Friday, March 20, 2015

နှစ်ဧက ကျော်တိုင်းမှူးနံမည်ဖေါက်လိုက်တယ်

U Win Cho
အထွေထွေ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ အမည်ပေါက် တဲ့ မြေတစ်ကွက်
ရန်ကုန်-မန္တလေးကားလမ်းပေါ်က ပဲခူးမြို့အ၀င်မှာ ရှိပါတယ်။

သူကိုယ်တိုင်တောင် အဲဒီမြေကွက် သူ့အမည်ပေါက်တာ ကိုသိချင်မှ သိပါလိမ့်မယ်။
ကာယကံရှင် လယ်သမား ကို ၆၀x၈၀ မြေတစ်ကွက်ပေးလိုက်ပြီး သိမ်းလိုက်တာ နှစ်ဧက ကျော်။
အဲဒီအချိန်က တိုင်းမှူးနံမည်ဖေါက်လိုက်တယ်။လက်ပြောင်းပြီးရောင်းလိုက်ကြတာ အခုကာလပေါက်ဈေး သိန်းရှစ်ထောင် ဆိုဘဲ။ တစ်ဧက ကို သိန်းလေးထောင်ပေါ့လေ။
လမ်းမကြီးမေးတင် တဲ့အကွက်။

သက်သေ မခိုင်လုံရင် ဒီလို ကိစ္စမျိုး ကျနော်မရေးပါဘူး။
နောက်ပြီး ကာယကံရှင် က ဒီကိစ္စ သိတောင်မသိလိုက်ဘူး လို့ ကျနော်ယုံကြည်နေမိတယ်။ အဲဒါကြောင့်ပြောပြတာ။

ဒီလို အကြောင်းအရာတွေ နောက်ထပ် ရှိပါသေးတယ်။

ဒီစာရေးတာ (၂၀၁၀)အထွေထွေရွေးကောက်ပွဲတုန်းက တစ်သီးပုဂ္ဂလ အနေနဲ့
ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးဝင်းချို ရေးတာဖြစ်ပါတယ်။
“နိုင်ငံသားတွေရဲ့ နစ်နာမှု”တွေကို တရားဝင် ပြောချင်လို့ မှတ်ပုံတင်ပြီး ပြောနေ၊ရေးနေတဲ့ ဦးဝင်းချိုပါ။

ပဲခူးမှာ မြေယာ နဲ့ပတ်သက်ပြီးနောက်ထပ် မတရားမှု တွေထပ်လုပ် မှာကို ကြိုတင်မြင်နေလို့ သတိပေးပြီးရေးခြင်းဖြစ်ပါတယ်။

0 အကြံပြုခြင်း: