Thursday, March 26, 2015

သမီးပါလား၊မြင်လိုက်ရလား


Ashin Issariya
ဒီနေ့လက်ပံတန်းတရားရုံးရဲ့အ၀င်တံခါးပေါက်ရှေ့မှာရင်နင့်စွာခံစားလိုက်ရတဲ့အဖြစ်လေး
ပါ။ရဲတပ်ရင်းအစောင့်အရှောက်နဲ့ရောက်လာတဲ့အချုပ်ကားကြီးသုံးစီးဟာတရားရုံးထဲကို
အရှိန်ပြင်းပြင်မောင်းနှင်ဝင်ရောက်လာပါတယ်။အဲဒီအချုပ်ကားနောက်မှာသားရေ၊သမီးရေ
နဲ့အော်သံများတွေနဲ့အတူလူအုပ်ကနောက်ကပြေးလိုက်လာပါတယ်။ရှေ့ဆုံးကအင်္ကျီအ၀ါ
နဲ့ပြေးလိုက်လာသူကဖြိုးဖြိုးအောင်ရဲ့မိခင်ဒေါ်သန္တာဘဲဖြစ်ပါတယ်။သူနောက်ကသူ့အိမ်
သားဒေါက်တာနေ၀င်းပါ။ " သမီးပါလား၊မြင်လိုက်ရလား " ဆိုတဲ့အမေးကိုခွေးတွေက
သမီးတို့ကိုထိုင်ခိုင်းထားတာမမြင်လိုက်ရဘူးလို့ပေါက်ကွဲသံစဉ်နဲ့အ၀င်တံခါးရှေ့ကိုရောက်
အလာမှာတော့ရဲများကဆီးကာလိုက်ပါတယ်။မိဘဖြစ်သူများကိုပင်တရားရုံးထဲဝင်
ခွင့်မပေးပဲတားမြစ်နေပါတယ်။အခြားသူတို့ရဲ့မိသားစုဝင်များရဲ့ငိုကြွေးအော်ဟစ်သံဟာ
လက်ပံတန်းတရားရုံးမှဘ၀ဂ်တိုင်ညံနေပါတယ်။လူအုပ်ကြီးရဲ့ဒေါသနဲ့တုန့်ပြန်မှုကြောင့်
သုံးစေ့နဲ့ပုလိပ်တစ်ကောင်ကသူအကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပေးပါ့မယ်လို့
လာပြောပါတယ်။နောက်တော့မိဘထဲကတစ်ယောက်သာဝင်ခွင့်ပြုပါတယ်။နောက်နိုင်ငံ
ခြားသားမီဒီယာအပါအ၀င်မီဒီယာများနဲ့ပြည်တွင်းသတင်းသမားတွေကိုဝင်ခွင့်ပြုခဲ့ပါ
တယ်။နောက်နိုင်ကျဉ်းအဖွဲ့လည်းဝင်ခွင့်ရသွားပါတယ်။အခြားဝင်ခွင့်မရတဲ့မိသားစု
ဝင်တွေကတော့မျက်ရည်စက်လက်နဲ့ကိုယ်တောင်ကြားကနေခံစားရလို့နောက်ဆုပ်
နေရပါတော့တယ်။

လိုတာထက်ပိုမိုအင်အားသုံးပြတာဟာနောက်ထပ်အလားသဏ္ဍန်တူဖြစ်ရပ်မျိုးများများ
ဖြစ်အောင်တမင်လုပ်နေတာလားလို့တောင်ထင်ရပါတယ်။နောက်တစ်ခုပိုဆိုးတာက
နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့။ကျောင်းသားတွေကိုရက်ရက်စက်ရိုက်နှက်အကြမ်းဖက်
တဲ့လုံထိန်းတပ်(၁)တပ်ရင်းကိုစေလွှတ်တာပါဘဲ။

ဘာဘဲပြောပြောအချုပ်ကားသံတိုင်ကြားကထောင်ပြသွားတဲ့ကျောင်းသားလေးတွေ
ရဲ့လက်မလေးတွေဟာအာဏာရှင်ရဲ့လက်နက်အားကိုးအကြမ်းဖက်မှုကိုရဲရဲကြီး
အံတုနိုင်တယ်ဆိုတဲ့မြင်ကွင်းကနှလုံးသားထဲကိုစူးဝင်ခဲ့ရပါတော့တယ်။

0 အကြံပြုခြင်း: