Sunday, March 15, 2015

ကူမလားဆိုတော့ ဟိုလိုလိုဒီလိုလိုနဲ့ ထွက်သွားတယ်


Naing Lay Htwe
ပထမဆုံးပြောချင်တာက အလုပ်သမားစုပေါင်းသပိတ်ရဲဘော်များ အကြမ်းဖက်ဖမ်းဆီးခံရဲဘော်များနှင့်အတူ ကျုပ်တို့ တိုက်ပွဲအစ သပိတ်၃၆ရက်ကနေ မနေ့ က ညနေအထိ နည်းလမ်းမျိုးစုံနဲ့ အတူရှိနေခဲ့ပါတယ်။

၁၃ရက်နေ့ ထောင်ကနေ အာမခံနဲ့၁၃ယောက်လွတ်တယ်။အပြင်ကနေရင်ဆိုင်မယ်။(၁၄၇)နောက်ထပ် ၁၈တမှုထပ်တိုးမယ်အသံထွက်နေတယ်။

၅ယောက်ကျန်ခဲ့တယ်။မျိုးမင်းမင်း နိုင်ဌေးလွင် နိုင်ဇော်ကြည်ဝင်း သူဇော်ကြည်ဝင်း ကိုစိုင်း
၁၄၇ ။ ၁၈ ။ ၅၀၅/ခ ။ပုဒ်မ ၃ခုစီနဲ့ ။

မနေ့ က၁၄ရက်နေ့ မှာ အကြမ်းဖက်ဖမ်းဆီးခံ အပြင်ပြန်ရောက်ရဲဘော်တွေနဲ့ ထပ်တွေ့ တယ် ။သတင်းတွေစု ရှေ့လုပ်ငန်းစဉ်ချ။ မလိုအပ်တဲ့အပိုင်းဖြစ်တဲ့ မလိုအပ်တဲ့ လူ့ အာချောင်တွေ ။ပါးစပ်သမားတွေ ။ ပြစားတွေကိုချန်ခဲ့ပြီး ရှေ့ဆက်သွားမယ့်လုပ်ငန်းစဉ်ကို အသေးစိတ်ဆွေးနွေးခဲ့တယ်။ဘာဖြစ်လို့ ဒီလောက်ပြောပြနေရသလဲဆိုတာအောက်မှာဖတ်ကြည့်ပါ။

စဖြစ်ကတည်းက ကူညီပေးသူရဲဘော် ကိုစိုင်း သူဇော် နိုင်ဇော်တို့ ကလွဲရင်အလုပ်သမားတွေသူတို စုပေါင်းသပိတ်ရံပုံငွေနဲ့ ရပ်တည်ခဲ့တယ်။ရင်ဆိုင်ခဲ့တယ်။

သူတို့ ကို တိုက်ရိုက်အကူလာပေးတာ က ကျောင်းသားနဲ့  တက်ကြွလှုပ်ရှားသူ အမျိုးသမီးတဦး။ငွေမဟုတ်ဘူး စိတ်ခွန်အား။

ဖမ်းခံရတယ်ထောင်ရောက်တယ်မိသားစုက သူတို့ စားရိတ်နဲ့ သူတို့ လုပ်ကြတယ်။

၁၃ရက်နေ့ က အာမခံနဲ့ လွတ်ဘို့ လုပ်တယ်။
နိုင်ကျဉ်းက အကိုတယောက်က သူ့ ကိုယ်ပိုင်ငွေ ၅သောင်းကို အဲဒီ့အတွက်သုံးဘို့ ကူပေးလို့ သူတို့ သုံးတယ်။

နောက်တနေ ၁၄ရက်နေ့ကျုပ်တို့ လူစုံတက်စုံ တွေ့ ပြီးအားလုံးပြောဖြစ်ကြတော့ အလုပ်သမားတွေကို ပြပြီးအမြတ်ထုတ်နေတဲ့အဖွဲ့ တွေကိုအထင်အရှားတွေ့ လာရတယ်။အဖွဲ့ တာဝန်ခံတွေကလူသိရှင်ကြားအလုပ်သမားတွေကိုသူတို့ ဘဲကူညီထားသလို စောင့်ရှောက်ထားသလို ပေးကမ်းထားသလိုနဲ့  မီဒီယာတွေကနေပုံထုတ် အသံလွှင့်ကြတယ်။
တကယ်တမ်းအလုပ်သမလေးက အဲဒီအဖွဲ့ တာဝန်ခံအမျိုးသမီးတယောက်ကို မေးတယ်ဘာကူညီနိုင်တာလဲ အခုအာမခံအတွက်လူလိုနေတယ် ကူမလားဆိုတော့ ဟိုလိုလိုဒီလိုလိုနဲ့ ထွက်သွားတယ်ပြီးမှကွယ်ရာကနေအတင်းချတယ်အဲဒီအလုပ်သမလေးမိုက်ရိုင်းတယ်စကားပြောမကောင်းဘူးတဲ့။ သူမေးတာတကယ်ကူဘို့ လိုအပ်နေတာကိုကူနိုင်မလားမေးတာပါ။

နောက် အလုပ်သမားတွေအားလုံးက ကျုပ်ကို တည်ပြီးပြောတယ။် ရဲဘော်ကျမတို့ ကိုဒီကိစ လူသိအောင်ဖေါ်ထုတ်ပေးပါ။ကျမတို့ ကိုပြပြီး နှမ်းဖြူးလိုက်တောင်းစားလိုက်လုပ်နေတာ ဟာ ကျမတို့ ရော ကျမတို့ ကို အစအဆုံးခုချိန်ထိကူနေတဲ့ဟိုအမရောကျုပ်ရော ကိုစော်ကားတာနဲ့ အတူတူပါဘဲ။ကျမတို့ မပြောတတ်လို့ ပါတဲ့။

ဒီတော့ ကျုပ် တိတိကျကျဘဲပြောမယ်။
အလုပ်သမားတွေကို ဘယ်နေရာမှကိုယ်ထိလက်ရောက်ဝင်မကူခဲ့ဘဲနဲ့ တော့ ကိုယ်ကူနေသလိုမျိုးလုပ်ပြီး ကိုယ့်အတွက်ကိုယ်လုပ်တာတွေကိုရပ်တန်းကရပ်ပါ။
နောက်တခု အလုပ်သမားတွေကိုယ်တိုင်သဘောထားရှင်းလင်းထုတ်ပြန်နေပါတယ်။ကာယကံရှင်တွေကိုတကယ်ကူပေးတာမဟုတ်ဘဲ လူကြားကောင်းရုံ ကြေငြာချက်တွေထုတ်ပြီးညာမနေကြပါနှင့်။

အလုပ်သမားများနှင့်အတူ အစအဆုံး အလုပ်လုပ်ပေးမယ်ဆိုရင်တော့ ကိုယ့်အတ္တတွေကို ကိုယ့်အဖွဲ့ ရုံးခန်းထဲမှာချိတ်ထားခဲ့ပြီးမှရိုးသားစွာလာပါ။


ရဲဘော်ရန်နိုင်ထွေး

0 အကြံပြုခြင်း: