Sunday, March 15, 2015

ပေးမှာပေါ့ အဲ့ဒါ သူတို့လူမျိုး သူတို့တရုတ်နိုင်ငံသားတွေပဲ




တရုတ်အစိုးရက သူ့နယ်မြေထဲမှာ ဗုံးတလုံးကျလို့ဆိုပြီး နယ်စပ်တလျှောက်မှာ ဒုံးလက်နှက်အပြည့်အစုံနဲ့ တိုက်ပွဲဝင် လေယာဉ်တွေပါ ချထားလိုက်ပြီးတော့ မြန်မာစစ်တပ်ကို ရာဇသံပေးလိုက်တယ် ။

အဓိပ္ပါယ်ကတော့ နောက်ထပ်လာရင် နေပူတော်ပြုတ်သွားမယ်ပေါ့ဗျာ။ သူတို့ဆိုလိုတဲ့ နယ်မြေဆိုတာ တခြားမဟုတ်ဘူး ၊ ကိုးကန့်ဒေသနဲ့ ဝဒေသကို ပြောနေတာ ။

မြန်မာကလဲ မြေပုံအရတော့ မြန်မာပိုင်တယ်ပေါ့ ၊ ဒါပေမယ့် လက်သိပ်ထိုးပြီး ရောင်းစားထားပြီးတော့ အခုကျမှ တပ်ပိုင်မြေပြန်လုပ်ရအောင် တရုတ်ကိုများ သူ့အဖေထင်နေလားမသိဘူး ။

ကဲ နေဝန်းနီတွေလဲ ဖင်တောင်ဖို့ နေနေသာသာ သူတို့အဖေကြီး မင်းအောင်လှိုင်တောင် အီးတောင် ကျယ်ကျယ်မပေါက်ရဲတော့လို့ ဖင်ရှုံ့ထားနေရပြီး ။ ဖွတ်ကျားတွေ ဘာစစ်ရေးမှ အမြင်မရှိဘူး ။

တကယ်တော့ လောက်ကိုင်မှာ စစ်သား ၄၀ ကျော် တပြိုင်နက်ထဲ ကျကတည်းက မြန်မာပြည်မှာရှိတဲ့ အစုတ်အပြတ်တင့်ကားပေါင်းစုံ အစင်း ၂၀၀ ကျော်ကို လောက်ကိုင် စစ်ဆင်ရေးအကြောင်းပြပြီး လားရှိုးကို ပို့လိုက်ရင် 5 ရက်အတွင်း လောက်ကိုင်ရောက်တယ် ။ အာဏာကုန် အချိန်ကြာရင် ၇ ရက်ပေါ့ ။

လောက်ကိုင်နဲ့ ဝဒေသက တဆက်ထဲပါ ။ လားရှိုးကနေ လောက်ကိုင်ကို တိုက်ဖို့ ယခုတိုက်ပြီးတဲ့အတိုင်း ၅ ရက်အတွင်း လောက်ကိုင်ကို သိမ်းလို့ရတယ် ။ ဖုန်ကြားရှင်တပ်က ဝဒေသဘက်အခြမ်းကို နေရာပြောင်းလိုက်တယ် ။

ဝကိုတော့ ဖုန်ကြားရှင်ကို တိုက်သလိုမလွယ်ဘူး ဒါပေမယ့် တရုတ်မပါသေးရင် စောစောကပို့ထားခဲ့လိုက်တဲ့ ရှေ့ထွက်တင့်ကား ၁၀၀ ကျော်ကိုအသုံးပြုပြီး နောက်ခံတင့်ကားတပ်တရာကျော်နဲ့ လေကြောင်း ကြီးကြောင်း ၂ ဖက်တွဲတိုက်ရင် သေခြာပေါက် ဝတွေ အငိုက်ခံရတယ် ။ ဆုတ်သွားတဲ့ ဝတပ်ကို တရုတ်ကတော့ နောက်ကနေ ပြန်ကူမှာပဲ ။

လက်သိပ်ထိုးရောင်းထားပေမယ့် လက်ငုတ်က ကိုယ်ပိုင်ဖြစ်နေတာမို့ ကျန်တာက တရားရုံးနဲ့ အချိန်ပေးပြီး ရူးချင်ယောင်ဆောင်နေလို့တော့ ရတာပေါ့ ။

ခုတော့ အဲ့လိုမဟုတ်ဘူး သောက်တလွဲတွေလေ .. လင်လဲလိုချင်သေးတယ် ကြောက်လဲကြောက်သေးဆိုသလိုပဲ တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေတော့ ဟိုကြေညာချက်ထုတ် ဒီကြေညာချက်ထုတ်နဲ့ အဖေတရုတ်ကို သွေးတိုးစမ်းနေတာနဲ့ပဲ ဟိုက စစ်ရေးတွေ ပြင်ဆင်ပေးဖို့ အချိန်ရသွားတယ် ။

ဝေါထရိတ်စင်တာကြီး အတိုက်ခံရတုန်းက သမ္မတဘုရှ်ကနေပြီး ကြေညာချက်ထုတ်တယ် ရန်သူကို လက်ခံထားသူကို ရန်သူလို့ သတ်မှတ်တယ်ဆိုတာ ။ အဲ့ဒါက အင်အားရှိလို့ ကြေညာခဲ့တာ ။

အခု မြန်မာအစိုးရက ဖုန်ကြားရှင်ကို လက်ခံထားသူကို ရန်သူလို့ကြေညာတော့ ဖုန်ကြားရှင်က နဂိုရ်ကတည်းကမှ တရုတ်မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ တရုတ်နိုင်ငံသားကြီး ။ သူ့ကို တရုတ်ကလက်မခံလို့ အရူးမှ မဟုတ်တာ ။ အဲ့ဒါကို ရန်သူလို့ကြေညာလိုက်တော့ တရုတ်ကြီးက ကောင်းပြီ လက်မခံရဘူးဆိုရင် နေလို့ရအောင် လက်နှက်နဲ့ စစ်တပ်လေးတတပ်ပေးလိုက်မယ် ။ ဒါပဲပေါ့ ။

အခု အမ်အိုင်ဂျီ ၂၉ အစုတ်အပြတ်တွေ လောက်ကိုင်ဒေသနဲ့ ဝဒေသ၏ ကောင်းကင်ယံအထက်ကို ပျံကြည့်ပါ ၊ တရုတ်နယ်စပ်က ကိုးကန့်စစ်သား ဝစစ်သားအဝတ်တွေ ဝတ်ထားတဲ့ တရုတ်ရီမုတ်ကွန်ထရိုးတပ်က တီဗွီဂိမ်းဆော့သလို လက်မလေးပဲ စုံနှိပ်လိုက်လိပ်မယ် ပလုပ်တုပ်ဖြစ်သွားမယ် ယုံထားလိုက် ။

အခုတောင် တင့်ကားဖျက် ဒုံးလက်နှက်တွေ အလက်ရာချီပြီး ကိုးကန့်နဲ့ ဝတွေလက်ထဲကို တရုတ်ကလက်ဆောင်ပေးပြီးသွားခဲ့ပြီ ။ ပေးမှာပေါ့ အဲ့ဒါ သူတို့လူမျိုး သူတို့တရုတ်နိုင်ငံသားတွေပဲ ။

ဟိုရက်က လောက်ကိုင်မှာ စစ်သားတွေသေတော့ မြန်မာပြည်သူတွေက ဒေါသဖြစ်ပြီး သွေးနီးခဲ့ကြတယ် ။ စာရေးသူကျုပ်လဲ ပါတာပဲ ။ ဒါပေမယ့် သွေးနီးခဲ့တဲ့ ပြည်သူကို သွေးစည်းအောင်မလုပ်တဲ့စစ်တပ်က ကယ်တင်ရှင် အဖေကြီးလုပ်ပြီး ကျောင်းသားနဲ့ ပြည်သူကို ပုဆိုးလှန်ပြသလို မိုက်ရိုင်းလိုက်တော့ လက်ရှိခံစားနေရတဲ့ စစ်ခွေးကျွန်ဘဝမှာ တရုတ်ကျွန်ဖြစ်တော့ရော ကျွန်ပဲမဟုတ်လား ။

အင်္ဂလိပ်ကျွန်မဖြစ်ချင်လို့ တော်လှန်ရေးလုပ်ခဲ့ကြပေမယ့် စစ်ခွေးကျွန်ဖြစ်သွားရတော့ မြန်မာပြည် ဖာ ဖြစ်သွားရသလိုပေါ့ ။
ဖာ သည်ဖြစ်နေရတဲ့ မြန်မာပြည်က ဘယ်သူပဲတက်ခွခွ မျက်နှာကလေးချိုပြပြီးတော့ ကောင်းလိုက်တာရှင်လို့ အောက်ကနေ အော်ပေးနေယုံကလွဲပြီး ဘာများ တတ်နိုင်အုံးမှာလဲ ။

သောက်မြင် ကပ်သွားလို့ မိုက်ကန်းကန်းပဲ ရေးလိုက်တယ် .... ။ ။


( ဦးနိုင်ဝင်း လန်ဒန် )

0 အကြံပြုခြင်း: