Sunday, March 1, 2015

နေတခါဝင်ပြန်ပြီ သက်စိုးရေ.. တရားခံ မသိသေးဘူး တဲ့။

r


လင်း ယုန် မာန်

လူသတ်သမားသည် မြန်မာဖြစ်စေ ထိုင်းဖြစ်စေ တရားဥပဒေ ကို ရင်ဆိုင်ရမည်။
ချောငယ်ငယ် အကိုဝမ်းကွဲ ဖြစ်သူ သက်စိုး၏ ဖခင်သည် ယနေ့ သားဖြစ်သူ၏ ဒါဏ်ရာများကို
မြင်လိုက်ပါသည်။ အချက်ပေါင်းများစွာ ထိုးထားသော ဒါဏ်ရာများနှင့် လှီးဖြတ်ထားသော
လည်ပင်းဒါဏ်ရာကို ကြည့်၍ လူသတ်သမားသည် ပစ္စည်း လုရုံကြောင့်မဟုတ်ပဲ အငြိုး ဖြင့်
လုပ်ထား ကြောင်းသိနိုင်ပါသည်။
ကြားသိသမျှမှာ သက်စိုးသည် အေးအေးဆေးဆေး နေတတ်သော လူအေး ဖြစ်ပါသည်။
ည သန်းကောင် ပြန်လာရ၍ လမ်းတွင်တွေ့ရတတ်သော ၀မ်လု ခေါ် ထိုင်းလမ်းသရဲများကို မပေးပဲ ဆိုင်ကယ်ကို မောင်းပြေးတတ်ပါသည်က လွဲ၍ သူ့မှာ ရန်သူမရှိပါ။
ချောငယ်ငယ် သေဆုံးမှု မှာ မြန်မာ တရားခံ များ နေခြင်း ဖမ်းမိသော်လည်း ယခု လူသတ်မှု ကိုဖြင့်
ထိုင်းရဲများ ဘာကို အခက်တွေ့ မဖမ်းမိသေးလည်း စဉ်းစား စရာ ဖြစ်ပါသည်။
ထူးခြားချက်မှာ အရေးကြီး သော ဖုန်း ခေါ် မှု ၂ခါ မှုာ စာ၇င်းတွင် ပျောက်ဆုံးနေပြီး ဒီလို ကိစ္စမျိုးကို မည့်သည် လူတန်းစား ကသာ စွမ်းဆောင် နိုင်ကြောင်း ပရိတ်သတ်ကြီးသိကြပေမည်။
လိုက်ပါကူညီမည့် ရှေ့ နေ ဦးအောင်မျိုး သန့်တို့ အဖွဲ့မှာလည်း မြန်မာသံရုံးမှ အချက် ပေးခေါင်းလောင်း စောင့် နေကြသည်ဟု သိရပါသည်။ တနလာင်္နေ့ ရုံးများ ပြန်ဖွင့်မည် ဖြစ်သောကြောင့်သံရုံးမှ လျှင်မြန်စွာ ကူညီ ပေးကြပါရန်လည်း တိုက်တွန်း လိုပါသည်။
ကျနော်တို့သည် လူသတ်မှု ကို ဖော်ကြမည့်စုံထောက်များ မဟုတ်ပါ။
ထိုင်းနိုင်ငံတွင် နင်းပြားဘ၀ဖြင့် နေကြကုန်သော မြန်မာ လူမျိုးများ လူမသိ သူမသိ အသတ်ခံခဲ့ကြမှု များကို တရားမျှတမှု နှင့် အမှန်တရား အတွက် လုပ်ဆောင်နေကြခြင်းသာ ဖြစ်ပါသည်။
သို့ပါ၍ ကော့စမွေမှ မြန်မာမိတ်ဆွေများ ကလည်း ကျနော်တို့နှင့် အတူ ၀ိုင်းဝန်းကူညီပေးကြပါရန်

တောင်းဆိုပါသည်။

ဇင်ချောင်း အမျိုးတိ... အမှန်ဘဲ မချောချောငယ် သေဆုံးမှူ မှာအခြောက်ပါတယ် သူတို့ရဲ့ နောက်ကွယ်က လူသတ်မှူ အခု ချောချောငယ် ဝမ်းကွဲအကို သက်နိုင်စိုး တပတ်မခြားဘူး

0 အကြံပြုခြင်း: