Friday, March 6, 2015

အသေဝနာစ ဗာလာနံ



Thorn Nay Soe

________________

အံ့သြလို့ပါ။

* ဒလ က ကလေကချေကို
'တာဝန်' လက်ပတ် ပတ်ပေးပြီး
မြို့မိမြို့ဖလို့ နာမည်တပ်
မြို့တော်ခန်းမထဲ သွင်းတော့
နေ့ခင်းကြောင်တောင် ကျောင်းသူတစ်ဦးကို
ကာယအိနြေ္ဒ ပျက်ပြားစေတယ်။

* တော်တော် လူဝေဖန်ခံနေရတဲ့
တော်တော်စည်းလွတ်ဘောင်လွတ်တွေပြောတတ်တဲ့
ပါတီလို့ မည်ကာမတ္တ
လူထုထောက်ခံမှု စိုးစိမျှမရှိ။
ပါတီဝင် နှစ်ယောက်နဲ့တစ်ပိုင်း
ဆိုင်းဘုတ်ထောင်ထားရုံပါတီ တစ်ခုက
အဆင်ခြင် လုံးဝမရှိသူကို
လွှတ်တော်ထဲခေါ် လူရာသွင်းပြောခိုင်းတော့
"ကျောင်းသားတွေကို ပြတ်ပြတ်သားသား
'ချေမှုန်း' ပစ်ပါ" လို့ အင်မတန်ရုပ်ဆိုးစေမယ့်
အန္ဓစကား ပြောတယ်။

ဒီလိုလူတွေနဲ့များ ဘာလို့ …
ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်နေရတာလဲ?
ဘာလို့ အဖက်လုပ်လူရာသွင်းနေရသလဲ?

မင်္ဂလာတရားတော်မှာ ပထမဆုံးလာတဲ့တရားဟာ
'အသေဝနာစ ဗာလာနံ' ဆိုတာလေး
သတိပြုကြပါဦး ခင်ဗျာ။

0 အကြံပြုခြင်း: