Tuesday, March 10, 2015

အိမ်ရှင် အမျိုးသမီးတွေက ဓါးကိုင်ပြီး ရဲ ဝင်လာရင် ခုတ်မယ်ဆိုကာ အိမ်ရှေ့ ကနေ စောင့်နေ



ကျေးဇူးပါ လက်ပံတန်းပြည်သူများ။
သေလုမျောပါး ပြေးနေရတဲ့အချိန် ခြေလှမ်းနှေးတယ် သတင်းထောက်တွေကို လှမ်းခေါ်ရသေးတယ်။ ( ဦးထုတ်နဲ့ လက်လှမ်းခေါ်နေတာ ကျနော်ပါ) ဒီထွက်ပေါက် မရှိရင် ကျနော်တို့ သတင်း ထောက်တွေလဲ မလွယ်ပါဘူး။ အဲဒီအချိန်မှာ လမ်းပေါ်က လူတွေက ဒီဘက်ကို ထွက်ခဲ့ဆိုပြီးလှမ်းအော်ပါတယ်။ ဒါပေမယ့် တကယ်ပြည်သူလား စွမ်းအားရှင်လား မသိတော့ လမ်းပေါ် မတက်ပြေးရဲပါဘူး။ လမ်းပေါ်က လူတွေက " ပြည်သူတွေပါ တက်ခဲ့ပါ ။ ကျမတို့ကို ယုံပါ " လှမ်းအော်တယ်။ ဒါပေမယ့် လမ်းနဲ့ ကွင်းကြားမှာ သံဇကာ ခြံစည်းရိုးခတ်ထားတော့ ပြေးလို့မရဘူး။ သတင်းထောက် အချို့က ဘုန်းကြီးကျောင်းဘက် ပြေးဖို့ပြင်တဲ့ အခါမှာ ဘုန်းကြီးကျောင်းထဲ ဝင်ရိုက်နေပြီဆိုတော့ လမ်းပေါ်ကိုဘဲ ပြေးဖို့ ဦးတည်လိုက်ပါတယ်။ လက်ပံတန်းပြည်သူတွေက ခြံစည်းရိုးကို ဖျက်ပြီး သတင်းထောက်တွေကို လာဆွဲခေါ် ပါတယ်။ ကလေးမလေးတယောက်ဆို ကျနော် CNA သတင်းထောက် May ကိုလက် မောင်းက ဆွဲပြီး ဘေးကင်းတဲ့နေရာပို့ပေး ပါတယ်။ ရဲတွေက အိမ်ထဲ လိုက်ဖမ်းနေတဲ့အချိန်မှာ ကျနော်နဲ့ May ကို အိမ်တအိမ်က ဝှက်ထားပြီး အိမ်ရှင် အမျိုးသမီးတွေက ဓါးကိုင်ပြီး ရဲ ဝင်လာရင် ခုတ်မယ်ဆိုကာ အိမ်ရှေ့ ကနေ စောင့်နေပါတယ်။ အခြေအနေ ကောင်းမှ အပြင်ထွက်ပါတယ်။ သတင်းထောက်တွေ ပြေးလွှားနေကြတော့ လက်ပံတန်းပြည်သူ ဆိုက်ကားဆရာတွေ။ ဆိုင်ကယ် ကယ်ရီတွေက လိုက်ပို့ပေးမယ်ဆိုပြီး ကူညီကြပါတယ်။ လက်ပံတန်း ပြည်သူတွေ သတင်းထောက်တွေကို ဝှက်ထားပေး။ ကူညီကြတာ ကျေးဇူးပါ။
Ref: Watchdog Watchdog Zor

0 အကြံပြုခြင်း: