Thursday, March 5, 2015

ပင်မသပိတ်စစ်ကြောင်းအားလုံခြုံရေးရဲတပ်ဖွဲ့မှခြိမ်းခြောက်

video


ကျောင်းသားသပိတ်ပင်မစစ်ကြောင်းအားပတ်ဆို့တားဆီးထားသော
လုံခြုံရေးအင်အားစုရဲတပ်ဖွဲ့မှလူစုမခွဲလျှင်အရေးယူမည်ဟုအသံချဲ့ စက်
ဖြင့်နေလည်၂း၃၀မှယခုသတင်းတင်နေသည့်၃း၀၀နာရီထိတဆက်
တည်းမနားတမ်းခြိမ်းခြောက်နေပါသည်
4/3/15 နေ့လည် ၃း၀၀ နာရီ

***ကျောင်းသားသပိတ်တိုက်ပွဲဗမာတပြည်လုံးပါဝင်ဆင်နွှဲကြ***
ဒီနေ့ဒီမိုကရေစီပညာရေးပင်မသပိတ်စစ်ကြောင်းလုံခြုံရေးရဲတပ်ဖွဲ့
များမှမတရားပိတ်ဆို့တားဆီးထားသည့်အရေးကိုဗမာတပြည်လုံး
ရဟန်းရှင်လူပြည်သူအားလုံးဦးသိန်းစိန်ကြံ့ဖွံ့စစ်တပိုင်းအစိုးရကို
လမ်းပေါ်ထွက်ဆန္ဒပြကြဘို့အရေးကျောင်းသားသပိတ်များနှင့်ပူး
်ပေါင်းကြဘို့အရေးတကြီးတောင်းဆိုတိုက်တွန်းအပ်ပါသည်
5/3/15......နံနက်----၁၁း၀၀ နာရီ


ကျောင်းသားသပိတ်ပင်မစစ်ကြောင်းအားလုံခြုံရေးရဲတပ်ဖွဲ့
အာဏာပိုင်တို့မှအစားအသောက်များနှင့်ညအခါမီးစက်
များမောင်းနှင်ရန်အတွက်ဒီဇယ်၊ဓာတ်ဆီတို့အပါဝင်ယင်း
ပစ္စည်းများသယ်ယူခွင့်သွင်းယူခွင့်မပြုတော့ကြောင်းကို
ပင်မသပိတ်မှကျောင်းသားခေါင်းဆောင်များကိုသတိပေး
တားမြစ်ကြောင်းကိုမင်းသွေးသစ်မှပြောဆိုပါသည်
Aungmyint Bogalay

လက်ပံတန်းမှာ ဒီညဒီပဲရင်းလိုလုပ်မယ်တဲ့ နေပြည်တော် ကာလုံအစည်းအဝေး ဆုံးဖြတ်ချက်
======================================================
မိတ်ဆွေတစ်ဦးမှပေးပို့လာသောသတင်းဖြစ်ပါတယ် ၊
ဒီကနေ့ ညနေ ၁၆း၀၀ နာရီက လုပ်တဲ့ နေပြည်တော် ကာလုံ အစည်းအဝေးက ဆုံးဖြတ်လိုက်တာလို့ ပြောပါတယ် ၊
ဒီည လက်ပံတန်းမှာ ဒီပဲရင်းပုံစံလုပ်မယ်လို့ သိရပါတယ် ၊
လက်ပံတန်းမှာ ညနေ ၄ နာရီကျော်ကတည်းက မီးဖျက်ထားပါတယ် ၊
မြောက်ဖက်က လက်ပန်းတန်းမြို့အဝင်လမ်းကိုလည်း ရဲများက ပိတ်ဆို့ထားလိုက်ပါပြီ ၊
နံပါတ်မပါတဲ့ ဘော်ဒီ ပေ ၂၀ အရှည် ကားအသစ်တွေလည်း လက်ပံတန်း အဝင်လမ်းဆုံမှာ ရောက်နေပါတယ် ၊
လက်ရှိလက်ပံတန်းမှာ ရဲသားအသစ် အငယ်လေးတွေချည်းပဲ လွှတ်ထားပါတယ် ၊
ညမှောင်လာတဲ့အခါကျမှ ရဲတွေကို နေရာပြန်ဆုတ်ခိုင်းပြီး အမည်မသိလူအုပ်ကြီးနဲ့ အစားထိုးမယ်လို့ ပြောပါတယ် ၊
နီးစပ်ရာမြို့တွေက ပြည်သူတွေ အဝေးက စိတ်ပူနေမယ့်အစား လက်ပံတန်းကို သွားစေချင်တယ်လို့ ပြောပါတယ် ၊
သတင်းထူးရင် ထပ်ပို့ပေးမယ်လို့ပြောပါတယ် ၊
ဒီသတင်းကို မိတ်ဆွေများအားလုံး စုံစမ်းအတည်ပြုပေးကြပါအုံး ၊


Pyawpyawshwinshwin Myittar
18 hrs ·
ကျောင်းသားတွေကိုကြည့်ပြီးကျုပ်တို့လည်းစိတ်ညစ်တယ် ၊ ပြည်သူတွေအုံနဲ့ကျင်းနဲ့လာဝိုင်းလိုက်စေချင်တယ် လို့ ရဲအရာရှိတစ်ဦးမှပြောကြား
==========================================================================================
ရဲအရာရှိတစ်ဦးမှ လက်ပံတန်းတာဇုံသို့ အအေးဗူးများထွက်ဝယ်ရာတွင် ဖုန်းဖြင့် အဆိုပါစကားများပြောနေခြင်းကို ကြားခဲ့ရသည်ဟု လွယ်အိတ်စားလွယ်သိုင်းထားသော စားပွဲထိုးကောင်မလေးကပြောပြသည် ၊
အေးဗျာ ကျောင်းသားတွေက နေပူထဲမှာ ဘုန်းကြီးတွေလဲနေပူထဲမျာပဲဗျ
ကျောင်းသားတွေကိုကြည့်ပြီး ကျုပ်တို့လည်း စိတ်ညစ်တယ်ဗျာ စိတ်လည်းမကောင်းဘူး
ဒီမှာသေခံပြည်သူက အားနည်းတယ်ဗျ
ပြည်သူတွေအုံနဲ့ကျင်းနဲ့ လာဝိုင်းလိုက်စေချင်တယ် ဗျာ
ပြည်သူတွေလာဝိုင်းလိုက်လို့ လွှတ်ပေးလိုက်ရတယ်ဆိုရင် ကျုပ်တို့လည်း အပြောလွတ်သေးတယ်
ခုဟာက အပေါ်က အဘတွေလေ သူတို့လည်းလုပ်ရဲတာမဟုတ်ဘူး ကျုပ်တို့ကို ခေါင်းရင်းခိုင်းနေတာဗျ
ကျုပ်လည်း စိတ်ညစ်ပါတယ်
မတော်တဆ ကျောင်းသားတ်ယောက်ယောက် နေပူထဲလဲလို့ သေများသွားရင် ကျုပ်တို့လည်း ပြေးပေါက်အမှားပဲ
ကဲကဲ ဒါပဲဗျို့
ရဲ အရာရှိမှ စိတ်ရှုပ်နေဟန်ဖြင့် အအေးဗူးများတင်ကာ ကားပြန်မောင်းထွက်သွားကြောင်း စားပွဲထိုးကောင်မလေးမှပြောပါသည်
(ဆိုင်အမည် မဖေါ်ပြတော့ပါ ၊ မေးမြန်းချက်ကို ခပ်သွက်သွက်ဖြေကြားပေးသော စားပွဲထိုးချာတိတ်လေးအား ကျေးဇူးတင်ပါသည် )

ပဲခူးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ
ပင်မ စစ်ကြောင်းဆီသို့ ပေါက်တည်/ပြည် စစ်ကြောင်းကျောင်းသားပေါင်း(၁၀၀၀)ကျော်ချီတတ်လာပြည်သူများက လည်းဝန်းရံ ချီတတ်လာကြောင်း....

"အသိပေး နှိုးဆော်ပါသည် " ယနေ့ညနေ ၃နာရီခန့်တွင် ရန်ကုန်ရှိတက္ကသိုလ် အသီးသီးမှ ကျောင်းသားကျောင်းသူများစုစည်း၍ လက်ပံတန်းတွင် ပိတ်ဆို့ခံသပိတ်မှောက်ကျောင်းသားများအား အကြမ်းဖက်မဖြိုခွင်းပဲ ညှိနှိုင်းဆွေးနွေးအဖြေရှာရန် ဆန္ဒပြမည်ဖြစ်ပါသည်။သို့ပါ၍ အကြမ်းဖက်မှုကိုမလိုလားသူမည်သူမဆိုလာရောက်ပူးပေါင်းနိုင်ပါကြောင်းနှင့် ကျောင်းသားဟောင်းများ|သပိတ်မှောက်ကျောင်းသားမျာမှ ဟောပြောမှုများပြုလုပ်မည်ဖြစ်ပါသည်။

အချိန်……3:00 နာရီ
နေရာ……မြို့တော်ခန်းမ
နေ့ရက်……5.3.2015



သပိတ်စစ်ကြောင်းတပ်ဦးကအလံကိုင်ရဲဘော်တစ်ဦးဖြစ်တဲ့မြင်းခြံခရိုင်ဗကသကျောင်းသားကိုကောင်းဝဏ္ဏမင်းကိုလဲကျသတိလစ်သွားခဲ့ပါတယ်။တာဝန်ကျေတဲ့ကျောင်းသားရဲဘော်ကောင်းဝဏ္ဏမင်းကိုဟာသူလဲကျတော့မယ့်အခြေအနေကိုသူ့ကိုယ်သူသတိပြုမိလို့လူလဲကျခဲ့ရင်အလံမလဲအောင်သူ့လက်နဲ့အလံကိုခွပ်ဒေါင်းလက်ပတ်လေးနဲ့တွဲချီထားခဲ့တာကြောင့်သူသတိလစ်လဲကျတဲ့အခါလက်နဲ့ချီထားတဲ့အလံဟာချက်ချင်းမလဲခဲ့တဲ့အတွက်ဘေးကကျောင်းသားကအချိန်မီဝင်ကိုင်ခဲ့ပါတယ်။သူသတိလစ်လဲကျသွားလို့ကျွန်တော်တို့ပြေးပွေ့လိုက်တော့မှအလံကိုသူ့လက်နဲ့တွဲချီထားတာကိုစိတ်မကောင်းစွာတွေ့လိုက်ရပါတယ်။လေးစားပါတယ်ရဲဘော်ကောင်းဝဏ္ဏရေ.......

မင်းသွေးသစ်
ဗကသများအဖွဲ့ချုပ်

0 အကြံပြုခြင်း: