Monday, March 2, 2015

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့မိနစ် ၄ဝနီးပါးကြားသီးသန့်တွေ့ဆုံ

Kamayut Media


ဖွဲ့စည်းပုံပြင်ရေးနဲ့ ရွေးကောက်ပွဲကိစ္စ ဆွေးနွေးခဲ့တယ်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ဟာ မတ်လ ၂ရက်နေ့ ညနေ ၆နာရီက သမ္မတရဲ့လယ်တောအိမ်ယာမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေး အချက် ၂ချက်ကို မိနစ် ၄ဝနီးပါးကြား နှစ်ဦးတည်း သီးသန့်တွေ့ဆုံခဲ့တဲ့အကြောင်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စဟာ လွှတ်တော်ရဲ့တာဝန်သာဖြစ်တယ်လို့ မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိတဲ့ သမ္မတဦးသိန်းစိန်ဟာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး တစိုက်မတ်မတ်တောင်းဆိုနေတဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်နဲ့ ၁၂လအတွင်း ပထမဆုံးအကြိမ် တွေ့ဆုံတာဖြစ်ပါတယ်။

ခေါင်းဆောင်နှစ်ဦးရဲ့တံခါးပိတ်တွေ့ဆုံမှုနဲ့ပတ်သက်ပြီး အသေးစိတ်ထုတ်ပြန်မှုတွေ မလုပ်ခဲ့သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးခြားတွေ့ဆုံမှုရှိတယ်ဆိုတဲ့ သတင်းတွေတော့ ထွက်မလာခဲ့ပါဘူး။

0 အကြံပြုခြင်း: