Sunday, March 29, 2015

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်တွင် အနားယူနေရ



"ကျန်းမာရေးက ကောင်းတယ်။ ရေဓာတ်နဲ့ ဆား ဓာတ်ခန်းတာရှိတယ်။ သတိထား ရတယ်။ အဲဒါကြောင့် အပူထဲ မထွက်ခိုင်းဘူး။ ရန်ကုန်တောင် မဆင်းခိုင်းထားဘူး။ လွှတ်တော် တော့ပြန်တက်မယ်’’ ( ဒေါက်တာတင်မျိုးဝင်း)
အသက်(၇၀)ရှိပြီဖြစ် သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိကျန်းမာရေး အခြေအနေအရ နားနေရန်လို အပ်သဖြင့် ရန်ကုန်မြို့သို့ ပြန် မလာဘဲ နေပြည်တော်၌သာ နားနေရန် မှာကြားထားကြောင်း ၎င်း၏ မိသားစုဆရာဝန်က ပြောသည်။‘‘ဟိုရက်က နည်းနည်းလေး ဖျားတာရှိတယ်။
ကျန်းမာရေးက ကောင်းတယ်။ ရေဓာတ်နဲ့ ဆား ဓာတ်ခန်းတာရှိတယ်။ သတိထား ရတယ်။ အဲဒါကြောင့် အပူထဲ မထွက်ခိုင်းဘူး။ ရန်ကုန်တောင် မဆင်းခိုင်းထားဘူး။ လွှတ်တော် တော့ပြန်တက်မယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန်၊ ရင်ခေါင်းနှင့် ခွဲစိတ် အထူးကုဆရာဝန်ကြီး ဒေါက်တာ တင်မျိုးဝင်းက ပြောသည်။
‘‘အန်တီက ခရီးသွားရင် လမ်းမှာ လူတွေကနှုတ်ဆက်တဲ့ အခါ ကားထဲကနေ ကိုယ်တစ် ပိုင်းအပြင်ထွက်ပြီး ပြန်နှုတ်ဆက်တယ်။ အပြင်တစ်ပိုင်းက ပူတယ်။ အောက်တစ်ပိုင်းက အေးတယ်။ လက်ရှိ ရာသီဥတုက အရမ်းပူတယ်။ ခရမ်းလွန်ရောင်ခြည်တွေ များနေတယ်’’ဟု ဒေါက်တာတင် မျိုးဝင်းက ပြောသည်။
လက်ရှိ ဖြစ်ပေါ်နေသော ခရမ်းလွန်ရောင်ခြည် အညွှန်း ကိန်းများ၏ အခြေအနေမှာ ကချင်၊ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စစ်ကိုင်းတိုင်း ဒေသကြီး (အထက် ပိုင်း)နှင့် မန္တလေးတိုင်းတွင် လွန် ကဲသောအခြေအနေနှင့် ကျန် တိုင်းဒေသကြီးများနှင့် ပြည်နယ် ဒေသများ၌ အလွန်မြင့်မားသောအခြေအနေတွင် ရှိနေကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ရေးသားထားသည်။
ထို့ကြောင့် ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် မတ်လနှင့် ဧပြီ လဆန်းတို့တွင် မွန်၊ ကရင်ပြည် နယ်၊ ပဲခူးတိုင်းနှင့် မန္တလေး တိုင်းဒေသကြီးများသို့သွားရောက်မည့် ခရီးစဉ်အားလုံး ဖျက်သိမ်းထားကြောင်း သတင်းရရှိသည်။
.
Credit : 7Day Daily

0 အကြံပြုခြင်း: