Tuesday, March 17, 2015

တရုတ်နိုင်ငံသား၎ဦး သေဆုံးခဲ့မှုအပေါ်၊ အမြင့်ဆုံးသတိပေးမှုကို၊ ညီလာခံမှာပြောကြား


မနေ့ကပြုလုပ်တဲ့ တရုပ်ပြည်ရဲ့၊ နှစ်စဉ်ညီလာခံမှာ၊ အဓိပတိလီကာရှင်းက၊ မြန်မာအစိုးရကို မြန်မာစစ်တပ်ရဲ့၊ ကျုးကျော်ပြီးလေယာဉ်ဗုံးကြဲမှုကြောင့်၊ တရုပ်နိုင်ငံသား၎ဦး သေဆုံးခဲ့မှုအပေါ်၊ အမြင့်ဆုံးသတိပေးမှုကို၊ ညီလာခံမှာပြောကြားလိုက်ပါတယ်၊
မြန်မာစစ်တပ်ကငြင်းဆိုလို့မဖြစ်နိုင်တဲ့၊ သူတို့ရဲ့ကျုးကျော်ဗုံးကြဲမှုကို၊ ပြင်းပြင်းထန်ထန်ရှုံ့ချပြီး၊ မင်းအောင်လှိုင်အပါအ၀င်၊ အခြားဝန်ကြီး၊ သံအရာရှိများလည်း၊ ပြင်းပြင်းထန်ထန်သတိပေး ခံခဲ့ပါတယ်။

တရုပ်ပြည်ရဲ့ ရှေ့ လာမည့်၊ စီးပွားရေးအခြေအနေဟာ၊ ကောင်းလာဖို့ မသေချာ နေတာကြောင့်၊ တော်တော်ခေါင်းခဲနေတဲ့၊ အချိန်လည်းဖြစ်နေတာ၊ သိဖို့လိုပါတယ်၊ လီကာရှင်းတို့ ရှီကျင်းပင်တို့ဟာ၊ လာဘ်ပေးလာဘ်ယူမှုတွေကို၊ အကြီးအကျယ်ဖြိုခွင်းနေချိန် လည်းဖြစ်တယ်၊ တရုပ်ပြည်ရဲ့စီးပွားရေးမတောင့်တင်းတော့မှုရဲ့၊ အကြောင်းရင်းတွေထဲမှာ၊ လာဘ်ပေးလာဘ်ယူမှုဟာ၊ တစ်ချက်ဖြစ်တာကြောင့်၊ ပပျောက်အောင်လုပ်နေတာ လည်းဖြစ်တယ်၊ တရုပ်နိုင်ငံပုံရိပ်လည်း၊ ကမ္ဘာမှာရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာလည်း၊ ပြန်ပြီးကုစားဖို့ဆိုမမှားပါဘူး။

မြန်မာစစ်အာဏာရှင်တွေနဲ့၊ တရုပ်ပြည်ကထိပ်တန်းအရာရှိတချို့ ရဲ့၊ ကာလရှည်ကြာရှိခဲ့တဲ့၊ လာဘ်ပေးလာဘ်ယူမှုတွေကို၊ တိတိကျကျသိထားတဲ့၊ သူတချို့ ဟာ၊ တရုပ်ပြည်ကွန်မြူနစ်ပါတီ ဗဟိုအထိ၊ ပေါက်ကြားသိရှိအောင်၊လုပ်ဆောင်သွားမယ့်၊ သဘောရှိပါတယ်၊

အစစအရာရာ၊ ချွတ်ခြုံကြနေတဲ့၊ မြန်မာပြည်ကို၊ အုပ်ချုပ်နေတဲ့အစိုးရနဲ့ စစ်တပ်ဟာ၊ လက်တဆုတ်စာ၊ ကိုယ့်အုပ်စုတစ်ခုရဲ့လိုဘကိုဘဲကြည့်ပြီး၊ ဆက်သွားနေမယ်ဆိုရင်တော့၊ အခြေမလှ နိုင်တော့ပါဘူး၊ အဲဒီမှာ တကယ်မတက်ကြွမ်း၊ အခြေနေမှန်မသိဘဲ၊ အွန်လိုင်းကနေ ကြက်ဥပုံနဲ့၊ အရိုးစည်းထိုး၊ အမျိုးချစ်အမည်ခံလုပ်ပြီး၊ တရုပ်နိုင်ငံသားတွေကို logical လဲမကျ၊ နိုင်ငံတကာဥပဒေနားမလည်၊ အင်္ဂလိပ်လိုလည်းမရေလည်၊ တရုပ်လိုလည်းကျွမ်းကျင်အောင်မတက်ဘဲနဲ့၊ ဖွဘို့ကြိုးစားနေတယ် ဆိုရင်တော့၊ မြန်မာစစ်တပ်ကော၊ အစိုးရအတွက်ကော၊ ကျဆုံးဖို့ဘက်ကို၊ ဦးတည်သွားပြီဆိုနိုင်ပါတယ်။

မြန်မာအစိုးရနဲ့ စစ်တပ်ဟာ၊ လက်နက်သုံး၊ အကြမ်းဖက်ဖြေရှင်းမှုတွေရပ်ပြီး၊ မျက်နှာချင်းဆိုင်တွေ့ဆုံ၊ ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ ဖွဲ့စည်းပုံပြင်ဖို့တွေကို၊ မကောက်ကျစ်ဘဲ၊ ရိုးရိုးသားသားနဲ့၊ လုပ်သင့်နေပြီဖြစ်တယ်၊ တဖြည်းဖြည်းနဲ့၊ အချိန်ထက်ဆွဲပြီး၊ မပြေလည်ခဲ့လို့၊ ကုစရာဆေးမရှိတော့လို့၊ ပြင်ပအထောက်အပံ့တွေဟာ၊ လူမျိုးငယ်များပေါင်းစုစစ်တပ် Federal Union Army ကို၊ ထောက်ပံ့ပေးဖို့ပြောင်းလဲ သွားခဲ့ကြရင်တော့၊ မြန်မာအစိုးရနဲ့ စစ်တပ်ကံကြမ္မာဟာ၊ ဆိုးရွားဘို့တွေဆက်ဆက် ဖြစ်လာပါလိမ့်မယ်၊

အခုကစလို့ စီးပွားရေးပိတ်ပင်ဘို့တွေကို၊ ခရိုနီတွေတစ်ဦးချင်း အလိုက်ကော၊ အစိုးရကိုရော ပြန်လည်လုပ်ဖို့၊ တာဆူနေကြပြီလည်းဖြစ်တယ်။ အစိုးရရဲ့ ပြောဆိုခွင့်တာဝန်ယူထားသူတွေ၊ မလိုလားတဲ့၊ သွားပုတ်လေလွင့်လည်း၊ ပြောပြောခံနေရပြီး၊ အခွင့်ရသလို၊ မသမာတဲ့နည်းနဲ့လည်း၊ စောင့်ကြည့်တိုက်ခိုက်ခံနေရတဲ့၊ ခွပ်ဒေါင်းသူရဲကောင်းတွေဟာလည်း၊ အစိုးရနဲ့စစ်တပ်ကို၊ အိမ်မက်ဆိုးတွေမက်၊ သွေးပျက်စေခဲ့ပြီး၊ အသုံးမကျတဲ့အစိုးရဟာ၊ ပြည်သူကြားမှာ ခေါင်းမဖေါ်ဝံ့တော့ပါဘူး။

အကျည်းတန်ဆုံးကတော့၊ နာရေးကူညီမှုအသင်းကြက်ခြေနီကားကို၊ စိတ်လိုလက်ရ၊ လူမဆန်စွာဖျက်ဆီးခဲ့ကြတာကို၊ အစိုးရကဘဲ၊ ဥပဒေနဲ့ညီတယ်လို့၊ မျက်နှာပြောင်တိုက်ပြီး၊ တနိုင်ငံလုံးကို၊ လိမ်ခဲ့ခြင်းဘဲ။ ကိုးကန့် လောက်ကိုင်မှာ၊ ပြည်သူတွေဆီကချုလို့ရလိုက်တဲ့၊ မျက်ရည်တွေဟာ၊ လက်ပံတန်းမှာဘဲ၊ အစိုးရ၊ စစ်တပ်၊ ရဲတွေအားလုံးကို၊ ပြည်သူလူထု
မယုံရဲတော့ဘူးဖြစ်သွားတယ်၊ ကိုးကန့်လောက်ကိုင်မှာ၊ ကြက်ခြေနီကားအပြစ်ခံရတာလည်း၊ ဒီအစိုးရဘဲနေမှာဘဲလို့၊ တွက်ဆသွားခဲ့ကြတယ်၊ လက်ရှိအစိုးရရဲ့ဒီမိုကရေစီဟာ၊ မျက်နှာဖုံးစွပ်မှန်းတပြည်လုံးသိသွားခဲ့တယ်၊ စွမ်းအားရှင်ဆိုတာကိုလည်း၊ ပြည်သူအားလုံး အော့နှလုံးနာသွားခဲ့ကြတယ်၊ စစ်မှန်တဲ့ဒီမိုကရေစီရှိမှ၊ ငါတို့ဘ၀တွေလုံခြုံမှာ၊ လွတ်လပ်မှာ၊ တိုးတက်နိုင်မှာ၊ လက်ခံသွားခဲ့ကြတယ်။

အမှန်တရားအတွက် တိုက်ခိုက်နေတဲ့၊ ခွပ်ဒေါင်းသူရဲကောင်း၊ လူမျိုးစု သူရဲကောင်းတွေဟာ၊ ရက်စက်ကြမ်းကြုတ်မှုကင်းပြီး၊ လူတစ်ဦးချင်း တစ်ယောက်ချင်းစီကို၊ တန်ဖိုးထားတယ်၊ လေးစားကြတယ်၊ ရန်သူပင်ဖြစ်ပစေ၊ သူရဲ့လူ့အခွင့်အရေး၊ မဆုံးရှုံးအောင်၊ အခွင့်ပေး၊ ကာကွယ်ပေးကြမည့်၊ မြင့်မြတ်တဲ့စိတ်ထားတွေရှိကြတယ်၊ သူရဲကောင်းတွေဟာ အရေအတွက်အားဖြင့်၊ နည်းတယ်ဆိုနိုင်ပါတယ်၊

ဒါပေသိ အဲဒီသူရဲကောင်းတွေဟာ၊ အကောက်ကြံလှည့်ဖျား၊ ရက်စက်ကြမ်းကြုတ်ဖို့ ၀န်မလေးတဲ့၊ သူတစ်ဦးထဲကြောင့်ပင်၊ အန္တာရာယ်ရတက်တယ်၊ အဲဒီလိုလူတွေ အများကြီးနဲ့ တပ်တစ်တပ်၊ အုပ်စုတစ်ခုဖွဲ့ပြီးနေရင်တော့၊ သူရဲကောင်းတွေဟာ၊ စိတ်ရှည်ရှည်၊ သက်တမ်းရှည်ရှည်နဲ့တော့၊ တိုက်ခိုက်ရင်တိုက်ခိုက်နေရလိမ့်မယ်၊

အကောက်ကြံတဲ့သူဟာ၊ မေတ္တာစိတ်၊ မြင့်မြတ်တဲ့စိတ်မမွေးမြူတက်ဘူး၊ အချိန်နဲ့၊ ပြောင်းလဲ တိုးတက်တဲ့ ဒီခေတ်မှာ၊ အဏုဇီဝလက်နက်နဲ့လည်း၊ အချုပ်ထဲ၊ ထောင်ထဲမှာ၊ လှောင်အိမ်ထဲမှာ၊ ရောဂါပိုးတွယ်ကပ်စေပြီး၊ သူရဲကောင်းတွေကို၊ စွမ်းရည်ကျဆင်းအောင်လုပ်နိုင်တယ်၊ အမြန်ဖျောက်ဖျက်ပြစ်ဖို့၊ ရှင်းလင်းပြစ်ဖို့လို့၊ လိုတဲ့သူဆိုရင်၊ သူတို့ရဲ့ဘက်တော်သားထဲက၊ အဆင့်မြင့်မြင့်လူဘဲဖြစ်ပါစေ၊ တန်ဖိုးကြီးတဲ့သူရဲကောင်းကိုဘဲဖြစ်ပါစေ၊ သေနတ်နဲ့ပစ်၊ ဓားနဲ့ထိုးအကြမ်းဖက်တိုက်ခိုက်ဖို့၊ ဘယ်လိုမှအခြေအနေမပေးခဲ့ရင်၊ ရေဒီယိုသတ္တိကြွတဲ့ ပစ္စည်းကို၊ သောက်တဲ့၊ စားတဲ့ထဲ၊ တစ်တို့လောက်ထည့်ထားပေးပြီး၊ လုပ်ကြံတာမျိုးလည်းရှိတယ်၊

(ဒီလိုလုပ်ကြံမှုအတွက်၊ ကုဖို့ဆေးမရှိဘူး၊ ရုရှားကပူတင်ဟာ၊ သူ့ကိုကျောခိုင်းသွားခဲ့တဲ့ တချိန်ကသူရဲ့၊ ထိပ်တန်းကေဂျီဘီတစ်ယောက်ကို၊ ဆူရှီဆိုင်မှာ၊ သူသောက်တဲ့ ရေနွေးကြမ်းထဲ၊ ရေဒီယိုသတ္တိကြွတဲ့ပစ္စည်းထဲ့ပြီး၊ သတ်ခဲ့ဖူးတယ်၊ ၃-၄-၅ ရက်အတွင်းဘဲ၊ ချက်ခြင်းအတွင်းကလီစာတွေပျက်ဆီးပြီး၊ ကြွသွားခဲ့တယ်)

မြန်မာ့စစ်အာရှင်တွေဟာရဲ့သီအိုရီဟာ၊ အာဏာကိုနှစ်၅၀ကျော်အောင်၊ တွယ်ထားနိုင်တယ်ဆိုတော့၊ မှန်သလိုတော့ထင်နေရတယ်၊ ဒါပေသိ ပြောင်းလည်းနေတဲ့အချိန်၊ ကမ္ဘာ့ဆက်သွယ်မှု နည်းပညာ၊ ပိတ်လို့မရတော့တဲ့တံခါး၊ ပြောင်းလဲသွားတဲ့ကမ္ဘာ့လူသားတွေရဲ့ကွန်ယက်၊ စတာတွေအောက်မှာ၊ မြန်မာ့စစ်အာဏာရှင်တွေရဲ့သီအိုရီတွေ၊ ဗျုဟာတွေဟာတစ၊ တစ၊ ပျက်သုန်းလာတာမျက်ဝါးထင်ထင်၊ တွေ့နေကြရပြီဖြစ်တယ်၊

မတူနိုင်ပေလင့်ကစား၊ ကမ္ဘာကလေးစားရတဲ့ ဒေါ်အောင်ဆန်းစုကြည်လို၊ ကိုယ်ပွား သူရဲကောင်း အမျိုးသမီးတွေ၊ အများအပြားထွက်ပေါ်လာအောင်၊ ၀ိုင်းဝန်းကြိုးစား အားပေးရပါမယ်၊ အမျိုးသားတွေမှာလည်း၊ ဗိုလ်ချုပ်အောင်ဆန်းလို၊ သူရဲကောင်း ကိုယ်ပွားတွေ၊ အများအပြားရှိလာဖို့၊ ၀ိုင်းဝန်းကြိုးစားအားပေးကြရပါမယ်၊ အခုလိုသူရဲကောင်းများစွာ၊ ရှိတည်နေလာတဲ့အတွက်၊ စစ်အာဏာရှင်တွေဘက်မှ၊ သူရဲကောင်းတစ်ဦးထည်းထဲကိုဘဲ၊ ပြစ်မှတ်မထားနိုင်တော့သလို၊ ဘယ်အချိန်သူရဲကောင်းထက်ပေါ်မှာလည်း၊ ဘယ်လိုကြိုတင်ဆီးရမလဲဆိုတာမျိုး၊ တွက်ထားဖို့မဖြစ်နိုင်တော့တာတွေဟာလည်း၊ စစ်အာဏာရှင်အစိုးရနဲ့ စစ်တပ်အတွက်၊ နေ၀င်ချိန်နီးလာပြီဆိုနိုင်ပါတယ်၊

အခုအချိန်မှာပေါင်းစည်း၊ လက်တွဲလာကြတဲ့၊ သူရဲကောင်းတွေ၊ အဖွဲ့အစည်းတွေ၊ နည်းတွေ၊ ပညာတွေ၊ အင်အားတွေ၊ အရင်းအမြစ်တွေဟာ၊ မြန်မာနိုင်ငံအတွက်၊ စစ်မှန်တဲ့ဒီမိုကရေစီရောင်နီသန်းဖို့၊ ဖြစ်လာတယ်လို့ဆိုနိုင်ပါတယ်။

M Myoo Myint

Ref: Myanmar Is Issued Warning by Chinese Premier Over Bombing Deaths By Chris Buckley (中国总理李克强谴责缅甸战机轰炸事件)
香港_周日,中国总理李克强利用召开年度记者招待会的机会,谴责了缅甸战机投掷炸弹致四名中国农民死亡的事件(据最新消息,死亡人数已升至五人——编注),这是到目前为止中国政府就中缅边境暴力冲突做出的最引人注目的警告。
在中国每年一度的两会结束后召开的记者招待会上,李克强提到了这起事件,据中国官员透露,周五,这些农民在中国西南部的甘蔗田里耕作时,被飞机投掷的炸弹击中。中国外交部和一名军事指挥官,以及李克强总理都已经对这起跨境袭击事件进行了谴责。
李克强向遇难农民的家属表示慰问,并称,“在中缅边界我方一侧,一些我国居民的生命和财产受到了损失。”
“我国政府、外交部、军方都向缅方提出了严正交涉,”他还表示,“我们有责任也有能力坚决维护中缅边境的安全稳定。”
美联社在周日报道称,缅甸总统办公室的 一名高级官员对 该国 飞机应为农民死亡事件负责的说法予以否认。他表示,此事或许是想挑起 事端的一群人所为,但他还承诺会与北京方面进行合作,共同处理此事。
然而北京似乎确信,缅甸军队与此事有关。周六,中国高级指挥官、中央军委副主席范长龙上将还警告称,缅甸军方必须防止在缅甸北部与武装少数民族的战争蔓延到中国。
周六晚些时候,中国国防部发言人耿雁生大校在国防部网站的声明中称,中国部队已经加强了中缅边境的巡逻力度。耿雁生说,“如果再次发生缅甸军机越境或其他危害中国领土主权和国家安全的严重行为,中国军队将坚决采取果断措施予以应对。”
在缅甸军队与汉族支系果敢族之间日益升级的冲突中,此次的农民死亡是最严重的事件。目前,战事已经波及靠近中缅边境的中国云南省,数以千计的果敢族难民都已逃往那里。中国官方表示,另外还有九人在周五的轰炸中受伤。
储百亮 是《纽约时报》记者。

0 အကြံပြုခြင်း: