Sunday, March 1, 2015

ရဲကားများအား ၁၀ မိနစ်အတွင်း ဖယ်ရှားပေးရန် ပြောသည့်ရုပ်သံ

ကျောင်းသားသပိတ် မနက်ဖြန်စတင်မယ်။

video



Eleven Media Group
ပင်မကျောင်းသားသပိတ်စစ်ကြောင်း စတင်ထွက်ခွာမည့် လက်ပံတန်းမြို့နယ် အောင်မြေဗိမာန်ကျောင်းတိုက်ရှေ့သို့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ မတ် ၂ ရက်နေ့ နံနက် ၈ နာရီ ခွဲမှ စတင်ရောက်ရှိလာပြီး ပိတ်ဆို့တားဆီးမှုများ ပြုလုပ်ခဲ့သည်။ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များတွင် ရေကား ၂ စီး၊ ရဲတပ်သားများ ပါဝင်သည့် ကား ၄ စီး အပါအ၀င် စုစုပေါင်း ကား ၁၀ စီးခန့် ရှိကြောင်းသိရသည်။ ၉ နာရီခန့်တွင် ကျောင်းသားကိုယ်စားလှယ်အချို့က သက်ဆိုင်ရာ တာဝန်ရှိသူများကို ရဲကားများအား ၁၀ မိနစ်အတွင်း ဖယ်ရှားပေးရန် ပြောကြားခဲ့ပြီးနောက် ရဲကားများသည် ကျောင်းရှေ့ပရ၀ုဏ်အတွင်း မဟုတ်သော်လည်း အခြားနီးစပ်ရာနေရာများသို့ ရွှေ့ပြောင်းသွားခဲ့သည်။ယနေ့နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် ရဲတပ်ဖွဲ့ဝင်များက ကျောင်းသားများအနေဖြင့် ပဲခူးတိုင်းဒေသကြီး နယ်လုံဝန်ကြီးနှင့် တွေ့ဆုံရန် လာရောက်ခေါ်ဆောင်ခဲ့ပြီး ကျောင်းသားများက ရဲတပ်ဖွဲ့ဝင်များအားလုံး ဖယ်ရှားပေးမှ အတွေ့ခံမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ ယင်းနောက် ရဲတပ်ဖွဲ့ဝင်များသည် လုံခြုံရေး နေရာယူထားသည့်နေရာများကို ရွှေ့ပြောင်းခဲ့ပြီး ယနေ့နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး နယ်လုံဝန်ကြီးနှင့်တွေ့ရန်အတွက် ရဲတပ်ဖွဲ့ဝင်များက ကျောင်းသားကိုယ်စားလှယ်များကို ခေါ်ဆောင်သွားကြောင်း သိရသည်။ လိုက်ပါသွားသည့် ကျောင်းသားကိုယ်စားလှယ်များမှာ ကိုနန္ဒာစစ်အောင်၊ ကိုမင်းသွေးသစ်၊ ကိုမိုးထက်နေ၊ ကိုမြတ်သူတို့နှင့် အခြားကိုယ်စားလှယ်တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။


Hanhtet Zaw

အတားစီးများကျော်မယ်ဒါတို့ ကျောင်းသားတွေရဲဇွဲနဲ့တခတ်ပြောင်းမယ်
ရဲကား တွေ ဖယ် ပြီ
ပိတ်ဆို့မှုများထပ်ရှိမယ်လို့ သိရ





br /> ပြည် ၊ ပေါင်းတည် ၊ နတ္တလင်း ။ ဂြို့ပင်ကောက် ၊ ၈၈တွေ ကျောင်းသားသပိတ်စစ်ကြောင်းကို ဝန်းရံပူးပေါင်းဖို့ထွက်လာကြပြီ ။
( ဇော်နေမျိုး )

0 အကြံပြုခြင်း: