Monday, March 9, 2015

အမေရိကန်ဒေါ်လာ (၄) ဘီလီယံ တန် တဲ့ ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီး ဖောက်လုပ်ခွင့် တရုတ် ကုမ္ပဏီ တွေ အပြင်းအထန် ကြိုးစား



Melvin Moe
အစိုးရသက်တမ်း ကုန်ဆုံးတော့ မှာ ဖြစ်တဲ့ အတွက် ရနိုင်သမျှ အပီအပြင် ကို ယူကြတော့မယ်လို့ သတင်းရတယ်ဗျ

အခုလောလောဆယ်မှာတော့ Project တန်ဖိုး အမေရိကန်ဒေါ်လာ (၄) ဘီလီယံ တန် တဲ့ ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီး ဖောက်လုပ်ခွင့် ရရှိမယ့် အခွင့်အရေး အတွက် ဗိုလ်ချုပ်ကြီးတွေရဲ့ သားသမီးတွေ ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီ တွေနဲ့ ယူနန်တရုတ် ကျောထောက်နောက်ခံပေးထားတဲ့ တရုတ် ကုမ္ပဏီ တွေ အပြင်းအထန် ကြိုးစားနေကြပါတယ်

BTO ညှိပြီး အပိုင်းလိုက် ပြန်ခွဲမယ် လို့ ကြားသိရပြီး Tender ခေါ်ဖို့ pre-qualification ဆောင်ရွက်နေကြတယ်လို့ ကြားသိရပါတယ်

Tender အောင်ရင် အပိုင်းလိုက် ခွဲပြီး ပြန်ရောင်းဖို့ ကိုလဲ ဈေးကွက် ရှာနေကြတယ်တဲ့ဗျ

အခုရက်ပိုင်းအတွင်း သမ္မတကြီး နဲ့ ဒု-သမ္မတ ရဲ့ အိမ် ကို အဝင်အထွက်တွေ အရမ်းများပြားနေကြောင်းလဲ သိရှိရပြန်ပါတယ်

ပူးတွဲတင်ပေးလိုက်တဲ့ ကုမ္ပဏီ စာရင်းအပြင် နောက်ထပ် ကုမ္ပဏီ (၆) ခု ကလဲ tender ဝင်ဆွဲဖို့ စာရင်းတင်ထားပါပြီ


မြန်မာနိုင်ငံသား အားလုံးနဲ့ ဆိုင်တယ် သိသင့်တယ် လို့ ယူဆတာကြောင့် တင်လိုက်ပါတယ်ခင်ဗျာ

0 အကြံပြုခြင်း: