Saturday, March 7, 2015

ညစ်ပတ် ကြမ်းတမ်းတဲ့ အတိတ်ဆိုးဘ၀ ပိုင်ရှင်များ



လင်း ယုန် မာန်
ခင်ဗျား တို့ မသိသေးတဲ့ စွမ်းအားရှင် နောက်ကြောင်း (သို့မဟုတ်)
ညစ်ပတ် ကြမ်းတမ်းတဲ့ အတိတ်ဆိုးဘ၀ ပိုင်ရှင်များ။
=================================
( စိတ်ဝင်စား စရာ ဖြစ်၍ အဆုံးထိ ဖတ်စေလိုပါသည်။)

လူသား တယောက်ကို လူမဆန်တဲ့ လုပ်ရပ်ခိုင်းဘို့ဆိုတာ မလွယ်လှပါ။
အထူး သဖြင့် သံဃာတွေကို ကိုယ်ထိ လက်ရောက်စော်ကား ခြင်းလုပ်ရပ်မျိုးက ပို မလွယ်လှပါဘူး။
ရှေ့ တန်းမှ သွေးသံရဲရဲ စစ်တိုက်ဘူး တဲ့ စစ်သားတွေတောင် ပြည်သူတွေကို ပစ်ဖို့ လက်တွန့်ခဲ့ဘူးတဲ့ သာဓက တွေ ရှိပါတယ်။

မွတ်စလင်အကြမ်းဖက်သမားတယောက် ဖြစ်ဘို့ဆိုတာလည်း လွယ်လွယ်လေး သာမန်လူထဲက ဖြစ် လာ လို့မ၇ပါဘူး။ သူတို့တွေကို ငယ်ငယ်လေး ကတည်းက စိုက်ကို နည်း အမျိုး မျိုး နဲ့ လေ့ကျင့်ပျိုး ထောင် ခဲ့ရတာပါ။ အထူးသဖြင့် စိတ်ဓာတ်ကို အရင် ဖျက်ဆီးပစ်ရပါတယ်။

ကျနော် ပြော ချင်တဲ့စွမ်းအားရှင် နောက်ကြောင်း က ဒီလိုပါ။
သူတို့ကိုတော့ မြန်မာ အာဏာရှင်တွေက အချိန်ကုန်ခံ ငွေကြေးကုန်ခံပြီး သူတို့ ငယ်ဘ၀တွေက စပြီး လေ့ကျင့် ပေးစရာမလိုပါဘူး။ အကြောင်းကတော့ သူတို့ဟာ ငယ်ဘ၀တွေမှာ ပြင်းထန်စွာ ရထားတဲ့စိတ်ဒါဏ်ရာတွေ ကိုယ်စီရှိကြပါတယ်။

ခင်ဗျားတို့ ကြားဖူးမှာပါ။ မြန်မာပြည်မှာ လူနေအိမ်ခြေနဲ့ဝေး တဲ့ အိမ်တွေ မှာ ဖြစ်ဖြစ်၊
အကျင့် ပျက်တဲ့ မိသားစု မှာ ဖြစ်ဖြစ်၊ သမီးနဲ့ အဖေ ဖောက်ပြားပြီး မွေးလာတဲ့ ကလေး၊ မောင်နှမ အရင်းခြင်း ဖောက်ပြားပြီး မွေးလာတဲ့ ကလေးတွေ မြန်မာပြည်လူမသိ သူမသိတွေ အများအပြား ရှိပါတယ်။ အထူးသဖြင့် ရွာတွေ အိမ်တွေ နဲ့ အနေများတဲ့ လယ်ယာလုပ်ငန်တွေရှိတဲ့ တိုင်းဒေသတွေမှာ ပိုများ ပါတယ်။
ဒီလို အားဖြင့် မွေးလာတဲ့ကလေးတွေဟာ သနား စ၇ာ ကောင်းလောက်အောင် လူတောထဲ မတိုးကြပါဘူး။ သန်းကောင်းစာရင်းလည်း မရှိ မှတ်ပုံတင်လည်း မရှိ ပဲ သေမထူး နေ မထူး ဘ၀တွေနဲ့ လူ့အသိုင်းအ၀ိုင်းကို စက်ဆုတ် ရွံရှာကြသူတွေ အဖြစ်ရှိကြပါတယ်။

Prison Break ဇတ်လမ်းရှည် ရုပ်ရှင်ထဲမှာ ထောင်ဖောက်ပြေးသူ ထော့ကျိုး မင်းသား တယောက်ပါတယ်။ ရုပ်ရှင်ထဲမှာ သူ့အမေ့ ကို သူ့ဦးလေးက မုဒိန်းကျင့်ပြီး သူ့ကို မွေးလာတာ။
ကြီးလာတော့ သူလည်း မုဒိန်းကောင်ဖြစ်တယ် လူသတ်ကောင် ဖြစ်လာတယ်။ သူ့နောက်ကြောင်း
သိတဲ့သူတွေက သူ့ကို ဒေါသဆွ ချင် ရင် မကောင်းတဲ့အတိတ်ကို မြေလှန် ပြော တတ်လေ့ရှိတယ်။

ဒိလို သနား စ၇ာ ကလေး လူငယ်တွေကို စစ်အစိုးရ အာဏာရှင်တွေက သေချာ လက်သပ်မွေးပြီး
ရဲ တို့ စစ်သားတို့ မလုပ်ရဲကိစ္စ တွေကို ခိုင်းလေ့ရှိတယ်။ သူတို့ဘ၀ဟာ နေမထူး သေမထူး ဖြစ်နေတဲ့အတွက် ဘာ ခိုင်းခိုင်း လုပ်မှာ ဖြစ်တယ်။တချို့က တော့ ထောင်ကို အိမ်လိုနေလာသူတွေ ဖြစ်တယ်။ ဒေါ်စုကို ဒီပဲရင်းမှာ စစ်တပ်က လူတွေတောင် မနှိမ်နှင်းရဲ ချိန်မှာ
အမျိုး မစစ် စွမ်းအားရှင်တွေကိုပဲ အသုံးချခဲ့ရဘူးတယ်။

ဒါကြောင့် ငရဲ တောင် မကြောက်တော့ တဲ့ ဒီလို လူတွေကို ကျနော်တို့ အတိုက်ခံတွေက ဘယ်လို ရင်ဆိုင်မလဲ။ နောက်ပြီး ဒီလို ကလေး တွေရဲ့ စိတ်ဒါဏ်ရာတွေကို ငယ်ငယ်လေးကတည်းက
ကျနော် တို့ ဘယ်လို counseling လုပ်ပြီး ကူညီကြမလဲ။ မဟုတ်ရင် ဒီကလေး ငယ်တွေဟာ အာဏာရှင် လက်ကိုင်ဒုတ် တွေပဲ ဖြစ်ကုန်ပြီး လူ့အသိုင်းအ၀ိုင်းတွက် စိုးရိမ်စရာတွေ ဖြစ်နိုင်ပါတယ်။ တဖက်မှာလည်း ဒီလို အကျင့်ပျက်တဲ့ ဖြစ်ရပ်မျိုး ၊ကိစ္စ မျိုး တွေ မပေါ်ပေါက်ဘို့ NGO တွေ အနေနဲ့ ဘယ်လို ကူညီနိုင်ကြမလဲ လို့ ဆွေးနွေး အကြံပြု လိုက်ပါတယ်။

( တာဝန်ယူ လက်မောင်းပတ်ထားပြီး ရဲများကို ကူညီနေသော သူများမှာသနားစရာ အတိတ်ဆိုးကို ပိုင်ထားကြသော မျိုး ရိုးပျက် စွမ်းအားရှင်များသာ ဖြစ်ပါသည်။)

0 အကြံပြုခြင်း: