Monday, March 9, 2015

တပေါင်းနေကို တော်လှန်ကြသူများ


ရန်ကုန်ကိုကားစီးရောက်ဘုရားမှာဆုတောင်း
အိမ်ပြန်ကြမှာပဲခွင့်ပြုပေးလိုက်ပါဦးသိန်းစိန်....

မနက်ဖြန် ကျောင်းသားတွေ ရန်ကုန်လာနိုင်ဖို. ညှိနှိုင်းနေကြပြီ
=======================================
NNER အဖွဲ့က ဒေါက်တာသိန်းလွင်တို့နဲ့အတူ SNLD ပါတီ အထွေထွေအတွင်းရေးမှူး
စိုင်းညွန့်လွင်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်တို့ဟာ မတ်လ ၉ရက်နေ့မနက်က လက်ပံတန်း ကျောင်းသားသပိတ်ရှိရာကို ရောက်လာခဲ့ပြီး ဆွေးနွေး
ခဲ့သလို ပဲခူးတိုင်း နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးသက်ထွန်းနဲ့ နာရီဝက်
လောက် တွေ့ဆုံခဲ့ကြပါတယ်။

မနက်ဖြန် ၁ဝရက် မနက် ၁ဝနာရီနောက်ဆုံးထားပြီး သပိတ်စစ်ကြောင်းကို ပိတ်ဆို့
ထားမှု ဖြေရှင်းဖို့ ကျောင်းသားတွေက ကြေညာချက်ထုတ်ပြန်ထားတဲ့အရေး ဆွေးနွေး
ကြတာဖြစ်ပြီး နယ်/လုံဝန်ကြီးက ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အစိုးရအဖွဲ့ဝင်တွေ ဖြစ်စေချင်
တာကိုသာ သူက လုပ်ဆောင်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။

NNER၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင်တဲ့ ၂၃ဖွဲ့ရဲ့
မေတ္တာရပ်ခံချက်နဲ့ပတ်သက်လို့ ဒီကနေ့ ၃နာရီမှာ သမ္မတဦးသိန်းစိန်ဖက်က အဖြေတစ်ခု
ကိုသိရမယ်လို့ ဒေါက်တာသိန်းလွင်က ဆိုပါတယ်။ ကျောင်းသားတွေကတော့ မနက်ဖြန်
မနက် ၁ဝနာရီမှာ ဘာဆက်လုပ်မယ် မသိရပေမယ့် နှစ်ဖက်ညှိနှိုင်းပြီး နောက်ဆုံး သတ်မှတ်ချိန်မတိုင်ခင် အဖြေတစ်ခုရဖို့လည်း မျှော်လင့်နေတယ်လို့ ဒေါက်တာသိန်းလွင်
က ကမာရွတ်မီဒီယာကို ရှင်းပြခဲ့ပါတယ်။


သတင်းဓာတ်ပုံ - မျိုးမြတ်ဇော်/ကမာရွတ်မီဒီယာ

U Win Cho
လက်ပန်တန်းက ကျောင်းသားတွေ “ရန်ကုန်”ကိုလာပါစေဗျာ။
သူတို့ရန်ကုန်ကိုလာရင် “နိုင်ငံတော် အုံကြွမှု”ကြီးဖြစ်သွားမယ် ဆိုတဲ့ အထင်ကို
အမှန်တရားလို့သဘောမထားပါနဲ့။
ပညာရေးဥပဒေ ပြင်တဲ့ကိစ္စ ကိုကျနော်ဘာမှ ၀င်ပါတဲ့သူ မဟုတ်ပါဘူး။
လက်ပန်တန်းမှာ ကျောင်းသားလေးတွေ တောင်းဆိုတဲ့ အချက်(၈)ချက် ကကျနော်သာတာဝန်ရှိပုဂ္ဂိုလ် ၊လုပ်ပိုင်ခွင့်ရှိတဲ့ပုဂ္ဂိုလ် ဆိုရင် “ခွင့်ပြုပြီးသား”
ခင်ဗျားတို့မှာ အင်အားအပြည့်ပါ။“ငွေ”ရော။“လူ”ရော“လုပ်ပိုင်ခွင့်”ရော။
=============================================

“ဟေ့.....ငါ့မျက်မှန် ဘယ်မှာတွေ့မိတုန်း”

ကျနော်က မျက်မှန်ကို စာဖတ်တဲ့အချိန်မှ တပ်တယ်။ အဝေးကိုမြင်ရတယ်လို့ကိုယ့်ကိုယ်ကိုထင်တုန်း။
အနီးကြည့်မျက်မှန် “နှစ်လက်”တပြိုင်ထဲလုပ်ထားတယ်။
တစ်ခုပျောက်ရင်ကျိုးပဲ့သွားရင် တစ်လက်အဆင်သင့်ဖြစ်အောင်လို့။
အခုက အပြင် (လဘက်ရည်ဆိုင်)သွားပြီး အိမ်ပြန်လာတာ။
အိမ်ရောက်တော့ ကွန်ပျူတာရှေ့ထိုင်မယ် စာဖတ်မယ် ဆိုတော့မျက်မှန်လိုပြီ။

“ဘယ်သိမလဲ။ကိုယ့်မျက်မှန်ကို ဘယ်သူမှမသိမ်းဘူး။ဒီမှာ ကိုယ့်အလုပ်နဲ့ကိုယ်တောင်မအားဘူး”

ကျနော့်ဇနီးက အိမ်ခန်းထဲကပြန်ပြောတာ။သူ့မှာလည်းသူ့အလုပ်နဲ့သူ။
မအားရတဲ့ကြားထဲ ကျနော်က ထပ်ပြီးအလုပ်ပေးလိုက်သေးတာကိုး။
တကယ်က အိမ်မှာလူပိုမရှိလှဘူး။
ပစ္စည်းတွေကိုကောက်သိမ်းတတ်တဲ့အလေ့အကျင့်ကတော့ ကျနော့်ဇနီးတစ်ယောက်ဘဲရှိတယ်။

“အိမ်ကိုဘယ်သူလာသေးလဲ”
“ရေသန့် လာပို့တဲ့ ကလေးတစ်ယောက်လာတယ်”
“ဟာ....အဲဒီကောင်လေးများလား”
“သူက အိမ်ထဲမ၀င်ဘူး”
“ဒါဆို ရင်သူတော့မဟုတ်နိုင်တော့ဘူးပေါ့”
(အိမ်ရှေ့ခန်းနဲ့အတွင်းခန်းနဲ့ အော်ပြောနေကြတာ)

ကျနော်စဉ်းစားရပြီ။
“မဟုတ်သေးပါဘူး။လဘက်ရည်ဆိုင်ကိုပါသွားသေးလား။ဘာစာမှမဖတ်ဘဲ
ထိုင်စဉ်းစားရင်းလဘက်ရည်သောက်တာ။ဘာစာမှမဖတ်ဖူး။မျက်မှန်မပါဘူး။
အိမ်မှာဆိုရင် ကွန်ပျူတာခုံပေါ်မှာဘဲ ထားတတ်တာ။နေပါအုံး။အခန်းထဲများသွားမိသေးလား။အဲဒီမှာလည်းမရှိဘူး။အိမ်သာတက်ရင်း Note book နဲ့သုံးတော့ အဲဒီမှာလား။ အဲဒီမှာလဲ မဟုတ်ဖူး။ဒီကောင်လေးဘဲ ဖြစ်မယ်”

“အမေရေ.....မင်းပြောတဲ့ ရေသန့်ကောင်လေးက အိမ်ထဲမ၀င်တာသေချာလို့လား”
“အခန်းထဲမ၀င်ဘူးလို့ပြောတာ။မီးဖိုခန်းထဲတော့ ရေသန့်ဘူးလာထားတာပေါ့”
“ဟာ......ကွန်ပျူတာ ခုံဘက်ကိုရောက်နိုင်တာဘဲ”
“အဲဒါတော့မသိဘူး။သူ့လည်းတချိန်လုံးလိုက်မကြည့်နိုင်ဘူး”
“ဟုတ်ပါပြီကွာ။ငါ့မျက်မှန် နောက်တစ်လက်ဘဲ ထုတ်ပါတော့မယ်”

ဆိုပြီး အခန်းထဲဝင်တော့
“ရှင့်လည်ပင်းက ကြိုးနဲ့ဆွဲထားတာက ဘာကြီးလဲ”တဲ့။
မျက်မှန်ပျောက်တတ်လို့ ဆိုပြီးကျနော်ပြောလို့တပည့်တစ်ယောက်က
“အဘ..မျက်မှန်ကိုတွေ့ရာနေရာမှာထားတော့ပျောက်မှာပေါ့။ဒီကြိုးလေးနဲ့ ဆွဲထား”
ဆိုပြီး မျက်မှန် ကိုင်းမှာတပ်တဲ့ကြိုးလေး (မနေ့ကမှ)ပေးလိုက်တဲ့အတွက် မျက်မှန်မှာ တပ်ထားပြီးလည်ပင်းမှာ ဆွဲထားတာ ကျနော်မေ့နေတာကိုး။

“သံသယ အကျိုး” ဆိုတာကို သွားသတိရတယ်။
ကျနော့်မှာ “လုပ်ပိုင်ခွင့်”ရှိတယ်။
ရေသန့်ဘူး ပို့တဲ့ကလေးရဲ့ ဆိုင်ကိုကျနော်သွားမယ်။
သူ့ကို သံသယ နဲ့စွပ်စွဲမယ်။
ကျနော်က အသက်အရွယ်အရ“လူကြီး”။
ဆိုင်ရှင်ကလည်းကျနော့်နဲ့ အရင်ကတည်းကသိထားပြီးသား။
သူ့တပည့်လေးလုပ်တယ်ဘဲထင်ပြီး အရေးယူလိုက်ရင်......................။
ကျနော်တော်တော်အသုံးမကျတဲ့သူဖြစ်သွားမှာပေါ့။

“သံသယ အကျိုး”ကို စွပ်စွဲခံရတဲ့သူဘဲခံစားခွင့်ရှိတယ်။
“အထင်”တွေနဲ့ယိုးစွပ်ခွင့်မရှိဘူး။
ကမ္ဘာကြီးပျက်တော့မယ် လို့တောင်ထင်တဲ့သူတွေထင်ကြသေးတာဘဲ။
အထင်ဆိုတာ အမှန်တရားမှမဟုတ်တာ။

လက်ပန်တန်းက ကျောင်းသားတွေ “ရန်ကုန်”ကိုလာပါစေဗျာ။
သူတို့ရန်ကုန်ကိုလာရင် “နိုင်ငံတော် အုံကြွမှု”ကြီးဖြစ်သွားမယ် ဆိုတဲ့ အထင်ကို
အမှန်တရားလို့သဘောမထားပါနဲ့။
ပညာရေးဥပဒေ ပြင်တဲ့ကိစ္စ ကိုကျနော်ဘာမှ ၀င်ပါတဲ့သူ မဟုတ်ပါဘူး။
လက်ပန်တန်းမှာ ကျောင်းသားလေးတွေ တောင်းဆိုတဲ့ အချက်(၈)ချက် ကကျနော်သာတာဝန်ရှိပုဂ္ဂိုလ် ၊လုပ်ပိုင်ခွင့်ရှိတဲ့ပုဂ္ဂိုလ် ဆိုရင် “ခွင့်ပြုပြီးသား”
ခင်ဗျားတို့မှာ အင်အားအပြည့်ပါ။“ငွေ”ရော။“လူ”ရော“လုပ်ပိုင်ခွင့်”ရော။

ကျနော်တို့ဝိုင်းဝန်းထိန်းသိမ်းပေးပါ့မယ်။
အရပ်ဘက် အဖွဲ့အစည်းတွေ ၀ိုင်းဝန်းထိန်းသိမ်းပေးဘို့ကိုလည်း အကူအညီတောင်းပါ့မယ်။
တစ်စုံတစ်ခု ဖြစ်ခဲ့ရင် “တာဝန်ယူ”တဲ့ ကျနော့်ကို ဘဲ အရေးယူပါ။
ခင်ဗျားတို့ပေးထားတဲ့ကတိနဲ့အညီ ကျောင်းသားတွေကို အရေးမယူရင်ကျေနပ်ပြီ။

သပိတ်မှောက်နေတဲ့ကျောင်းသားများခင်ဗျား။
ခင်ဗျားတို့ “လက်ပန်တန်း”မှာနောက်ဆုံးတောင်းဆိုတဲ့ အချက်(၈)ချက် ထက် ကျော်လွန်ဆောင်ရွက်မှာ မဟုတ်ဘူး လို့ ကျနော်ယုံကြည်ပါတယ်။
လိပ်ခဲတဉ်းလည်း အခြေအနေ ကို ကျော်လွန်စေချင်ပါတယ်။
အဲဒီအတွက် ခင်ဗျားတို့ရန်ကုန် ကို ၀င်မည့်အရေးအတွက် ကျနော်“အာမခံ”ပါ့မယ်။
ခင်ဗျားတို့ ကျနော့်ကို ယုံကြည် လက်ခံမယ် ဆိုရင် ကျနော် “ရင်း”ပေးပါရစေ။

ကျနော် လုပ်ပေးနိုင်တာ ဒါဘဲရှိတဲ့အတွက်တော့ စိတ်မကောင်းပါဘူး ခင်ဗျား။

ကျနော့်စာကိုဖတ်မိတဲ့သူများ ဘက်နှစ်ဘက် လုံး သိရှိစေရေး အကူအညီပေးကြပါခင်ဗျား။

0 အကြံပြုခြင်း: