Sunday, March 29, 2015

ပုဒ်မ ၅၉(စ)သည် ဗိုလ်ချုပ်ရေးဆွဲခဲ့ခြင်း မဟုတ်ကြောင်း ဦးဉာဏ်ဝင်း ဆို



တေဇာဘုန်းမြင့်
Messenger (29-3-2015)..
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ သမ္မတ အရည်အချင်းနှင့် ပတ်သက်သော ပုဒ်မ ၅၉ (စ)သည် ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေတွင် ဗိုလ်ချုပ်အောင်ဆန်း ထည့်သွင်း ရေးဆွဲခဲ့ခြင်း မဟုတ်ဘဲ ယင်းပုဒ်မသည် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုသာ ရည်ညွှန်း ထားခြင်း ဖြစ်သည်ဟု NLD ပါတီက ယူဆကြောင်း ယင်းပါတီ ပြောခွင့်ရ ပုဂ်္ဂိုလ် ဦးဉဏ်ဝင်းက The Messenger Media သို့ ပြောသည်။ ၄၇ အခြေခံဥပဒေမှာ ဗိုလ်ချုပ်တို့ ပြောသွား တာက နိုင်ငံခြားသား မဖြစ်ရဘူး။ နိုင်ငံခြား သြဇာမခံ ရဘူး။ မိသားစု၊ အိမ်ထောင် ကိစ္စတွေ မပါဘူး။ ဒါပဲပါတာ။ ဒီပုဒ်မမျိုး ကတော့ မြန်မာနိုင်ငံမှာ ဘယ်တုန်းက မှ မရှိဘူး။ နိုင်ငံတကာ မှာလည်း မရှိဘူး။ ဒီဥပဒေကျမှ ပြဋ္ဌာန်းတဲ့ အတွက် ကျွန်တော်တို့ NLD ဥက္ကဋ္ဌကို ရည်ညွှန်း ပြဋ္ဌာန်းတာလို့ ကျွန်တော်တို့ ပါတီက မှတ်ယူတယ် ဟု ဦးဉဏ်ဝင်းက ပြောသည်။

0 အကြံပြုခြင်း: