Sunday, March 15, 2015

ဘူးလက်လှဆွေနှင့်သင်္ဂလီ

Myo Yan Naung Thein
အမျိုးသား သစ္စာဖောက် လောက်ကောင်ဆိုတာ ဘယ်လိုလူမျိုးကိုခေါ်သနည်း
**********
တလောလေးက FB လူမှုကွန်ယက်ပေါ်မှာ "ရိုဟင်ဂျာ" ဆိုတဲ့စာအုပ်နဲ့ပတ်သက်ပြီး ဦးကိုနီရေးတယ်၊ မရေးဘူး၊ ထုတ်ဝေတယ်၊ မထုတ်ဝေဘူး၊

ဦးကိုနီဟာ ကုလားအရေးကို ဦးစားပေးတယ်၊ မပေးဘူး ဆိုတာတွေနဲ့ပတ်သက်ပြီး မျိုးချစ်ညီအကိုတွေအကြား ဝေဖန်သံတွေ အတော်လေး ဆူညံပွက်လောရိုက်သွားတာတွေ့ရပါတယ်။

ဒီတော့ ဦးကိုနီဟာ ဘယ်လိုလူမျိုးလည်းဆိုတာ စဉ်းစားစရာရှိလာပါတယ်။ ဦးကိုနီဟာ ဖခင်စူတန် နှင့် မိခင်ဒေါ်လှတို့မှ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့နယ် အင်းရွာ ကျေးရွားမှာ မွေးဖွားပြီး ကသာမြို့ အ.ထ.က (၁) ကျောင်းမှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး

ရန်ကုန် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် B.A Law ဘွဲ့ကို၎င်း L.L.B ဥပဒေဘွဲ့ကို၎င်း ၁၉၇၅-၇၆ ပညာသင်နှစ်များမှာတော့ ရန်ကုန်တက္ကသိုလ် ဥပဒေအသင်းကြီး၏ ဒုတိယဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာတွေ့ရပါတယ်။

တဖန် ရန်ကုန် နည်းပညာတက္ကသိုလ်မှာ နည်းပြဆရာအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့တာတွေ့ရပြန်ပါတယ်။

နောက် ဆရာကြီး ဦးကိုယု၏ ရှေ့နေချိန်ဘာမှာ အလုပ်သင်ရှေ့နေအဖြစ်၎င်း အမှုလိုက်ရှေ့နေအဖြစ်၎င်း လုပ်ကိုင်ခဲ့ပြီး ၁၉၉၅ ခုနှစ် မှစပြီး LAUREL LAW FIRM ကိုတရားဝင်တည်ထောင်ပြီး ဥက္ကဌအဖြစ်တာဝန်ယူလုပ်ကိုင်တယ်လို့လည်းသိရပါတယ်။

နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ CAPACITY BUILDING TRAINING မှာ TRAINER အဖြစ်၎င်း ၂၀၀၈ ခြေ/ဥ ပြင်ဆင်ရေး ကော်မတီမှာ အဖွဲ့ဝင်အဖြစ်၎င်း စသည်ဖြင့် ရိုးရှင်းစွားဖြတ်သန်းနေထိုင်လာခဲ့တာတွေ့ ရပါတယ်။

ဒီလိုပြောလို့ ကျနော်ဟာ ဦးကိုနီကို လော်ဘီလုပ်ပေးနေတယ်လို့ မမြင်စေချင်ပါဘူး။ တချို့လူတွေပြောတဲ့ ဦးကိုနီဟာ အန္တရယ်ရှိတယ်ဆိုလို့ သူ့အကြောင်း ကျနော်စုံစမ်းသိရှိရသလောက် ဒါအကုန်ပဲဆိုတာကို ဖော်ပြချင်တာပါ။

တကယ်တော့ဗျာ တိုင်းပြည်တစ်ပြည်မှာ အရေးအကြီးဆုံးက တိုင်းပြည်ရဲ့အာဏာပဲဖြစ်တယ်။

အဲ့ဒီ တိုင်းပြည်အာဏာကို အသေးစိတ်ကြည့်မယ်ဆိုရင်
၁။ ဥပဒေပြုရေးအာဏာ
၂။ အုပ်ချုပ်ရေးအာဏာ
၃။ တရားစီရင်ရေးအာဏာ

စသည်ဖြင့် ၃ မျိုးတွေ့ရမှာဖြစ်တယ်။ မိမိတိုင်းပြည် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲချင်တယ်ဆိုရင် အဲ့ဒီ အာဏာသုံးရပ်မှာ အလုပ် လုပ်ကိုင်နေတဲ့လူတွေဟာ သစ္စာရှိတဲ့ မိမိနိုင်ငံသား စစ်စစ်ဖြစ်နေဖို့က ပထမ (၁) အရေးကြီးတဲ့အချက်ပဲဖြစ်တယ်။

ဒီတော့ဗျာ ယုတ်စွအဆုံး ခင်ဗျားတို့ကိုယ်တိုင်က အန္ဒရာယ်ရှိပါတယ်ဆိုပြီး စိုးရိမ်နေတဲ့ ဦးကိုနီဟာ ဒီဥပဒေ (၃) ရပ်အတွင်းမှာ ဘယ်လိုမှ ရှိမနေသေးဘူးဆိုတာလည်း ခင်ဗျားတို့ကို သိစေချင်တယ်။

အဲ့တော့ ဒီကနေ့ တိုင်းပြည်အာဏာ (၃) ရပ်ထဲက တစ်ခုဖြစ်တဲ့ ဥပဒေပြုရေးအာဏာကို ပိုင်စိုးထားတဲ့ လွှတ်တော်မှာ ဘယ်လိုလူမျိုးတွေ နေရာယူထားသလဲ ပြန်ကြည့်ဖို့လိုတယ်။

ကျနော်တို့တွေဟာ အမျိုးသားလုံခြုံရေး (NATIONAL SECURITY) ကို အလေး ထားပါတယ်ဆိုပြီးတော့ ပါးစပ်ကသာအော်နေတယ် တိုင်းပြည်ရဲ့ အရေးကြီးတဲ့ နေရာကို ဘယ်ကမှန်းမသိတဲ့ ဘင်္ဂလီ (၃) ဦး ရောက်နေတာကျ သတိမထားမိလိုက်ဘူး ဆိုတာမျိုးလိုဖြစ်နေတယ်။

အဲ့ဒီ ဘင်္ဂလီ အမတ် (၃) ဦကတော့..
၁။ အောင်ဇော်ဝင်း
၂။ ရွေမောင်
၃။ ဌေးဝင်း

ဘယ်ပါတီဝင်တွေလဲဆိုတော့
ကြံ့ဖွဲ့ပါတီဝင်တွေ။

ဘယ်သူတွေရဲ့ ထောက်ခံမဲနဲ့ လွှတ်တော်ထဲ ရောက်နေသလဲ...??? အသက်(၁၈)နှစ်အထက် နိုင်ငံသားမဟုတ်တဲ့ White Card ကိုင်ဆောင်ထားသူ ဘင်္ဂလီ ကျား (၂၂၆၁၂၇) ဦး၊ မ (၂၄၆၈၈၆)ဦး၊ ပေါင်း (၄၇၃၀၁၃)ဦး ရဲ့ထောက်ခံမဲနဲ့ လွှတ်တော်ထဲရောက်နေတာဖြစ်တယ်။

ဒါတောင် အသက် (၁၀) နှစ်ကနေ(၁၈)နှစ်မပြည့်သေးသူတွေရဲ့ စာရင်းမပါသေးဘူး။

အသက်(၁၀)နှစ်နှင့် (၁၈)နှစ်ကြား ထက်ပေါင်းကြည့်လိုက်မယ်ဆိုရင် ကျား (၉၈၇၉၄)ဦး၊
မ (၉၉၀၉၄)ဦး၊
ပေါင်း (၁၉၇၈၈၈)ဦး။
အားလုံးစုစုပေါင်း White Card ကိုင်ဆောင်ထားသော နိုင်ငံသားမဟုတ်သူ
(၆၇၀၉၀၁) ဦး ရှိပါတယ်။
ဒါ(ရခိုင်ပြည်နယ်အစိုးရ စာရင်းဇယားအရ) ပါ။

အဲ့ဒီလောက်များပြားတဲ့ ဘင်္ဂလီတွေ ဘာ့ကြောင့်အလုံးအရင်းနဲ့ ဘူးသီးတောင် မောင်တောဒေသတွေကို ဝင်လာနိုင်ကြသလဲ...???
ဖွတ်အစိုးရရဲ့ လျင်သူစားစတမ်းစနစ်နဲ့ အပြိုင်အဆိုင် ခိုးသွင်းတာတစ်မျိုး ပေါ်တင်သွင်းတာတဖုံ...

၎င်းတို့ရဲ့ လက်စွမ်းပြမှုကြောင့် ဘင်္ဂလားဒေ့ရ်က လက်မခံသည့် ဘင်္ဂလီတွေဟာ ဖွတ်အစိုးရအာဏာပိုင်တွေကို လာဘ်ပေးပြီး ပျော်ပျော်ကြီး စံမြန်းလာကြတာပဲဖြစ်ပါတယ်။

သူတို့အတွက်တော့ ဖွတ်အစိုးရဟာ ကမ္ဘာ့ကျေးဇူးရှင်ကြီးတွေဆိုရင်လည်း မမှားပေဘူးပေါ့ဗျာ။

စင်စစ် ဘယ်တိုင်းပြည်မှာမှ နိုင်ငံသားမဟုတ်လျှင် မဲပေးခွင့် အခွင့်အရေးမရှိ၊ သို့သော် မိမိတိုင်းပြည်က ရွှေဥာဏ်တော် စူးရောက်တွေရဲ့ မဲ နိုင်ချင်ဇောနဲ့ ထွင်လိုက်တာ ဝှိုက်ကဒ်သောဘာသောမရှိ အကုန်မဲပေးခွင့်ရှိ၏ဆိုပြီး လုပ်ထည့်လိုက်တာ အခုတော့ ဘင်္ဂလီ (၃) ဦးဟာ လွှတ်တော်ထဲမှာ ဆန့်ဆန့်ကြီးနဲ့ ခန့်ခန့်ကြီး။

ဒီ ၃ ဦးဟာ လွှတ်တော်ထဲ စရောက်ကတည်းက ဒီ ဘင်္ဂလီ သမိုင်းလိမ် လူမျိုးတွေ နိုင်ငံသားဖြစ်ရေးအတွက်ပဲ တစိုက်မတ်မတ်လုပ်နေတာ တွေ့ရတယ် ကျန်တဲ့နေရာတွေမှာ ဘာမှထိထိရောက်ရောက် အဆိုတင်သွင်းတာတို့ဘာတို့ သိပ်မတွေ့ရဘူး။

မှတ်မှတ်ရရ ဖွတ်ပါတီဝင် မောင်တောကိုယ်စားလှယ် ဘင်္ဂလီအမတ် အောင်ဇော်ဝင်းဟာ ၂၀၁၂ ဧပြီ (၂၉) တွင် "ဘင်္ဂံလီများအား နိုင်ငံသားဖြစ်အောင် တစိုက်တမတ်မတ်
လုပ်ဆောင်သွားမည်၊ သူ့အနေဖြင့် များမကြာမီ မူဆလင်များအား
နိုင်ငံသားကပ် တရားဝင် ပေးရန် စစ်အုပ်စုမှသူ့အား
တာဝန်ပေးအပ်လာမည်ဖြစ်သည်.." ဟု
...၂၀၁၂ သြဂုတ်လတွင်
DAINIK COX’S BAZAR
တွင်ရေးသားခဲ့ဖူးတယ်လို့ သိရပါတယ်။

တစ်ဖန် နယ်စပ်ဒေသရှိ ဘင်္ဂံလီမျာအား မြန်မာများမှလူမျိုတုံးသတ်ဖြတ်မှု
(Hidden Genocide) ပြုလုပ်ကြောင်းကို
စိတ်မကောင်းသည့်လေသံဖြင့်
အယ်လ်ဂျားဇီးယားတွင် ဘူးသီးတောင်ကိုယ်စားလှယ် ဘင်္ဂံလီဖွတ်အမတ်ရွေမောင်ကလည်း
အင်တာဗျူး ခဲ့ပါသေးတယ်။

ထိုဖြစ်စဉ်များကို လွှတ်တော်ထဲတွင်အင်အားအများဆုံးဖြစ်သော
ပြည်ခိုင်ဖြိုးပါတီနှင့် ၂၅ ရာခိုင်နှုန်းသော စစ်ဗိုလ်များကား
တုတ်တုတ်မျှ မလှုပ်ဝံ့ခဲ့ကြပါ။

ထိုဘင်္ဂံလီအမတ်များကို ပြန်ကြည့်ပါကလည်း
ရိုဟင်ဂျာသမိုင်းလိမ်လူမျိုးကို ထောက်ခံသူများဖြစ်နေပြီး
ထိုသူတို့ရာဇ၀င်မှာ ၁၉၈၈ နောက်ပိုင်းမှ ရန်ကုန်မြို့သို့ နယ်စပ်ဒေသများမှ လာရောက်အခြေချပြီး အာဏာပိုင်များနှင့် ပဏာသင့်၊ လုပ်ပိုင်ခွင့် များ ရနေကြသူများပင်ဖြစ်နေပြန်သည်။

ထိုကဲ့သို့ ရှုပ်တွေးပွေလီနေသော သမိုင်းလိမ် ဘင်္ဂလီ အမတ်တွေနှင့် White Card ကိုင်ဆောင်ထားသော သမိုင်းလိမ် ဘင်္ဂလီ (၇)သိန်း နီးပါးရဲ့ အရှေ့မှာ သိသိသာသာကြီး မားမားမတ်မတ် ရပ်ပေးနေသူကတော့ ယနေ့ လွှတ်တော် လောကမှာ မကောင်းသတင်းနှင့် နာမည်ကြီးနေတဲ့ ဖွတ်အမတ် ဘူးလက်လှဆွေပင်ဖြစ်ပါသည်။

ဘူးလက်လှဆွေ မည်ကဲ့သို့ ရပ်တည်ပေးခဲ့သနည်း....??

NLD လွှတ်တော်ထဲဝင်ပြီးကာစတွင် NLD က ဒေါက်တာမြတ်ဥာဏစိုးရဲ့
"အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ နိုင်ငံတွင်း ၀င်ရောက်နေခြင်း၊
မသမာသောနည်းဖြင့် နိုင်ငံသား စိစစ်ရေးကတ်များ ကိုင်ဆောင်ခြင်းကို
စီမံချက်ချမှတ် အရေးယူရန်" ဆိုတဲ့ အဆိုတစ်ခုတင်လိုက်ပါသည်။

ဖွတ်ပါတီ နှင့် တစ်မတ်သားများကို
ခါယမ်းသွားစေခဲ့တဲ့ပထမဆုံးဆောက်နဲ့ထွင်းခဲ့
သောအဆိုပင်ဖြစ်သည်။

ဒေါတာမြဥာဏစိုးရဲ့အဖြေကား ဤသို့ဖြစ်သည်။

''အိမ်နီးချင်းနိုင်ငံများက လူမျိုးခြားများ စိမ့်ဝင်ရောက်ရှိနေခြင်း၊
နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မသမာသော နည်းလမ်းများဖြင့်
ရယူ ကိုင်ဆောင်ထားခြင်းဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ..လူဦးရေ အများဆုံး နိုင်ငံနှစ်ခုကြားမှာ ရှိပါတယ်။
အနောက်ဘက်မှာဆိုရင် လူဦးရေ သန်း ၂၀၀ နီးပါးရှိပြီး
လူဦးရေပေါက်ကွဲမှုတွေနဲ့ ကြုံတွေ့နေရတဲ့ နိုင်ငံနဲ့လည်း
နယ်နိမိတ်ချင်း မိုင်ပေါင်းရာချီ ထိစပ်နေတဲ့ နိုင်ငံနဲ့လည်း ထိစပ်နေပါတယ်။

မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းမှာ လူမျိုးခြားတွေ
ဝင်ရောက်နေပါတယ်။
အနောက်ဘက်မှာလည်း သူတို့နိုင်ငံရဲ့ အကျယ်အ၀န်းနဲ့ မမျှတဲ့အတွက်
လူမျိုးခြားတွေ စိမ့်ဝင်လာနေတာကို စိုးရိမ်ဖွယ် တွေ့ရပါတယ်။

နိုင်ငံသား ဥပဒေတွေလည်း ရှိပါတယ်။
တရားမ၀င် ၀င်ရောက်လာတာတွေ၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေနဲ့
မညီညွတ်တာတွေအပြင် သူတို့ရဲ့ မျိုးဆက်တွေဟာ နိုင်ငံသား
စီစစ်ရေးကဒ် ကိုင်ထားတာ တွေ့ရပါတယ်။

အကျင့်ပျက်၊ ခြစားကာ တိုင်းပြည်ရဲ့ မျက်နှာမထောက်တဲ့
အကျင့်ပျက်ဝန်ထမ်းတွေရဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ခဲ့ရတာတွေကို တွေ့နေ ရပါတယ်။

နိုင်ငံသား စိစစ်ရေးကဒ်မှာ အချက် အလက်တွေ အကုန်မထည့်ဘဲ
ထုတ်ပေးရတာတွေ ရှိပါတယ်။
ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာ မငြိမ်မသက်ဖြစ်စေဖို့ ပြုလုပ်ခဲ့တဲ့
သာဓကတွေ ရှိပါတယ်။

တရားမ၀င် စိမ့်ဝင်လာတာတွေ၊ စီစစ်ရေးကဒ် ကိုင်ထားတာတွေ၊ လူမျိုးခြားတွေကို အရေးယူပေးဖို့ အချိန်ရောက်နေပါပြီ'"

ထိုသို့ ရဲရဲတောက်တင်ပြခဲ့သော..NLD ပါတီရဲ့အဆိုအား
NLD ပါတီနှင့် ရခိုင်ပါတီမှလွဲပြီး အခြား
ထောက်ခံမည့်သူမရှိပေ..။

ကန့်ကွက်တဲ့သူတစ်ဦး ပေါ်လာပါသည်။

ထိုအဆိုကိုပုဒ်မ ၁၄၄ ရုတ်သိမ်းပြီးမှဆွေးနွေးသင့်တယ်...လို့..
ပြောပြီး ကန့်ကွက်ခြင်းဖြစ်ပါသည်။

ထို့ကြောင့် NLD ပါတီရဲ့...
ထိုအဆို ရှုံးနိမ့်သွားပါသည်။
မှတ်တမ်းတင်ခြင်းတောင်မခံရပါ။

ကန့်ကွက်ခဲ့သူမှာ ....
ဘူးလက်လှဆွေဖြစ်ပါသည်။

နောက်တစ်ခုလည်းရှိပါသည်။

ရခိုင်ပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စား
လှယ် ဒေါက်တာအေးမောင်ရဲ့ အဆိုပါ

"၂၀၁၂ ခုနှစ်၊ဇွန်လအတွင်းရခိုင်ပြည်နယ်၌
ဘင်္ဂလီဆူပူမှုကြောင့်ဖြစ်ပွားခဲ့သည့်
ပဋိပက္ခများအပေါ် ဆင်ခြင်သုံးသပ်ပြီး
နိုင်ငံတော်၏ အချုပ်အခြာ အာဏာ
တည်တံ့ခိုင်မြဲရေးအတွက် နယ်စပ်လုံခြုံရေး၊
နယ်မြေအုပ်ချုပ်ရေးနှင့် လူဝင်လူထွက် စီမံခန့်ခွဲရေးဆိုင်ရာ
မဟာဗျူဟာမြောက်ရေတို၊ ရေရှည်အထူးအစီအမံတို့ဖြင့်
ဦးစားပေးဆောင်ရွက်ရန်"
ဆိုတဲ့....အဆိုပါ။

အဲဒီအဆိုလည်း ကန့်ကွက်ခံရပြီး
စုတ်ပြတ်သတ်စွာရှုံးနိမ့်ခဲ့ရပါတယ်။

ဘယ်သူတွေထ ကန့်ကွက်တာလဲ ဆိုတော့..
ဖွတ်ပါတီမှ ဦးလှဆွေပါ.. နောက်ဆုံးတစ်ခု ကျန်ပါသေးတယ်..
ဒေါက်တာအေးမောင်ရဲ့ အဆိုပဲဖြစ်ပါတယ်။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ (က) တွင်
ပါရှိသော "နိုင်ငံ သား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ သို့မဟုတ်
ယာယီ သက်သေခံ လက်မှတ် ကိုင်ဆောင် ထား သူ ဖြစ်ခြင်း" ဆိုသည့်
စကားရပ် အစား "နိုင်ငံသားဖြစ်ခြင်း"နိုင်ငံ သား၊ ဧည့်နိုင်ငံသား၊
နိုင်ငံသား ပြုခွင့်ရသူ သို့မဟုတ် ယာယီ သက်သေခံ လက်မှတ်
ကိုင်ဆောင် ထား သူ ဖြစ်ခြင်း"

ဆိုသည့် စကားရပ် အစား "နိုင်ငံသားဖြစ်ခြင်း" ဟု
ပြင်ဆင် သင့်ကြောင်း အဆိုဖြစ်ပါတယ်။။

အဲဒီအဆိုလဲ ကန့်ကွက်ခံရပါတယ်...
ထုံးစံအတိုင်း ဦးလှဆွေပါပဲ။

ဒီလောက်ဆိုရင် တိုင်းပြည်ရဲ့ အဓိက သစ္စာဖောက်လောက်ကောင်ဟာ NLD လား ကြံ့ဖွတ်လား?? ဦးကိုနီလား
ဘင်္ဂလီအမတ်သုံးဦလား??
ဒေါ်စုလား ဦးသိန်းစိန်အစိုးရလားဆိုတာ ကွဲကွဲပြားပြားသိလောက်ပြီထင်ပါတယ်။

အရာရာအပေါ် ဥာဏ်နှင့်ယှဉ်၍
အတွင်းကျကျလေ့လာကြပါကုန်။

0 အကြံပြုခြင်း: