Sunday, March 1, 2015

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ၊ ကာချုပ်တို့ မနက်ဖြန်ညနေတွေ့မယ်




မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်
တို့နှစ်ယောက် မနက်ဖြန် ညနေ (မတ်လ ၂ရက်)ကျရင် နေပြည်တော်မှာ သီးသန့်ေ
တွေ့ဆုံဖို့ရှိပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံပြီးတဲ့နောက်မှာတော့ မြန်မာ့တပ်မတော်
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့လည်း နိုဗယ်ငြိမ်းချမ်းရေးဆုရှင်
တို့ သီးခြားတွေ့ဆုံဖို့ရှိနေပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတ်လ ၂ရက်နေ့ကျရင် အောင်လံ
မှာ လူထုနဲ့တွေ့ဆုံပြီး နေပြည်တော်မှာ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံ
မှာမို့ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ၆ပွင့်ဆိုင်ကို ငြင်းပယ်ထားတဲ့ ထိပ်သီးပုဂ္ဂိုလ်
နှစ်ယောက်နဲ့ တွေ့ဆုံမှုဟာ ထူးခြားမှုရှိနိုင်ပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ပြီးခဲ့တဲ့နှစ် မတ်လတုန်းက
လည်း နောက်ဆုံးအကြိမ် တံခါးပိတ် တွေ့ဆုံခဲ့ပါတယ်။ ဦးသိန်းစိန်ဟာ ယုံကြည်
လို့ရတဲ့သူဖြစ်တယ်လို့ ၂ဝ၁၁ သြဂုတ်လ ပထမဆုံး တွေ့ဆုံမှုအပြီး နိုင်ငံတကာ
အသိုင်းအဝိုင်းကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပေမယ့် ၂ဝ၁၄နှစ်ကုန်ပိုင်း
မှာတော့ မြန်မာပြည် ပြုပြင်ပြောင်းလဲရေးဟာ ရပ်တန့်သွားခဲ့ပြီလို့ မှတ်ချက်ပေးခဲ့
ပါတယ်။

သတင်း-Kamayut Media.

0 အကြံပြုခြင်း: