Thursday, March 26, 2015

ကာချုပ်ကြီးပြောမယ့် တပ်မတော်နေ့ မိန့်ခွန်းကောက်နှုတ်ချက်



Yan Aung

မိမိတို့ တပ်မတော်သည် ..
-
-
တိုင်းပြည် ချောက်ထဲကျဖို့ လက်နှစ်လုံး အလိုတွင် ချေးတွင်းထဲသို့ ထပ်မံဆွဲချခဲ့ကြောင်း..။
ပြည်သူမျာ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် မြေဧက သိန်းပေါင်းများစွာကို ခေါင်းစဉ်အမျိုးမျိုးပြပြီး စောင့်ရှောက် ကာကွယ်ခဲ့ကြောင်း ..
တို့တာဝန်အရေးသုံးပါးအရ ပြည်ထောင်စုမပြိုကွဲရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်များကို Upper Hand အပေါ်စီးယူ ကြည်း၊ လေ အင်အားသုံးကာ တိုက်ခိုက်နှိပ်ကွပ်ပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ရန် ဆောက်ရွက်နေကြောင်း .။
ကမ္ဘာ့အလယ်တွင် နာမည်ကြီးခဲ့သည့် ၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကြီး စတင်ဖြစ်ပွားစေခဲ့သော ဘုန်းကြီးအား ဓါတ်တိုင်တွင် ကြိုးတုပ်ရိုက်နှက်ခြင်းကို ပြုလုပ်ခဲ့ပြီး သံဃာ့အရေးအခင်းတွင်လည်း သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းခဲ့ကြောင်း ..။
အချုပ်အခြာ အာဏာ တည်တန့်ခိုင်မြဲရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲကာလတွင် ယခင် နိုင်ငံတော်အာဏာရယူထားသူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီး၏ အမိန့်ဖြင့် ဘင်္ဂလီ ခုနှစ်သိန်းမှ ရှစ်သိန်းခန့်အား white card များပေးပြီး မဲပေးစေခဲ့ကြောင်း ..။
နိုင်ငံတော်လုံခြုံရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ရခိုင်ဒေသတွင် ရခိုင်စစ်တိုင်းမှူးအဆက်ဆက်အား ကုလားခရိုနီများဖြင့် ပူးပေါင်းစေကာ ဗမက အောင်ကြီးဆိုသူအား နစက ကွပ်ကဲရေးမှူး တာဝန်ပေးအပ်ပြီး မောင်တော ဘင်္ဂလီများအား ၄င်း၏ခွင့်ပြုချက်ဖြင့် ပလီထဲမှ လူစုအကြမ်းဖက်ခြင်း ဖြစ်ပေါ်လာသည်အထိ ကြိုးပမ်းခဲ့ကြောင်း..။
တပ်မတော်ခေါင်းဆောင်များ အာဏာယူစဉ်ကာလ နှစ်သုံးဆယ်ခန့်အတွင်း နိုင်ငံတော်အား ကမ္ဘာ့ အဆင်းရဲဆုံး ဆယ်နိုင်ငံ စာရင်းသို့ ရောက်ရှိသည်အထိ တိုးတက်အောင် စီမံဆောင်ရွက်ခဲ့ကြောင်း ..။
တပ်မတော်သား မိသားစုများ၏ စားဝတ်နေရေး သက်သာချောင်ချိရေးအတွက ဦးပိုင်အမည်ရှိ
မြန်မာနိုင်ငံ၏ အကြီးဆုံး အကျီုးအမြတ်အများဆုံး ပြည်တွင်းစီးပွားရေးလုပ်ငန်းကြီးအား ထူထောင်ကာ အခွန်ရှောင်စီးပွားရေးလုပ်ကိုင်စေခဲ့ပြီး ရရှိသော အကျိုးအမြတ်များအား တပ်မတော်သားများနှင့် ၄င်းတို့၏မိသားစုများ၊ စစ်မှုထမ်းဟောင်းများ၏ ဘ၀အား လိုလေသေးမရှိအောင် အိပ်မက်ထဲတွင် အပြည့်အ၀ ထောက်ပံ့ကူညီစေခဲ့ကြောင်း..။
ထိုသို့ ကူညီခဲ့သဖြင့် စစ်သားဟောင်းများ စာအုပ်ရောင်းခြင်း တောင်းရမ်းစားသောက်ခြင်းနှင့် ကျပန်းအလုပ်လုပ်ခြင်းများ အိပ်မက်ထဲတွင် ပျောက်ကွယ်သွားကြောင်း..။
ခေတ်မီတပ်မတော် ဖြစ်လာစေရန် ရည်ရွယ်ပြီး စစ်လက်နက် ပစ္စည်းများအား ပြည်ပမှ အဆင့်ဆင့် ကော်မရှင်ယူကာ တစ်သောင်းတန်အား တစ်သန်းတန်အဖြစ် မှာယူတင်သွင်း ဖြည့်ဆည်းစေခဲ့ကြောင်း ..။ တစ်ခါတလေ .. အစုတ်ပြတ်များပင် ပါလာကြောင်း ..။
ကကထောက်၊ ကက၀ယ်၊ အစရှိသော ဌာနများ၏ ထိပ်ပိုင်းအရာရှိများအနေဖြင့် ၄င်းတို၏ မိသားစုများမှာ ခေတ်မီတိုက်တာများ နောက်ဆုံးပေါ် ကားများနှင့် ဇိမ်ခံပစ္စည်းများ update အမြဲတမ်း အသုံးပြုကြသည်ကို ကြည့်လျှင် ..
ခေတ်မီတပ်မတော်ကြီးအဖြစ် ရပ်တည်နိုင်သည်မှာ သေချာနေပြီဖြစ်ကြောင်း ...။
ထိုသို့ ခေတ်မီတပ်မတော်ကြီးဖြစ်သည့်အတွက်
လောက်ကိုင်တိုက်ပွဲတွင် အင်အားတစ်ထောင်ခန့်သော
ကိုးကန့်တိန်းရှောင်အဖွဲအား တပ်မလေးခုဖြင့်
အမြောက်နှင့် လေကြောင်းပစ်ကူသုံးကာ အင်အားသုံးနှိမ်နင်းခဲ့ကြောင်း။
လွန်ခဲ့သည့်နှစ်လခန့်က ဖုန်ကြားရှင်မှတိုက်ခိုက်လာမည်ဟု
ကြေညာထားသည်ကို ခေတ်မီနည်းပညာများပြည့်စုံပြီး
အရာရှိစစ်သည်များအသက် အလကားရထားသည့်
မိမိတို့တပ်မတော်မှ ဂရုစိုက်စရာမလိုသဖြင့်
စိတ်မဝင်စားခဲ့ကြောင်း။
ထို့ကြောင့် တိုက်ပွဲဖြစ်ခဲ့သောအခါ
မိမိစစ်သည်တို့၏ အသက်များကို ပိုမိုပေးဆပ်စေခဲ့ကြောင်း။
ရှေ့တန်းနှင့် နောက်တန်းရှိတပ်ရင်းတပ်ဖွဲ့များတွင်
ရာထူးအဆင့်ဆင့်အလိုက် ဇာတ်တူသားစားရန်
ခေါင်းပုံဖြတ်ရန် လေ့ကျင့်သင်ကြားပေးထားသဖြင့်
နောက်တန်းရှိ ဂွင်ကောင်းသောဒေသများတွင်
စစ်ဗိုလ်များအနေဖြင့် တပ်ထဲတွင် ပျော်မွေ့နေကြကြောင်း...။
တပ်ထဲတွင် ရဲဘော်များနည်းပါးသွားသဖြင့်
တပ်ပြေးဦးရေးလည်း နည်းပါးသွားကြောင်း။
တပ်တွင်းသက်သာချောင်ချိရေးပြည့်စုံသဖြင့် အရာရှိများပင် ဒမြတိုက်ခြင်း၊ အနုကြမ်းစီးခြင်းနှင့် မုဒိန်းကျင့်ခြင်း အစရှီသော ဒုစရိုက်မှုများ ခဏခဏ ဖြစ်ပွားသည်မှလွဲပြီး အမြဲဖြစ်ပွားလေ့မရှိကြောင်း..။ ဖြစ်ပွားလျှင်လည်း မိမိတို့၏ ရဲဘော်ရဲဖက်မျာဖြစ်သည့်အတွက် အမှုကို ကွင်းလုံးကျွတ်လွတ်စေခြင်း။ တပ်တွင်း တရားစီရင်မှုဖြင့် ပြင်ပကမသိအာင် အမှုကို အစဖျောက်စေခြင်းခြင့် အကာအကွယ်များစွာ ပေးထားကြောင်း ..။
နိုင်ငံအတွက် အသက်ပေးလှူသွားသော စစ်သည်များ၏ မိသားစုများအတွက် ဘ၀အာမခံချက်ရရှိစေရန်အတွက် .. စစ်ဗိုလ်ချုပ်အငြိမ်းစားများဖြစ်သော နိုင်ငံတော်အကြီးအကဲများ၏ မိသားစုဝင်များနှင့် မိတ်ဆွေခရိုနီများအနေဖြင့် ကေတီဗီ၊ မာဆတ်များ day club, night club များကို နိုင်ငံအနှံ့တွင် ဖွင့်လှစ်ထားပြီး စစ်သည်များ၏ သမီးပျိုများအလုပ်အကိုင် အဆင်ပြေနေကြောင်း ..။
စသဖြင့်...။
ပြောကြားသွားခဲ့ပါသည်..။.

0 အကြံပြုခြင်း: