Saturday, March 7, 2015

ဘာကြောင့် ဦးသိန်းစိန်အစိုးရ ခေါင်းစားသွားခဲ့ရတာလဲ

(၁)
လူငယ်ကျောင်းသားတွေ ဇ မရှိခဲ့ရင်
ဘာကြောင့် ဦးသိန်းစိန်အစိုးရ
ခေါင်းစားသွားခဲ့ရတာလဲ။

ဦးသိန်းစိန်အစိုးရ ခေါင်းရှိခဲ့ရင်
ဘာကြောင့် ကျောင်းသားလူငယ်တွေရဲ့
ငြိမ်းချမ်းတဲ့တောင်းဆိုမှုကို
ကောင်းမွန်စွာ မဖြေရှင်းနိုင်တာလဲ။

(၂)
လူငယ်ကျောင်းသားတွေ စေတနာ မရှိခဲ့ရင်
ဘာကြောင့် သူတို့တောင်းဆိုချက်တွေ
တိုင်းပြည်အတွက် အဖိုးတန်နေရတာလဲ။

ဦးသိန်းစိန်အစိုးရ စေတနာရှိခဲ့ရင်
ဘာကြောင့် တိုင်းပြည်အတွက် အဖိုးတန်တဲ့
တောင်းဆိုမှုတွေကို လိုက်လျော မပေးချင်တာလဲ။

(၃)
လူငယ်ကျောင်းသားတွေ အတ္တပရ မရှိခဲ့ရင်
ဘာကြောင့် အများအကျိုးအတွက်
ကိုယ့်အသက် မငဲ့တော့ဘဲ
လမ်းမထက် ထွက်ရဲတာလဲ။

ဦးသိန်းစိန်အစိုးရ အများအကျိုးအတွက်
တိုင်းပြည်ခေါင်းဆောင်လုပ်နေတယ်ဆိုရင်
ဘာကြောင့်လက်နက်ကိုင် အဖွဲ့တွေအားကိုးနဲ့
ကိုယ့်ကျိုးအတွက် ကာကွယ်နေရတာလဲ။

(၄)
မြန်မာနိုင်ငံလွတ်လပ်ရေးသမိုင်းမှာ
ကျောင်းသားလူငယ်တွေ ဘယ်လောက်က်အရေးပါခဲ့တယ်ဆိုတာ
ဦးသိန်းစိန်စိုးရ မေ့နေတာလား၊မသိခဲ့တာလား။

(၅)
မြန်မာနိုင်ငံအမျိုးသားနေ့သမိုင်းကို
ကျောင်းသားလူငယ်တွေရဲ့အသက်တွေနဲ့ရေးခဲ့တယ်ဆိုတာ
ဦးသိန်းစိန်အစိုးရ မဖတ်ဖူးတာလား၊ မသင်ခဲ့ဖူးတာလား။

(၆)
မြန်မာနိုင်ငံရဲ့ အသက်သွေးကြောနဲ့ အနာဂတ်ဟာ
ကောင်းမွန်တဲ့ပညာရေးစနစ်နဲ့ ကျောင်းသားလူငယ်တွေဆိုတာ
ဦးသိန်းစိန်အစိုးရ မသိဘူးဆိုရင်တော့
လမ်းဘေးမှာ မုန့်ဟင်းခါးပဲ သွားရောင်းစားသင့်တယ်။

-ဘုန်းနိုင်ထွန်း

0 အကြံပြုခြင်း: