Tuesday, March 17, 2015

ထုံထိုင်းတို့ရွာ

rMelvin Moe
ထုံထိုင်း တွေ ရပ်တည်ချက် မမှန်တဲ့ အကြောင်းပြောရအုံးမယ်

ကေအိုင်အေ ဗိုလ်ချုပ်ဂွမ်မော် ကို အရေဆုတ်မယ် လိုင်ဇာကို သိမ်းမယ် လို့ ရဲရဲတောက်ကြွေးကြော်တာ တလ မပြည့်သေးဘူး ဗိုလ်ချုပ်ဂွမ်မော် နဲ့ ကိုတေဇ ရန်ကုန်မြို့ ပေါ်မှာ ဝိုင် အတူတူသောက်တော့ ဘာသံမှ မထွက်ရဲ ကြတော့ပြန်ဘူး

နောက်တလ လောက်ကြာတော့ လိုင်ဇာကိုသိမ်းမယ် ဂွမ်မော်ကို အရေဆုတ်မယ် ဖြစ်ပြန်ရောဗျ

အခု သမ္မတဦးသိန်းစိန် နဲ့ လက်ဆွဲနှုတ်ဆက်နေပြန်တော့ ထုံထိုင်းတွေ အီလည်လည် နဲ့ ရူးချင်ယောင်ဆောင်နေရပြန်ပြီပေါ့

ယူနန်တရုတ်တွေက ဦးပိုင်ကော်ပိုရေးရှင်းနဲ့ပေါင်းပြီး ဒေသခံတွေကို ရိုက်နှက်တုန်းကတော့ တရုတ်မှန်တယ် ဆန္ဒပြစရာလား မီးလောင်ဗုံးနဲ့ ထုတာ နဲတောင်နဲ သေးတယ် လို့ ပြောခဲ့ကြတာပါဘဲ

တရုတ်စစ်ဖက်ခေါင်းဆောင်က မြန်မာ ကာ/ချုပ် ကို ဖုန်းဆက်ပြီး ဖြဲတော့ တရုတ် မကောင်းဘူးဖြစ်ပြန်ပါပြီ

လိုချင်ရင် ဗိုလ်ချုပ်မြ မလိုချင်တော့ ငမြ
လိုချင်ရင် ဦးခွန်ဆာ မလိုချင်တော့ ဘိန်းဘုရင်ခွန်ဆာ
လိုချင်ရင် ဦးဖုန်းကျားရှင် မလိုချင်တော့ ဘိန်းစားဖုန်းကျားရှင်
လိုချင်တော့ ကျေးဇူးရှင်တရုတ် မလိုချင်တော့ အလကားတရုတ်

OIC ကို နေပူထဲမှာ ဆန္ဒပြ နေပေမယ့် အဲကွန်းခန်းထဲမှာ အဘ တွေ နဲ့ ငွေရေးကြေးရေး အပေးအယူလုပ်တဲ့ ကိစ္စ ကို အသံမထွက်ရဲသလိုပေါ့ဗျာ

ရပ်တည်ချက်မရှိ ခံယူချက်မရှိ ကိုယ့်ရဲဘော်အချင်းချင်းလဲ တန်ဖိုးမထားတဲ့ ထုံထိုင်းတွေပါဘဲ

0 အကြံပြုခြင်း: