်သွားပြီးရင် အလယ်နားလောက်မှာ ကျွန်းနဲ့ ကျည်းဘောင်ခွေထားတဲ့၊ အပြင်က အလင်းရောင်ဝင်နိုင်တဲ့ မှန်ပြတင်းပေါက် အကြီးကြီးတခုရှိပြီး အဲ့ဒီကနေ လှမ်းကြည့်လိုက်ရင် တင်းနစ်ကွင်း၊ သစ်ခွခြံ၊ ဂေါက်ကွင်းတွေကို လှမ်းမြင်နေရပါတယ်။

လှေကားတက်သွားပြီးရင် လှေကားရဲ့အဆုံးမှာတော့ အခန်းကျယ်ကြီးတခုရှိပြီး ဦးအောင်သောင်းသမီး နေတဲ့ အခန်းဖြစ်ပါတယ်။ သားတွေက အိမ်ထောင်ကျသွားလို့ အိမ်ခွဲနေနေကြပြီး လက်ရှိ သမီးဖြစ်သူသာ ကျန်ပါတော့တယ်။ အဲ့ဒီ သူ့သမီးဖြစ်သူဟာ အပေါ်ထပ်မှာနေပြီး သူ့အတွက် အိပ်ခန်း၊ ရေချိုးခန်းနဲ့ အလှပြင်ခန်းတွေကို တခန်းချင်းစီ သပ်သပ်လုပ်ပေးထားပါတယ်။ ဘုရားခန်းက တခုရှိပြီး အခန်းရဲ့ တဝက်ကျော်ကျော်လောက်ကို ဘုရားခန်း ပြုလုပ်ထားပါတယ်။ အဲ့ဒီဘုရားခန်းကို ဝင်သွားလိုက်တဲ့အခါ ရုပ်ရှင်ပိတ်ကားတခုစာလောက်ရှိတဲ့ ပန်းချီကားကြီးတခုရှိပါတယ်။

ပုဂံရှေးဟောင်းဘုရား၊ စေတီပုထိုးတွေရဲ့ ဆေးရေးပန်းချီးကားဖြစ်ပြီး ဆလိုက်မီးတွေနဲ့ ထိုးထားတဲ့ အတွက် အင်မတန် အသက်ဝင်လှုပ်ရှားနေပါတယ်။ တန်ဘိုးအင်မတန်ကြီးမယ့် ပန်းချီကားကြီးပါ။

ပြီးတော့ အောက်ထပ်ကို ပြန်ဆင်းလာရင် ဧည့်ခန်းရဲ့နောက်မှာ လူနှစ်ရပ် ကျော်ကျော်လောက်ရှိတဲ့ ကျောက်စိမ်းနဲ့ လုပ်ထားတဲ့ နံရံတခုရှိပြီး အဲ့ဒီနံရံကို ကျောက်စိမ်းတွေနဲ့ချည်းပဲ အလှဆင်ထားပါတယ်။ အဲ့ဒီကျောက်စိမ်းတွေနဲ့ စီထားတဲ့ နံရံရဲ့အောက်မှာ ဦးအောင်သောင်း အပန်းဖြေဖို့အတွက်ကို Home Theatre တွေ Projector အိမ်တွင်းရုပ်ရှင်ပြတဲ့အခန်းပေါ့။ အထဲမှာ ရုပ်ရှင်နဲ့ ဆိုင်တာတွေ အကုန်ဆင်ထားပါတယ်။ အဲ့ဒီအခန်းဘေးမှာတော့ ဦးအောင်သောင်းနဲ့ ဒေါ်ခင်ရီတို့ အခန်းပါပဲ။

သူတို့အခန်းရဲ့ နံရံပတ်ချာလည်မှာ အင်မတန် တန်ဘိုးရှိတဲ့ ကျွန်းဘီရိုတွေချည်းပဲ ထားထားပါတယ်။ အခန်းရဲ့အကျယ်အဝန်းက ရှေ့နောက် ပေ ၄၀၊ အကျယ် ပေ ၂၀ လောက် ရှိပါတယ်။ အခန်းရဲ့ အလယ်ကောင်မှာ နှစ်ယောက်အိပ်ကုတင်ရှိပြီး ကုတင်ရဲ့ခြေရင်းမှာ ကျွန်းဘီရိုတလုံး ရှိပါတယ်။ ကြည့်လိုက်ရင် ရိုးရိုးဘီရိုပေါ့။ တကယ်တော့ ကျွန်းဘီရိုကို ဖွင့်ပြီး ဝင်သွားခဲ့ရင် မြေအောက်ခန်းကို ဆင်းတဲ့ တံခါးပေါက် ရှိပါတယ်။ အဲ့ဒီမြေအောက်ခန်းကို သွားချင်ရင် အဲ့ဒီကျွန်းဘီရို တံခါးပေါက်ကို ဖွင့်ပြီး ဝင်သွားလို့ ရပါတယ်။

နောက် ကုတင်ရဲ့ ညာဘက်ခြမ်းမှာ ရေချိုးခန်း ရှိပါတယ်။ ရေချိုးခန်းက ရေပူရေအေးစနစ်ဖြစ်ပြီး တခန်းလုံးကို ကြွေပြားအဖြူတွေ ခင်းထားပါတယ်။ ရေချိုးခန်းထဲမှာ ရေနွေးချိုးခန်း Sauna ပါရှိပါတယ်။ ရေးချိုးခန်းထဲမှာ ရေနွေးစိမ်ချိုးတဲ့ လေးထောင့်စပ်စပ် အဖြူရောင် ရေစိမ်ကန် Bath cap ရှိပြီး သာမာန် ငွေကြေးချမ်းသာတဲ့၊ ရှိတဲ့သူတွေ သုံးတာထက် ထူးထူးခြားခြား ပိုကြီးနေပါတယ်။ အိမ်ထဲမှာ ဆင်တဲ့ အပြင်အဆင်တွေအားလုံး ဦးအောင်သောင်းအမိန့်နဲ့ နိုင်ငံခြားကနေ တိုက်ရိုက်သွင်းလာတာလေ။

ဘယ်ကုမ္ပဏီဆီကမှ ပြန်ပြီး Sponsor လုပ်ပြီး ဝယ်တာမဟုတ်ပါဘူး။ သူတို့ကိုယ်တိုင် မှာတာပါ။ အဲ့ဒီ ရေနွေးငွေ့ကန် Sauna တွေပေါ့။ အစေခံတန်းလျားကတော့ သူ့သမီး တီးတဲ့ စန္ဒရားရဲ့ အနောက်ဘက်က ဝင်သွားရင် မီးဖိုချောင်ရှိတယ်။ အဲ့ဒီ မီးဖိုချောင်ထဲမှာ Micro Wave Oven၊ ကြီးမားတဲ့ နောက်ဆုံးပေါ် ရေခဲသေတ္တာ အကုန်ရှိပြီး အဲ့ဒီမီးဖိုချောင် အပေါ်ထပ်မှာတော့ အစေခံတန်းလျား ရှိပါတယ်။ တအိမ်လုံးကို တန်ဖိုးကြီးတဲ့ Neon ပန်းဆိုင်းတွေ၊ Crystal Light တွေ အကုန်ဆင်ထားပါတယ်။ အင်းစိန်လမ်းမကြီးက လှမ်းကြည့်လိုက်ရင် လူနှစ်ရပ်စာ မြင့်တဲ့ ခြံစည်းရိုးနဲ့ အိမ်က သူ့အိမ်ပါပဲ။ လှိုင်ရတနာမွန်အိမ်ရာထိပ်က ခြံပေါ့။

ဦးအောင်သောင်းကတော် ဒေါ်ခင်ရီ လည်ပင်းမှာ ဆွဲထားတဲ့ ရွှေဆွဲကြိုးက အတော်ကြီးပြီး လော့ကတ်နေရာမှာတော့ အင်မတန်ကြီးမားတဲ့ ပုလဲလုံးကြီးတလုံးကို ချိတ်ဆွဲထားပါတယ်။

ပြည်ပရေဒီယိုမှ ကောက်နှုတ်ချက်များ

နေပြည်တော် ဥတ္တရသီရိရပ်ကွက်မှာ မကြာခင်က အိမ်တက်မင်္ဂလာလုပ်ခဲ့တဲ့ ဧရာမ အိမ်ကြီး ဟာလည်း ဦးအောင်သောင်းရဲ့ ကိုယ်ပိုင်အိမ် ဖြစ်ပါတယ်။ မေမြို့ ကန်တော်ကြီး ဥယျာဉ်နားက ဝန်ကြီးရပ်ကွက်မှာ အိမ်ကြီးတလုံး ဦးအောင်သောင်း ပိုင်ထားပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အိမ်နဲ့ ကပ်ရက်ရှိတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ပုပ္ပားတောင်ကလပ် International ဟော်တယ် အောက်ချိုင့်ထဲမှာလည်း ဝန်ကြီးဦးအောင်သောင်း အနားယူဖို့အတွက် အိမ်တလုံး ဆောက်ထားပါတယ်။ ကားဂိုဒေါင်တွေ၊ ဒရိုင်ဘာ နားနေခန်းတွေပါ အစုံဆောက်ထားတာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ခြံမြေပိုင်ဆိုင်မှုအပိုင်းနဲ့ကြည့်ရင် ရန်ကုန် ပုလဲမြို့သစ် ရွှေနံ့သာ၊ ငွေနံ့သာရပ်ကွက်မှာ ဝန်ကြီး တွေအတွက် အိမ်ရာမြေကွက်တွေ ပေးထားပါတယ်။ တဦးကို ပေ ၂၅ဝ ပတ်လည်ရှိတဲ့ ၁.၆ ဧကရှိတဲ့ မြေကွက်တွေ ပေးထားတာပါ။ ထုံးစံအတိုင်းပါပဲ၊ ဝန်ကြီးဦးအောင်သောင်းရဲ့ ခြံက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ခြံနဲ့ ကပ်ရက်ဖြစ်တယ်လို့ မျက်မြင်သက်သေတဦးက ပြောပါတယ်။

ဝန်ကြီး ဦးအောင်သောင်း ပိုင်တဲ့ ဒီခြံထဲမှာ ဆေးသစ်ခွပင်တွေ စိုက်ထားတယ်လို့ သိရပါတယ်။ ဒီဆေးသစ်ခွ အရိုးတံကိုင်းကို အခြောက်လုပ်ပြီး နိုင်ငံခြားပို့ရင် တတန်ကို ဒေါ်လာ လေးထောင် ကျော်ထိ ဈေးရတယ်လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။ ဆေးသစ်ခွစိုက်ရင် သစ်တောအခွန်လည်း လွတ်တာမို့ ဆေးသစ်ခွတွေကို ဦးစားပေးပြီး ဦးအောင်သောင်း စိုက်ထားသလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

စက်ရုံပိုင်ဆိုင်မှုအပိုင်းကိုကြည့်ရင် မှော်ဘီမြို့ စိန်ရတနာသစ်ကုမ္ပဏီဘေးမှာရှိတဲ့ Star Flower တစ်ရှူးစက်ရုံဟာ ဝန်ကြီးဦးအောင်သောင်းရဲ့ မိသားစုပိုင် စက်ရုံဖြစ်ပါတယ်။ သာပေါင်း ပျော့ဖတ် စက်ရုံ တည်ဆောက်ခွင့်ရတဲ့ တရုတ်ကုမ္ပဏီကနေ ဝန်ကြီးဦးအောင်သောင်းကို လက်ဆောင်ပေးခဲ့တဲ့ စက်ပစ္စည်းတွေနဲ့ ဆောက်ထားတာဖြစ်တယ်။

အလားတူ စက်ရုံတခုကို ဝန်ကြီးဦးအောင်သောင်းရဲ့ မိသားစုနာမည်နဲ့ စစ်တောင်းစက်ရုံနားမှာ ရှိပါတယ်။ ဒီစက်ရုံကို စက်မှု (၁) ဝန်ထမ်းတွေက ဆောက်ပေးခဲ့ရတာ ဖြစ်ပါတယ်။ တရုတ်က ပေးတဲ့ စက်နဲ့ပဲ ရန်ကုန်မှာလည်း အလားတူ တစ်ရှူးစက်ရုံတရုံ ပိုင်တယ်လို့ သိရပါတယ်။ ဒီစက်ရုံကိုလည်း ပြင်ထိန်းခေါ်တဲ့ စက်မှု (၁) အဖွဲ့က ဆောက်ပေးခဲ့ရတာပါ။ စစ်တောင်းမှာ ဗလာစာအုပ် စက်ရုံတခုကိုလည်း ဦးအောင်သောင်း ပိုင်တယ်လို့ လက်ထောက်အရာရှိတွေက ပြောပါတယ်။ ပုလဲမြို့မှာလည်း သစ်ခွဥပေါင်းတဲ့ စက်ရုံတခုကို ဝန်ကြီးဦးအောင်သောင်း ပိုင်ပါတယ်။

ဝန်ကြီးဦးအောင်သောင်းဟာ ပန်းတောင်းမှာလည်း ဧကတရာခန့်ရှိတဲ့ ဇီးတော်သီးခြံကို ပိုင်သလို ပလိပ်မှာလည်း စိန်တလုံးသရက်ခြံ ပိုင်ပါတယ်။ လှည်းကူး ရဲမွန်တပ်မြို့အနီးမှာ ဝန်ကြီး ဦးအောင်သောင်း စိတ်အပန်းဖြေဖို့၊ ကျေးငှက်တွေ အစာကျွေးဖို့ ဆိုပြီး ဧကပေါင်းများစွာရှိတဲ့ ကိုယ်ပိုင် အပန်းဖြေ ဥယျာဉ်ကြီးတခု ပိုင်ပါသေးတယ်။ ဒီခြံတွေ အများစုကို ဝန်ကြီးဦးအောင်သောင်း လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိကြီးတွေ စက်ရုံမှူးတွေက ဦးအောင်သောင်းကို လာဘ်ထိုးခဲ့တာ များတယ်လို့ စက်မှု (၁) ဝန်ကြီးဌာနမှာ လူသိများပါတယ်။

ခေတ်ပြိုင်ဂျာနယ် ဆောင်းပါးရှင် စစ်အရာရှိဟောင်း ဗိုလ်ထက်မင်းရဲ့ ရေးသားချက်အရဆိုရင် ဝန်ကြီး ဦးအောင်သောင်းဟာ သာပေါင်း ပျော့ဖတ်စက်ရုံတည်တဲ့အချိန်မှာ တရုတ်ကုမ္ပဏီထံက လာဘ်လာဘ အများဆုံး တောင်းခဲ့တာဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေအတွက် ရဟတ်ယာဉ်တစင်း၊ ဝန်ကြီး ဥင်္ီးအောင်သောင်းအတွက် ရဟတ်ယာဉ်တစင်းပါ တောင်းခဲ့တယ်လို့ ဗိုလ်ထက်မင်းက ဖော်ထုတ် ခဲ့ပါတယ်။

ဖော်ပြခဲ့တဲ့ ဝန်ကြီးဦးအောင်သောင်းနဲ့မိသားစုရဲ့ ပိုင်ဆိုင်မှုတန်ဘိုးတွေကို ခြုံကြည့်မယ်ဆိုရင် စစ်အစိုးရ ပေးထားတဲ့ ဝန်ကြီးလစာငွေနဲ့ မကာမိအောင် အဆမတန် များပြားနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ မသိရသေးတဲ့ ပိုင်ဆိုင်မှုတွေလည်း အများအပြား ရှိနိုင်ပါတယ်။ အနောက်နိုင်ငံက နိုင်ငံခြားသားတချို့က ဆိုရင် ဝန်ကြီးဦးအောင်သောင်းရဲ့ ပိုင်ဆိုင်မှုဟာ စစ်အစိုးရနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင် ဦးတေဇရဲ့ ပိုင်ဆိုင်မှုထက်တောင် များနိုင်တယ်လို့ သုံးသပ်လာတာ ရှိပါတယ်။

အဂတိလိုက်စားမှုမျိုးစုံနဲ့ ချမ်းသာကြွယ်ဝလာတဲ့ ဝန်ကြီးဦးအောင်သောင်းဟာ အန်အယ်လ်ဒီကို လူထုဆန့်ကျင်ပွဲလုပ်အောင် စတင်ဖန်တီးသူလည်း ဖြစ်ပါတယ်။ တချိန်က ပုဂံလူထု ချီတက်ပွဲကြီးတွေ လုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုရှုတ်ချပွဲပုံစံ ဖန်တီးဖို့ မန္တလေး နန်းတွင်းရတနာပုံ ဧည့်ဆောင်ကနေ ကြိုးကိုင်ခဲ့တာလည်း ဦးအောင်သောင်းပဲဖြစ်ပါတယ်။

ဝန်ကြီးဦးအောင်သောင်းနဲ့မိသားစုရဲ့ ပိုင်ဆိုင်မှုတန်ဘိုးတွေကို ခြုံကြည့်မယ်ဆိုရင် စစ်အစိုးရ ပေးထားတဲ့ ဝန်ကြီးလစာငွေနဲ့ မကာမိအောင် အဆမတန် များပြားနေတာ တွေ့ရမှာဖြစ်ပါတယ်။ မသိရ သေးတဲ့ ပိုင်ဆိုင်မှုတွေလည်း အများအပြား ရှိနိုင်ပါတယ်။ အနောက်နိုင်ငံက နိုင်ငံခြားသားတချို့က ဆိုရင် ဝန်ကြီးဦးအောင်သောင်းရဲ့ ပိုင်ဆိုင်မှုဟာ စစ်အစိုးရနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင် ဦးတေဇရဲ့ ပိုင်ဆိုင်မှုထက်တောင် များနိုင်တယ်လို့ သုံးသပ်လာတာ ရှိပါတယ်။

အဂတိလိုက်စားမှုမျိုးစုံနဲ့ ချမ်းသာကြွယ်ဝလာတဲ့ ဝန်ကြီးဦးအောင်သောင်းဟာ အန်အယ်လ်ဒီကို လူထုဆန့်ကျင်ပွဲလုပ်အောင် စတင်ဖန်တီးသူလည်း ဖြစ်ပါတယ်။ တချိန်က ပုဂံလူထု ချီတက်ပွဲကြီးတွေ လုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုရှုတ်ချပွဲပုံစံ ဖန်တီးဖို့ မန္တလေး နန်းတွင်းရတနာပုံ ဧည့်ဆောင်ကနေ ကြိုးကိုင်ခဲ့တာလည်း ဦးအောင်သောင်းပဲဖြစ်ပါတယ်။

၂ဝဝ၇ သံဃာ့အရေအခင်းမှာ သံဃာတွေကို ရိုက်နှက်သတ်ဖြတ်ဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အကြံပေးခဲ့သူဟာလည်း ဝန်ကြီးဦးအောင်သောင်းပဲ ဖြစ်တယ်လို့ စစ်တပ်ထိပ်ပိုင်းအရာရှိတချို့က ပြောဆိုပါတယ်။

ရွေးကောက်ပွဲလွန် အောင်သောင်း

ကျင်းပဆဲ ပြည်ထောင်စုလွှတ်တော်ကနေ ၀န်ကြီးအမည်စာရင်း ၃၀ ကို ကြေညာလိုက်ပေမယ့် မူလ စစ်အစိုးရ၀န်ကြီးအဖွဲ့ထဲက ၀န်ကြီးဟောင်း ၁၃ ဦး ပြန်ပါမလာတာ တွေ့ရပါတယ်။ စာရင်းချုပ်တဲ့အခါ ၀န်ကြီးလစာနဲ့ မကာမိအောင် စစ်အစိုးရလက်ထက် ၀န်ကြီးဟောင်းတချို့ ချမ်းသာသူတွေ ချမ်းသာ သွားပေမယ့် ၀န်ကြီးဌာနတချို့လည်း အရှုံးများစွာနဲ့ ကျန်ခဲ့ပါတယ်။

ဝန်ကြီးသစ်အဖွဲ့မှာ ပြန်ပါမလာတဲ့ ၀န်ကြီးဟောင်း ၁၃ ဦးထဲမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်၊ ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်း၊ ပြည်ထဲရေးဝန်ကြီး ဦးမောင်ဦး၊ လယ်/ဆည်ဝန်ကြီး ဦးဌေးဦး၊ ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်၊ မွေးမျြရေးနဲ့ ရေလုပ်ငန်းဝန်ကြီး ဦးမောင်မောင်သိမ်း၊ သတ္တုတွင်းဝန်ကြီး ဦးအုန်းမြင့်၊ သစ်တောဝန်ကြီး ဦးသိန်းအောင်၊ အမျိုးသားစီမံကိန်းဝန်ကြီး ဦးစိုးသာ၊ စွမ်းအင်ဝန်ကြီး ဦးလွန်းသီနဲ့ သိပ္ပံနည်းပညာ ၀န်ကြီး ဦးသောင်းနဲ့ စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းတို့ ဖြစ်ပါတယ်။

ဝန်ကြီးသစ်တွေ တိုင်းပြည်စီးပွားရေးကို ဘယ်လိုစီမံခန့်ခွဲမလဲ မသိရသေးပေမယ့် စစ်အစိုးရ ၀န်ကြီးဟောင်းတွေထဲမှာ စစ်အစိုးရလက်ထက်တလျှောက်လုံး သက်ဆိုင်ရာဝန်ကြီးဌာနက ခွက်ခွက် လန် အရှုံးပေါ်နေပေမယ့် ဒီဝန်ကြီးဌာနကိုင်ခဲ့တဲ့ ၀န်ကြီးတချို့ကတော့ ရတဲ့ ၀န်ကြီးလစာနဲ့ မမျှအောင် ချမ်းသာခဲ့ပါတယ်။ ပိုပြီး ထူးခြားတာက ဒီလိုနည်းနဲ့ မတရားချမ်းသာလာတဲ့ ၀န်ကြီး မျိုးတွေကို ဘယ်အဖွဲ့အစည်းကမှ စစ်ဆေးခွင့်မရှိဘဲ အေးအေးဆေးဆေး အနားယူခွင့်ပေးတဲ့ အချက် ဖြစ်ပါတယ်။

ဒီလို ၀န်ကြီးအမျိုးအစားတွေထဲမှာ စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းလည်း ပါဝင်တာ တွေ့ရ ပါတယ်။

ဝန်ကြီးဦးအောင်သောင်း ကိုင်ခဲ့တဲ့ စက်မှု (၁) ၀န်ကြီးဌာနကို အရပ်သားအစိုးရသစ်ထံ မလွှဲပြောင်းခင် ရင်ဆိုင်နေရတဲ့ ပြဿနာက စက်မှု (၁) ၀န်ကြီးဌာနအောက် လုပ်ငန်းကြီး ၆ ခုမှာ အရှုံးပေါ် အလျော့ တွက်ပြနေတဲ့ တန်ဘိုးက ကျပ်ငွေ ၃ ဘီလီယံနီးပါးကနေ ဘီလီယံ ၄၀ ကျော်ထိ ရှိနေပါတယ်။

ဥပမာ - ဦးအောင်သောင်း လက်အောက်က ကြွေထည်မြေထည်လုပ်ငန်းဆိုရင် ကျပ်ငွေ ၂.၆ ဘီလီယံထိ အလျော့တွက်ပြနေသလို အထည်အလိပ်လုပ်ငန်းဆိုရင်လည်း ကျပ်ငွေ ဘီလီယံ ၄၀ ထိ အလျော့တွက် ပြနေတယ်လို့ စုံစမ်းသိရပါတယ်။

ဟုတ်ပါတယ်။ ၀င်းသူဇာဂိုဒေါင်တွေမှာလည်း ကုန်ချောလက်ကျန်တွေ ပျက်စီးကုန်တဲ့အတွက် ဆုံးရှုံးတဲ့ တန်ဘိုးက ဂိုဒေါင်တလုံးကို ကျပ်ငွေ သိန်း ၄၀၀ ထိ အလျော့တွက်ပြနေတာမို့ ဂိုဒေါင် ၃၀၀ နီးပါးအတွက် ကျပ်ငွေ ကုဋေ ၁,၂၀၀ ကျော် အလျော့တွက်ပြနေတယ်။

နေပြည်တော်ပိုင်ဆိုင်မှုတွေ

စက်မှု (၁) ၀န်ကြီးဌာနမှာ အလျော့တွက်တွေ ခုလို ဘီလီယံနဲ့ချီပြီး အရှုံးပြနေတာကို ၀န်ကြီး ဦးအောင်သောင်း တာဝန်ယူစရာမလိုဘဲ အလွယ်တကူ ကျောခိုင်းတော့မယ့် အခြေအနေမှာ ဦးအောင် သောင်းရဲ့ ကိုယ်ပိုင်ချမ်းသာကြွယ်ဝမှုက အံ့မခန်းဖြစ်ပါတယ်။

နေပြည်တော်က ဥတ္တရသီရိရပ်ကွက်က ၀န်ကြီးဦးအောင်သောင်းပိုင် ကိုယ်ပိုင်အိမ်ကြီးရဲ့ ခမ်းနား ကြွယ်ဝမှုကို နေပြည်တော်အရာထမ်းတွေက သံသယရှိပါတယ်။ စက်မှု (၁) ၀န်ကြီးဌာန ပြင်ထိန်းခေါ် အထွေထွေ ပြုပြင်ထိမ်းသိမ်းရေးဌာနကို ကိုယ်ပိုင်အိမ်ဆောက်ရာမှာ အသုံးချထားတယ်။

ဒီအိမ်ကြီးကို ဦးအောင်သောင်းဟာ မနှစ်က အောက်တိုဘာ ၁၇ ရက်က ပြောင်းခဲ့တာဖြစ်ပြီး အိမ်ကြီး တခုလုံးကို နေရောင်ခြည်သုံး လျှပ်စစ်ထုတ်ပြားတွေနဲ့ လျှပ်စစ်ဓာတ်ပေးထားပါတယ်။

ဒါတင်မက နေပြည်တော် မင်းကုန်း အုတ်စက်နားက ၃၈ ဧကရှိတဲ့ ဦးအောင်သောင်းပိုင် ခြံကြီးကိုလည်း စက်မှု (၁) ၀န်ကြီးဌာနလက်အောက် ပြင်ထိန်းခေါ် အထွေထွေပြုပြင် ထိမ်းသိမ်းရေး ဌာနကို အသုံးချပြီး ကိုယ်ပိုင်စီးပွားရေးလုပ်နေပါတယ်။

ဝန်ကြီးဦးအောင်သောင်းနဲ့မိသားစု ပိုင်ဆိုင်မှုတန်ဘိုးတွေကို ခြုံကြည့်မယ်ဆိုရင် စစ်အစိုးရ ပေးထားတဲ့ ဝန်ကြီးလစာငွေ တလ ကျပ်ငွေ ၄ သိန်းနဲ့ မကာမိအောင် အဆမတန် များပြားနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ခုတော့ ဒီငွေတွေ ဘယ်ကရသလဲဆိုတာ ဘယ်သူမှ မမေးနိုင်ခင် ဦးအောင်သောင်း အနားယူတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ၀န်ကြီးအောင်သောင်း ၀န်ကြီးရာထူးက အနားယူတော့မှာမို့ စက်မှု (၁) ၀န်ကြီးဌာန ၀န်ထမ်းတွေကို ဒန်ပေါက်ကျွေးပြီး တရားဝင် နှုတ်ဆက်ပွဲ လုပ်ပါတယ်။ ဒါပေမယ့် ကားတွေ ရပ်တဲ့ အုပ်တမံတလင်းကွင်းပြင်မှာ ညနေ ၄ နာရီ နေကျစ်ကျစ်တောက်ပူနေချိန် ၀န်ထမ်းတွေကို ပဆစ်တုပ် ဒူးတုပ်ပုံစံနဲ့ ၀န်ကြီးဦးအောင်သောင်းကို ကန်တော့ခိုင်းခဲ့လို့ ၀န်ထမ်းတွေ မကျေမနပ်ဖြစ်တဲ့အကြောင်းလည်း စုံစမ်းသိရပါတယ်။

ဝန်ကြီးဦးအောင်သောင်းဟာ ငါ့ဆွေမျိုးအားလုံး ကောင်းစားအောင် လုပ်ပေးပြီးမှ ဝန်ကြီးရာထူးက ထွက်မယ်လို့ တချိန်က ၀န်ကြီးဌာန အီးစီအစည်းအဝေးမှာ တရားဝင် ပြောဆိုခဲ့သူ ဖြစ်ပါတယ်။

နိုင်ငံပိုင်တွေ ခွဲယူကြပြီ

ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံပိုင်လုပ်ငန်းကြီးတွေကို စစ်ခေါင်းဆောင်ပိုင်းနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင် တွေက ခွဲယူအပြီးမှာ နေပြည်တော်မှာလည်း ၀န်ကြီးတွေ၊ ဗိုလ်ချုပ်တွေ မြေကွက်တွေ အမြန်ခွဲဝေ ယူနေပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲအနိုင်ရရေး တဘက်က ကြိုးပမ်းနေချိန်မှာ နေပြည်တော်မှာ လည်း စစ်အစိုးရ ခေါင်းဆောင်ပိုင်းက ရသမျှကို သိမ်းကျုံးပြီး အိတ်ထဲထည့်နေတယ်လို့ နေပြည်တော်မှာ ပြောစမှတ် ဖြစ်နေပါတယ်။

နေပြည်တော်ကွင်းကြီးဘက်မှာ ၀န်ကြီးတဦးကို ဧက ၁၀၀ စီ ခွဲတမ်းချပေးနေပြီး ဥတ္တရသီရီမြို့နယ် ဘက်မှာလည်း ပေ ၁၀၀ ပတ်လည် မြေတကွက်ကို သိန်း ၃၀ နဲ့ ၀န်ကြီးတွေ၊ ဗိုလ်ချုပ်တွေကို ရောင်း ပေးနေတယ်လို့ အရာရှိတွေက ပြောပါတယ်။ ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲ နေပြည်တော်မှာ ကျင်းပမှာကို မျှော်ကိုးပြီး ဟော်တယ်ဆောက်ချင်သူတွေက ၀န်ကြီးတွေကို ပေးတဲ့ သိန်း ၃၀ တန် မြေကွက်တွေကို သိန်း ၃၀၀ ချက်ချင်း ပေးဝယ်နေတယ်လို့ပါ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

နေပြည်တော် သပြေကုန်းဈေး ကျောက်မျက်ပြတိုက်နားမှာလည်း ဧရာမ ဆေးပလာဇာ ကွန်ဒိုကြီး ဆောက်နေပါတယ်။ တပြည်လုံးအတွက် အင်္ဂလိပ်ဆေးဝါးတွေကို ဒီဆေးပလာဇာကြီးက ဒိုင်ကိုင် ဖြန့်ဝေတော့မှာ ဖြစ်ပါတယ်။ ဆေးပလာဇာ ကွန်ဒိုမှာပါတဲ့ အခန်း ၅၆ ခန်းကိုလည်း ဆေးလုပ်ငန်း ကျွမ်းကျင်တဲ့ စီးပွားရေးသမားတွေကို မပေးဘဲ ၀န်ကြီး ၃၀ ကျော်နဲ့ တိုင်းမှူး၊ တပ်မမှူး ၂၀ ကျော်ကို ချပေးလိုက်တယ်။

ဘိလပ်မြေအောင်သောင်း

ရွေးကောက်ပွဲမတိုင်ခင် ခေတ်စားနေတဲ့ နောက်စီးပွားရေးလုပ်ငန်းတခုက တောထဲက ထုံးကျောက် တောင်တွေကို ဘိလပ်မြေထုတ်နိုင်တဲ့အဆင့် စမ်းသပ်ပြီးပါပြီဆိုပြီး စက်မှု (၁) ၀န်ကြီး ဦးအောင် သောင်းဆီက ခွင့်ပြုချက်ပါမစ်ရအောင် လုပ်တဲ့နည်းပဲ ဖြစ်ပါတယ်။

ဘိလပ်မြေထုတ်ချင်တဲ့ ပုဂ္ဂလိက ကုမ္ပဏီတခုဟာ မြန်မာပြည် တောတောင်တခုခုထဲက ထုံးကျောက် တောင်ကို ဘိလပ်မြေထုတ်လို့ ရအောင် စမ်းပြီးပါပြီဆိုပြီး အရင်ဆုံး ၀န်ကြီးဦးအောင်သောင်းဆီ လျှောက်လွှာတင်ရပါတယ်။ ၀န်ကြီးဦးအောင်သောင်းကို ဘာမှမပေးတဲ့ လျှောက်လွှာရှင်တွေကို မြို့နဲ့ နီးသလား ဝေးသလား သဘာ၀၀န်းကျင်ကို ထိခိုက်နိုင်သလား စတဲ့အချက်တွေနဲ့ ဦးအောင်သောင်းက မှတ်ချက်ရေး ထစ်လိုက်တာနဲ့ ရန်ကုန်မြို့က အိမ်မှာ ၀န်ကြီးဦးအောင်သောင်း လာတဲ့အချိန် သွားပြီး ကန်တော့ကြရတယ်လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ဘိလပ်မြေထုတ်မယ့် ထုံးကျောက်တောင်တခုကို လုပ်ပိုင်ခွင့်ရဖို့အတွက် ၀န်ကြီးဦးအောင်သောင်းကို အနည်းဆုံး ကျပ်ငွေ သိန်း ၅၀၀ ထိ ပေးရတယ်လို့ စုံစမ်းသိရပါတယ်။ ထုံးကျောက်တောင် လျှောက်ထားတဲ့ ကုမ္ပဏီပေါင်း ၄၀ ကျော် ရှိတဲ့အတွက် ဒီလုပ်ငန်းတခုထဲကတင် ကျပ်ငွေ သိန်းပေါင်း ၂ သောင်းနီးပါး ၀န်ကြီး ဦးအောင်သောင်း ရလိုက်တယ် ဆိုတဲ့သဘောဖြစ်ပါတယ်။

မကြာခင် ရက်ပိုင်းအတွင်း နေပြည်တော်မှာ ဖွင့်တဲ့ ဘဏ်လုပ်ငန်းအသစ်တွေထဲမှာ ၀န်ကြီးဦးအောင် သောင်းရဲ့ သားပိုင်တဲ့ United Amara ဘဏ်လုပ်ငန်းလည်း ပါဝင်ပါတယ်။ ၀န်ကြီး ပိုင်တဲ့ ဘဏ်ဖြစ်တဲ့အတွက် စက်မှု (၁) ၀န်ကြီးဌာန အဆင့်မြင့်အရာရှိတွေဖြစ်တဲ့ ညွှန်ကြားရေးမှူးချုပ်တွေ၊ ဦးဆောင်ညွှန်ကြားရေးမှူးတွေ အားလုံးကို မစုမနေရ ငွေစုဖို့ ဦးအောင်သောင်းက ဖိအားပေးလို့ တချို့အရာရှိတွေဆိုရင် သိန်းရာနဲ့ချီပြီး ငွေထည့်ခဲ့ရတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဦးအောင်သောင်းရဲ့သားပိုင် အမရာဘဏ်

အထူးသဖြင့် ဦးအောင်သောာင်း လက်အောက်က ညွှန်ကြားရေးမှူးချုပ်တွေ၊ ဦးဆောင်ညွှန်ကြားရေး မှူးတွေထဲက တချို့ဆိုရင် သူတို့တသက် အိမ်မက်ထဲတောင် စိတ်မကူးနိုင်တဲ့ ငွေကြေးချမ်းသာမှု မျိုးတွေ ရစေမယ့် လုပ်ပိုင်ခွင့်မျိုးတွေကို ဦးအောင်သောင်းက ဖန်တီးပေးထားတာ ဖြစ်တယ်။ ဒါကြောင့်လည်း ခုလို သားဖြစ်သူရဲ့ဘဏ်မှာ ငွေအတင်းစုအောင် ဦးအောင်သောင်းက ဒီပုဂ္ဂိုလ်တွေကို အနိုင်ကျင့်တာ သဘောဝကျပါတယ်လို့ ဦးအောင်သောင်းရဲ့ လက်ထောက်အရာရှိတဦးက ပြောပါ တယ်။

ရွေးကောက်ပွဲမတိုင်ခင် စစ်အစိုးရရဲ့ အဓိက ပြဿနာတွေထဲမှာ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကို ပြဿနာမရှိ စာရင်းပိတ်ပြီး ရွေးကောက်ပွဲအပြီး တက်လာမယ့် နောက်အရပ်သားအစိုးရသစ်ကို လွှဲပေးနိုင်ဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် နောက်အစိုးရသစ်မှာ ကြံ့ခိုင်ဖွံဖြိုးရေးပါတီကသာမက တခြားပါတီတွေက လူသစ်တွေပါ ပါဝင်လာမှာဖြစ်တဲ့အတွက် နောက်ကြောင်းပြန် တရားစွဲတာတွေ၊ အရေးယူတာတွေ ရှောင်ရှားဖို့ ရည်ရွယ်တာလို့ အရာထမ်းတွေက ယူဆပါတယ်။

စက်မှု (၁) အရှုံးပြပြီ

အများဆုံး အရှုံးပေါ်ပြီး ကုန်ချောလက်ကျန် ကျပ်ငွေ ဘီလီယံနဲ့ချီ လက်ကျန်ပြနေတဲ့ စက်မှု (၁) ၀န်ကြီးဌာနက လုပ်ငန်းတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ၀န်ကြီးဦးအောင်သောင်းအတွက် ခေါင်းခဲစရာ ဖြစ်နေပါတယ်။ ဒီမှာတင် စက်မှု (၁) ၀န်ကြီးဌာန လုပ်ငန်းတွေ စက်ရုံတွေ အရှုံးပေါ် နေတာဟာ သူထုတ်ထားတဲ့ ညွှန်ကြားချက်တွေကို လက်အောက်အရာရှိတွေက မလိုက်နာလို့ ဖြစ်တယ်ဆိုပြီး မကြာခင်ကပဲ ဦးအောင်သောင်းက စွဲချက်တင်ပါတယ်။

ဝန်ကြီး ထုတ်ပြန်ထားတဲ့ ရာနဲ့ ထောင်နဲ့ချီတဲ့ ညွှန်ကြားချက်တွေကို နားလည်မလည် စမ်းသပ်ဖို့ အဖွဲ့တွေ ခွဲပြီး မန်နေဂျာနဲ့ ဒု-မန်နေဂျာတွေ မေးမယ်၊ မဖြေနိုင်သူတွေကို ရာထူးချ နေရာပြောင်း မယ်ဆိုပြီး အမိန့်ထုတ်ထားလို့ အရာထမ်းတွေ မကျေမနပ် ဖြစ်နေပါတယ်။ သဘောကတော့ ရွေးကောက်ပွဲမတိုင်ခင်မှာ လူစတေးမယ့် တရားခံရှာပွဲအတွက် စာမေးပွဲစစ်ပြီး ရာထူးချဖို့ လုပ်ကိုင်နေ တဲ့သဘော ဖြစ်နေပါတယ်။

ဒါဖြင့်ရင် စက်မှု (၁) လုပ်ငန်းတွေ ဘာကြောင့် အရှုံးပေါ်သလဲလို့ အာရ်အက်ဖ်အေက မေးတဲ့အခါ ၀န်ကြီးဦးအောင်သောင်းရဲ့ ပေါ်လစီအမှားအပြင် အကောင်အထည်ဖော်မရတဲ့ ညွှန်ကြားချက်တွေ ကြောင့်လို့ လက်အောက်ခံဝန်ထမ်းတွေက ထောက်ပြပါတယ်။

ဥပမာ - ချည်မျှင်နဲ့အထည်လုပ်ငန်း အရှုံးပေါ်နေတာ ကြည့်ရင် မကောင်းတဲ့ဝါတွေ ၀ယ်ခိုင်းတာလည်း ဦးအောင်သောင်း ဖြစ်တယ်။ အရည်အသွေးညံ့တဲ့ တရုတ်စက်တွေနဲ့ လည်ခိုင်းလို့ ခဏနဲ့ စက်ပျက်ပြီး ကုန်မထွက်တာလည်း ဦးအောင်သောင်းကြောင့် ဖြစ်တယ်။

ဒီလို တရုတ်စက်တွေ မကောင်းတာ ၀ယ်မှ ဦးအောင်သောင်းအတွက် ကော်မရှင်မျက်မျက် စားရမှာ ဖြစ်လို့ စက်မှု (၁) တခုလုံး အရှုံးပေါ်တာအတွက် ၀န်ကြီးဦးအောင်သောင်းဟာ တာဝန်အရှိဆုံး ဖြစ်တယ်လို့ စက်ရုံမှူးအများစုက မြင်ကြပါတယ်။

အီးယူဒဏ်ခတ်စာရင်း

အီးယူဒဏ်ခတ်စာရင်းကို ပြန်ကြည့်တဲ့အခါ တခြားဝန်ကြီးတွေ ပါသလို စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းအပြင် သူ့မိသားစုဝင်တွေ၊ မိသားစုပိုင် စီးပွားရေးလုပ်ငန်းတွေပါ ဒဏ်ခတ်စာရင်းမှာ ထည့်ထားတာ တွေ့ရပါတယ်။

ဦးအောင်သောင်းရဲ့သား ဗိုလ်မှူး မိုးအောင်နဲ့ဇနီး၊ ဦးအောင်သောင်းရဲ့သား အောင်ရီဖြိုးကုမ္ပဏီနဲ့ အိုင်ဂျီအီးကုမ္ပဏီ ဒါရိုက်တာ ဦးနေအောင်၊ ဦးအောင်သောင်းရဲ့သားလည်းဖြစ် အိုင်ဂျီအီးကုမ္ပဏီ ဒါရိုက်တာလည်းဖြစ်၊ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ သမက်လည်းဖြစ်တဲ့ ဗိုလ်မှူးပြည့်အောင်၊ ဦးအောင်သောင်းသမီး ခင်ငုရည်ဖြိုး၊ ဦးအောင်သောင်းသမီး ဒေါက်တာ သုနဒ္ဒအောင်၊ ဦးအောင်သောင်းသမီး အေးမြတ်ဖြိုးအောင်အပြင် ဦးအောင်သောင်းမိသားစုပိုင်တဲ့ အောင်ရီဖြိုး ကုမ္ပဏီနဲ့ Queen Star ကွန်ပြူတာကုမ္ပဏီတွေပါ ၂ဝဝ၉ ခုနှစ် အီးယူဒဏ်ခတ်စာရင်းမှာ ပါနေတာ တွေ့ရပါတယ်။

ဦးအောင်သောင်းကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ယုံကြည်အသုံးချတဲ့ အကြောင်းရင်းတွေကို ချုပ်ကြည့်ရင် ...

- စက်မှု (၁) ၀န်ကြီးဌာနက ရသမျှ ခိုးဝှက်ပြီး ကြံ့ဖွံအသင်း ပါတီထောင်တဲ့အချိန် ရန်ပုံငွေရအောင် လုပ်ပေးခဲ့တဲ့အချက် (ဥပမာ - ကျောက်ဆည်ဘက်မှာ ကြံ့ဖွံပါတီပိုင် ဘိလပ်မြေစက်ရုံတွေ တည် ပေးထား)

- စက်မှု (၁) က ခိုးဝှက်ရသမျှနဲ့ သန်းရွှေမိသားစုအတွက် ဖြည့်တင်းပေးသလို သူ့အတွက်လည်း ချမ်းသာအောင် ခိုးတဲ့အချက်

- ခေတ်ပညာတတ် ဘွဲ့ရ စစ်ဗိုလ်လူထွက်ဖြစ်ပေမယ့် ကောက်ကျစ်တဲ့ဉာဏ်အရာမှာ ထူးချွန်တဲ့အချက် (၂၀၁၀ ရွေးကောက်ပွဲ နိုင်အောင် ကလိမ်ကကျစ်နည်းတွေ သုံးပေးခဲ့၊ ဒီပယင်းအရေးအခင်းကို ကြိုးကိုင်ခဲ့ စသည် ...)

ဒီအချက်တွေက အဓိကျတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း ကနေ့ထိ ကြံ့ဖွံ့ပါတီ အတွင်းရေးမှူး အဖွဲ့မှာ ပါဝင်နေသလို လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးပြောဆိုတဲ့ (ကလိမ်ကကျစ် လုပ်ရမယ့်) အလုပ်တွေကို ခေါင်းဆောင်ခိုင်းထားတာ ဖြစ်ပါတယ်။ ။

Rederences:
1. http://photayokeking.org/hot-news/897-aung-thaung-corruption
2. ဒီပဲယင်း တရားခံ စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းရဲ့ စံအိမ်တော်အကြောင်း (http://www.demowaiyan.co.cc/2010/07/generals-and-their-relatives-watchers.html
3. ပြည်ပအသံလွှင့်ဌာနဆောင်းပါးများ

ဦးအောင်သောင်းနှင့်သူ၏နောက်ကွယ်
____________________________
Zaw Wann Maung's status
ဦးသန်းရွှေရဲ့ တပည့်ရင်းတွေထဲမှာ တပည့်ရင်းတွေထက် လက်ဇောင်းထက်သွားသူကတော့ ဦးအောင်သောင်းပဲ ဖြစ်ပါတယ်။ စက်မှု (၁) လက်အောက်ခံ စစ်ကိုင်းချည်မျှင်နဲ့ အထည်စက်ရုံမှူးကို အထူး တာဝန်ပေးကာ အိမ်တော် ကြီး စားဖိုချောင်အတွက် သီးနှံပင်၊ ဟင်းသီးဟင်းရွက်များ၊ ကောင်းပေ့အစားအစာများ တင်သွင်းခွင့်ရတဲ့အထိ လုံးပန်းနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးအား ဘုရားသဖွယ် ဦးခိုက်ကန်တော့ကာ ယုံကြည်အောင် အမြဲပြော ဆို အတိုက်အခံတွေကို နှိပ်ကွပ်ပြရင်းလည်း နေရာယူခဲ့သူလည်း ဖြစ်ပါတယ်။ တပ်ချုပ်ကြီး ဦးသန်းရွှေဟာ တပည့် များကို အစွမ်းကုန် မြှောက်စားမွေးမြူကာ အုပ်စုဖွဲ့စေပြီး သူ့ရဲ့လုံခြုံရေးနှင့် အသက်ခန္ဓာ တည်မြဲရေးအတွက် လုပ် ဆောင်ခဲ့ ပါတယ်။ဦးအောင်သောင်း ဟာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတို့က ဖမ်းဝရမ်းထွက်ထားတဲ့ သူ့ရဲ့သားပိုင် ဆန် Export သယ်ဆောင်လာတဲ့ သင်္ဘောကို ပြန်လည် ရုတ်သိမ်းခဲ့စေတဲ့အထိ ဇောင်းထက်ခဲ့ပါ တယ်။ ဦးအောင်သောင်းတို့ စီစဉ်သော ရခိုင်အရေးခင်းကြီး ပွက်ပွက်ဆူနေသော ကာလတွင် အိုအိုင်စီမှ ပထမ ထောက်ပံ့ငွေ အမေ၇ိကန် ဒေါ်လာ သန်း ၅၀ အတွက် အဖွဲ့ဝင် ၅၇ နိုင်ငံ အစ္စလမ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အိုအိုင်စီအဖွဲ့ ရုံးစိုက်ခွင့် ပေးရန် သဘောတူလက်မှတ်ရေးထိုးရေးအား လုံးပမ်းခဲ့ကြပါတယ်။ ၂၀၁၂သြဂုတ်လ ၁၀ ရက်နေ့တွင် အိုအိုင်စီ အဖွဲ့နှင် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ အပါဝင် တွေ့ဆုံပြီး ရန်ကုန်တွင် အိုအိုင်စီ ရုံးခွဲဖွင့်လှစ်ပေးရန် သဘောတူကြောင်း ပြောဆိုကာ ပထမအရစ် ထောက်ပံကြေးငွေ အမေရိကန်ဒေါ်လာ ၁၈ သန်းအား ရယူခဲ့ကြပါတယ်။ယူအန်မှ ပီချေးနံဘီးယားနှင့် ကင်တာနားတို့ နှစ်ဦးစလုံးအား မြန်မာပြည်တွင်းသို့ ၀င်ခွင့်ပြုထားပြီး ယူအန်၏ အထောက်ပံ့များကိုလဲ ယူထားခဲ့ကြပါတယ်။ အိုအိုင်စီကမြန်မာပြည်ထဲဝင်ဖို့အတွက် အပြင်ဆင်များလုပ်လာသောအခါ ရန်ကုန်၊ မန္တလေး မှ ရခိုင်ပြည်ဒေ သ၏ မကြေမချမ်းဖြစ်သံများအား နိုင်ငံတွင်းပြင် သတင်းသမားများတွင် လွတ်လပ်စွာ ရိုက်နှိပ်ဖေါ်ပြခွင့်ပေးပြီး အိုအိုင်စီ ကန့်ကွက်ရေးအား ခွင့်ပြုကာ အောက်တိုဘာလ ၁၄၊ ၁၅ ရက် ၂၀၀၁၂ ခုနှစ် အကြီးကျယ် အိုအိုင်စီ ၀င်ရောက်မှုကို ကန့်ကွက်ဆန္ဒပြနေသောပုံရိပ်များ နှင့် အနေထားအားထောက်ပြကာ အိုအိုင်စီအား ပြန်ဖယ်ထုတ်ပြသော ကစား ကွက်ကို ဆင်ခဲ့ကြပါတယ်။ရခိုင်အရေးအခင်း မပေါ်ပေါက်ခင်ကလေးမှာပင် ကျောက်နီမှော်ရွာမှ မသီတာ ထွေးမုဒိန်းကျင့် သတ်ဖြတ်ခံရ ပြီး တဆက်တည်းမှာပင် မောင်တောမြို့တွင် အစ္စလမ်ဘာသာဝင် ၁၀ဦးအား သတ်ဖြတ်လိုက်သော ကစားကွက်ကလည်း တရုတ်ဂစ်ပိုက်လိုင်း လုံခြုံရေးအတွက် အကွက်ရွှေ့လိုက် ကြပါ တယ်။ ကျောက်နီမှော်ရွာသားများမှ ပြသနာတစုံတရာ ပြုလုပ်ခြင်းမရှိပဲ သက်ဆိုင်ရာ၏ အရေးယူဆောင်ရွက်မှုကိုသာ မျှော်လင့်နေခဲ့ကြတယ်။ ၂၉ ရက်နေ့ မေလမှာ မသီတာထွေးအား မုဒိန်းကျင့် သတ်ဖြတ်သူများဟူ ယူဆရသူ ၃ဦးအား မောင်းတော ရဲစခန်း၏ ညွန်ကြားချက်ဖြင့် လာရောက်စစ်ဆေးကြောင်း သတင်လွင့်ပြီး ကျောက်နီမှော် ရယက ရုံးတွင်ပင် အကျဉ်းရုံးစစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်ပြီး ၄င်းနေရာတွင် စောင့်ကြည့်နေကြသော ၇ခိုင်အမျိုးသား အမျိုးသမီး ဒေါသအိုးကို ပိုပြီး ပေါက်ကွဲလာအောင် ဒုရဲမှူး လှအေးမောင်က ဖန်တီးပြခဲ့တယ်။ မေလ ၃၀ ရက်တွင် ရခိုင် အမျိုးသားများ မကြေနပ်သံ ကျယ်လောင်ပြီး အုံးထနေသောကြောင့် ကျောက်နီမှော် ရယကမှ ရဲသို့ အကြောင်းကြားကာ အဆိုပါတရာခံ ၃ ဦးအား လာရောက်ခေါ်ဆောင်သွားစေခဲ့ပြီး ရမ်းဗြဲရဲစခန်းသို့ ပို့ဆောင်ခဲ့ ပါတယ်။အဲဒီမှာဝန်ကြီးအောင်သောင်းတို့ရဲ့အကွက်ထဲသို့ ရောက်သွားပြီး ဂျွန်လ ၃ ရက်နေ့မှာ မူဆလင် ဘာသာဝင် ၁၀ ဦးကို မူဆလင်များ၏ရှေ့မှောက်မှာပင် တောင်ဂုတ် ကားဂိတ်တွင် အုံးအုံးကြွက်ကြွက် သတ်ဖြတ်ပြခဲ့တယ်။ သံသယ ဖြစ်စရာက တောင်ကုတ် ကားဂိတ်တွင် နဆက အရာ၇ှိ ၃ ဦးမှ ကားပေါ်တက်ပြီး မှတ်ပုံတင်စစ်ဆေးခြင်းများ ပြုလုပ်ရန် ကားပေါ်မှ အားလုံးဆင်းပေးရကာ မှတ်ပုံတင်များ တဦးခြင်းစစ်ဆေးပြီး အဆိုပါ မူဆလင် ၁၀ဦးနှင့် အခြားရခိုင် တိုင်းရင်းသား ၄ ဦးကိုသာ ကားပေါ်ပြန်တက်ခွင့်ပြုပြီး ကားထွက်ခွင့်ပြုလိုက်တယ်။မူဆလင်၁၀ ဦးတွင် ပါလာတဲ့ လက်ကိုင်ဖုန်း၃လုံးကို ဖုန်းကိုင်ဆောင်ထားမှု အထောက်ထား မခိုင်လုံဘူး ဆိုပြီး နဆကက သိမ်းယူထားလိုက်တယ်။ တောင်ဂုတ် ကားဂိတ်က ကားစထွက်ပြီး ကိုက် ၃၀၀ လောက်အကွာမှာပဲ ဆိုင်ကယ်စီးလူတအုပ်က အဲဒီကားကို တားဆီးပြီး ကားပေါ်တက်ကာ သတ်ဖြတ်နေတာကို လက်နက်ကိုင်ဆောင်ထားတဲ့ တောင်ကုတ် ကားဂိတ်ကနေ လှမ်းမြင်နေကြတဲ့ နဆက နှင့် ရဲဝန်ထမ်းများ တုပ်တုပ်မျှမလှုပ်လှမ်းကြည့်နေခဲ့ကြတာ ပင်ဖြစ်ပါတယ်။ပြီးတော့ မီးတောက် ပိုပြီး ကြီးမား လာအောင်နေ့စဉ်ထုတ်အစိုးရ မြန်မာ့အလင်း သတင်းစာ ဂျွန်လ ၄ ရက်နေ့တွင် ရခိုင်ပြည်နယ် တောင်ကုတ်အရေးခင်းကို အသေးစိတ်ရေးသား ဖေါ်ပြထားတယ်။မီးလောင်ရာ လေပင့်ပေးတဲ့ အနေနှင့် ထပ်ပြီး ကြီးထွားအောင် သတင်းစာ မှာ စကားလုံး အသုံးအနှုံး တွေကို ခက်ခက်ထန်ထန်လုပ်ပေးလိုက်ကြတယ်။အဲဒီလိုနဲ့ ရခိုင်ပြည်နယ်ရှိမြို့များတွင် ကြီးမားသော ရန်ပွဲများဆထက် တံပိုးကြီးမားခဲ့ရပြီး နောက်ဆုံး ဂျွန်လ ၈ ရက်နှေ့ညမှ စတင်ကာ စစ်တပ်အုပ်ချုပ်ရေး ပုဒ်မ ၁၄၄ အား တမြို့ပြီးတမြို့ ထုတ်ပြကာ လက်နက်ကိုင် စစ်တပ်များအား ရခိုင်ပြည်နယ်သို့ ပထမဆုံး ထိုးသွင်းခဲ့တယ်။ရခိုင်ပြဿနာ ကြီးထွားလာတဲ့အချိန်မှာ နိုဝင်ဘာ ၂၉ တွင် လက်ပံတောင် မီးလောင်ဗုံး ဖေါက်ခွဲ ဖြိုခွင်း နှိမ်နှင်းပွဲကြီး ပြုလုပ်ပြပြီး သတင်းမီဒီယာအားလုံး လက်ပံတောင်း သို့ အားလုံး ဦးလှည့်သွားချိန်မှာ ဦးအောင်မင်းတို့ ကာချုပ်နှင့် လက်ဝါးခြင်းရိုက်ကာ ကချင်ဒေသ စခန်းသိမ်းပွဲများ ဆင်နွဲ၇န် ဖန်တီးခဲ့ ကြပြန်ပါတယ် ။ကချင်ဒေသ ရွာလုံးကျွတ် မီးရှို့ပွဲကြီးနှင့် စစ်ပွဲကြီးအား အကြီးကျယ် လွတ်လွတ်လပ်လပ်ကျင်းပ ခဲ့ကြပြန်ပါတယ်။ သို့သော်လည်း ကချင်ဒေသ စစ်ဆင်ရေးဟာ မည်သည့် နယ်မြေ တခုမှ အမိအရ သိမ်းယူနိုင်မှု မရှိခဲ့ပဲ အချဉ်းနှီးဖြစ်ရပြီး နောက်ဆုံး နိုင်ငံတကာမှ ကျယ်လောင်သော စစ်ပွဲရပ်တန့်ရေး သတင်းများသာလွှမ်းမိုးသွားခဲ့ရပြန်ပါတယ်။ဒါ့အပြင် လက်ပံတောင်းဖြိုခွင်းမှုမှာလည်း အရှက်ဟက်တက်ကွဲခဲ့ရပါတယ်။ အဲဒီနောက်မှာ မအူပင်မြို့နယ် မလက်တိုရွာ အေ၇းခင်း ဖန်တီးခဲ့ကြပြန်ပါတယ်။ပြီးတော့မိတ္ထီလာမြို့ အထိကရုံန်းဖန်တီးခဲ့ကြ တယ်။ မတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ရွှေဆိုင်တဆိုင်မှ အရောင်းဝယ်ကြောင့် ပြသနာစဖြစ်ရာကနေပြီး နေ့ခင်း ၁၂ နာရီ ၂၀ တွင်မှာပင် သံဃာတော်တပါးအား ဒါးဖြင့်ခုတ်ကာ မီးရှို့ရန် လုပ်သော မူဆလင်ရပ်ကွက်တခုက ထပ်ဖြစ်လာသည့် သတင်း ထွက်ပေါ်လာပါတယ်။အဲဒီလိုနဲ့ တစတစ ရန်မီးကြီးထွားလာခဲ့ပြီး မိထ္တီလာ အထီးကရုံန်း ကြီးထွားလာခဲ့ရပါတယ်။ ထူးခြားချက်ကတော့ မိတ္ထီလာမှာ မတ်လ ၂၂ ရက်နေ့တွင် မာရှယ်လောကြေငြာပြီးနောက် အခြားမြို့များမှာလည်း ဆက်လက်ကူးစက် ဖြစ်ပွားခဲ့ကြတယ်။ လာရောက်အကြမ်းဖက်သူများက နယ်ခံများမဟုတ်ကြပဲ မျက်နှာစိမ်းများဟု ဒေသခံများက ခိုင်လုံစွာပြောခဲ့ကြတယ်။အဲဒီနောက်မှာ လားရှိုးမြို့ အမျိုးသမီး ကို ဓါတ်ဆီလောင်း မီးရှို့မှု ကနေ စခဲ့တာပဲ ဖြစ်စဉ်မှာ မေလ (၂၈)ရက် နေ့ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် သန္နီလမ်းပေါ်၌ ဓာတ်ဆီရောင်းနေသော မအေးအေးဝင်း (၂၄ နှစ်) (ရှမ်း/တရုတ်/မြန်မာ/ဗုဒ္ဓ) ကို ကျိုင်းတုံမြို့၊ ၂ ရပ်ကွက်မှ ရောက်ရှိလာသူ နေ၀င်း (၄၈ နှစ်) (အိန္ဒိယ/တရုတ်/အစ္စလာမ်) မှ ဓာတ်ဆီလောင်းပြီး မီးရှို့ရန် ပြေးလိုက်သဖြင့် မအေးအေးဝင်းမှ ရတနာတင်းတိမ် လမ်းအတွင်းသို့ ထွက်ပြေးသွားခဲ့ပါတယ်။ အဲဒီ လမ်းအတွင်းမှာပဲ မအေးအေးဝင်းမှာ မပြေးနိုင်တော့ဘဲ မိသွားစဉ် နေ၀င်းမှ ဓာတ်ဆီလောင်း မီးရှို့ခဲ့ပါတယ်။"မီးရှို့တဲ့သူနဲ့ အရှို့ခံရတဲ့ မိန်းကလေးက နဂိုကတည်းက သိကြတာ မဟုတ်ဘူး။ မြင်လည်းမြင်ဖူးကြတာ မဟုတ်ဘူး။မီးရှို့သူကလည်း လားရှိုးမြို့ကို ရောက်လာတာ သုံးရက်ပဲ ရှိသေးတယ်၊ တည်းခိုခန်း တစ်ခုမှာတည်းတာ"ဓာတ်ဆီလောင်း မီးရှို့ခံရသော မအေးအေးဝင်းက ခြေ၊ လက်နှင့် ဆံပင်များ မီးလောင်ကျွမ်းသွားပြီး လားရှိုးမြို့ ဆေးရုံကြီး၊ အရေးပေါ်ဌာနတွင် တင်ပို့ကုသခဲ့ရတယ်။နေ၀င်းကို ဖမ်းမိစဉ် ရှာဖွေတဲ့အခါမှာ သူ့ဘောင်းဘီ အိတ်ထဲက စိတ်ကြွရူးသွပ်ဆေးပြား နှစ်ပြားတွေ့ရပါတယ်။အဲဒီ ပြဿနာရဲ့ အခြေခံကနေစပြီး ည ၇ နာရီခန့်တွင် လားရှိုးမြို့မဈေးကြီး အနီးရှိ အစ္စလာမ်ဗလီ တစ်လုံးကို မီးရှို့လိုက်ကြတယ်။လမ်းမတော်လမ်းရှိ အစ္စလာမ်ဘာသာ စာသင်ကျောင်းကိုလည်း မီးရှို့လိုက်ကြတယ်။ဗလီ၊ စာသင်ကျောင်းနှင့် ၎င်းအနီးရှိ ဈေးဆိုင်ခန်းများ မီးလောင်ကျွမ်း မှုဖြစ်ခဲ့ရတယ်။ဒါပေမဲ့ ထူးခြားချက်ကတော့ လားရှိုးမြို့မှာ လူစုလူဝေးဖြင့် အကြမ်းဖက်မီးရှို့ ခဲ့သူများကို လုံခြုံရေးတပ်ဖွဲ့ ၀င်များ က တာဝန်အရ ဖမ်းဆီးမှုများပြုလုပ်ခဲ့သော်လည်း ဖမ်းဆီးခံရသူအများစုမှာ ပြည်ခိုင်ဖြိုးအဖွဲ့ဝင် ကဒ်ပြားကိုင်ဆောင် ထားသူများဖြစ်သည့်အတွက် ပြန်လွှတ်ပေးခဲ့ကြောင့်နှင့် ပြည်ခိုင်ဖြိုးကဒ်ပြားမပါသည့် ဖမ်းဆီးခံရသူများအား ပုဒ်မ ၂၉၅ ဖြင့် တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း ဒေသခံများက ထုတ်ဖေါ် ပြောကြား ခဲ့ပါတယ်။ထို့နောက် လှည်းကူးမြို့နယ် အဲဒီလို နဲ့ပဲ အကြမ်းဖက် အမည်မသိ လူအုပ်ကြီးဟာ အမြို့မြို့ အရပ်ရပ် လှည့်လည် ဖြစ်ပေါ်ခဲ့ပြီး ပြည်သူလူထု တရက်လုံးကို တုန်လှုပ် ခြောက်ခြားနေအောင် ဖန်တီး ခဲ့ကြပါတယ် ။ N.L.D နှင့် ၈၈ ပွင့်လင်း လူအဖွဲ့ အစည်းတို့ ပူးပေါင်းပြီး ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှု မှာလည်း နှောက်ယှက်မှုများ ပြုလုပ်ခဲ့ကြပြီး နောက်ဆုံး မန္တလေးတွင် ပြုလုပ်ခဲ့သော အကြမ်းဖက် လှုပ်ရှားမှုမှာ ဗူးပေါ်သလိုပေါ်ပြီး အရှက် ကွဲခဲ့ကြပါတယ် ။
အသေးစိတ်များ ဖေါ်ပြချင်ပါသော်လည်း ရေးရမည်ဆိုလျှင် စာမျက်နှာပေါင်းများစွာ ဖြင့် ရေးလို့မကုန်နှိုင်အောင် များပြားလှပါ သောကြောင့် အကျဉ်းချုံ့ ၍ဖေါ်ပြလိုက်ခြင်းသာဖြစ်ပါတယ်။ ချွင်းချက်အနေနဲ့ ပြောခြင်တာကတော့ ပြည်သူလူအနေနဲ့ ၄၃၆ ကိုမမေ့ပါနဲ့ သူတို့ အကြောက်ဆုံးက အခြေခံဥပဒေ ပြင်ဆင်ရေးပါ ဒီအတွက်လည်း ပြည်သူလူထုကို အာရုံတွေလွှဲ နည်းမျိုးစုံ နဲ့ ဒုက္ခ တွေ ပေးနေတာပါ လက်ရှိ ၂၀၀၈ အခြေခံဥပဒေဟာ သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးထားပြီး ပြည်သူလူထု အတွက် မဟုတ်တာ သေချာပါတယ်….။

ဇင်ယော်ဖြူ….။

0 အကြံပြုခြင်း: