Monday, March 9, 2015

ဘူးလက်ကိုသရုပ်ဆောင်ဗလုဝတရားစွဲမည်


မြန်မာနိုင်ငံမှာ ပထမဆုံး တရားစွဲခံရတော့မယ့် အမတ်မင်း ဦးလှဆွေ(ဟာဂျူလီ-ကသာ)
*****************
အမတ်ကြီးဦးလှဆွေရဲ့ ဖေ့ဘွတ်ပေါ်မှ ရေးသားချက်ဟာ သရုပ်ဆောင်အတွက်သာ မက စာရေးဆရာတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိပါးတဲ့အတွက် တရားစွဲဖို့ ရှေ့နေများနဲ့ တိုင်ပင်နေတယ်လို့ ကိုဗေကြီးက herjule mediaကို ပြောကြားခဲ့ပါတယ်၊(ဟာဂျူလီ-ကသာ)
(ဦးလှဆွေရဲ့ ရေးသားချက် အပြည့်အစုံနဲ့ ဦးလှဆွေ မြင်ဖူးအောင် ကိုဗေကြီးရဲ့ စာအုပ်မျက်နှာဖုံးပုံကိုပါ တင်ပေးလိုက်ပါတယ်၊)
************************
Hla Swe added 3 new photos.
March 6 at 11:55am ·

အင်း သူရိယနေဝန်း ပြန်ထွက်တော့မယ် တဲ့ ၊ နေဝင် နေတာကြာပြီ ၊ လူဆိုတာ ဥပတိရုပ်နဲ့ လုပ်ရပ်နဲ့ ပေးထားတဲ့ နာမည်နဲ့ လိုက်ဖက်ရဲ့လား ဘာညာ နဲနဲတော့ စဉ်းစားသင့်တယ်ထင်တာဘဲ ၊ ကျနော်တို့ ငယ်စဉ်က ပြည်မြို့သား တေးရေး သိဒ္ဒထ္ထလိုင် ဆိုတာသီချင်းစပ်တာ ကဗျာရေးတာ တအားတော်တယ်ဗျ ကျန်ာတို့အကြိုက်ပေါ့ ၊ နောက်တော့ သူနာမယ်ပြာင်းသွားတယ် သူ့ခမိန်လိုင် ဆိုပြီး ၊ ဘာလို့ပြောင်းတာလဲ ဆိုတော့ ဘုရားလောင်း သိဒ္ဒတ္ထ အမည်ဖြစ်နေလို့ တဲ့ ၊ ပညာရှိဆိုတော့ သူ့အသိတရားနဲ့သူ ပြောင်းသွားတာပေါ့ဗျာ ။

နောက်တယောက်က ဗေလုဝ တဲ့ ၊ဟာသသရုပ်ဆောင် ဥပတိရုပ်က သိတော်မူတဲ့အတိုင်းဘဲ ၊ ကျက်သတုံး ၊ လုပ်ရပ်ကလဲ ဘာစာမှဟုတ်တိပါတ်တိ မရေးဘူးဘဲနဲ့ စာပေဟောပြောပွဲတွေလိုက်ပြီး အစိုးရမကောင်းကြောင်း လိုက်အပုတ်ချနေတယ် ၊ ဗေလုဝ ဂန့်ဂေါဘက်ရောက်လာလို့ ဘုန်းကြီးတွေက ခဲနဲ့ထုမလို့ မနည်းတားထားရတယ် ၊ဟုတ်တယ်လေ ဗေလုဝ ဆိုတာ နတ်သား ၊ ဘုရားကိုတောင် စောင်းတီးပြီး တရားပြခဲ့တာ ၊သူကပွဲဆူအောင်လုပ်နေတာ၊ သူနဲ့က တခြားဆီဘဲ ၊ခုလည်း လာပါပြီ သူရိယနေဝန်း တဲ့ ၊ အဖွဲ့သားတွေရဲ့ ဥပတိရုပ် ကိုကြည့်လိုက်တာ ဦးနုတောခိုတုံးက လက်ပစ်ဗုံးနှစ်လုံးနဲ့ဖမ်းမိတဲ့ ပြည်ပြေးတွေ ပုံကျနေတာဘဲ ၊ လုပ်ရပ်ကိုလည်းကြည့်ဦး ဦးလှဆွေ ပုံမပါဘဲ ဦးလှဆွေ ဘဲ ပါနေသလိုလို ကင်မရာနဲ့ အဝေးကရိုက် ၊ စာဖတ်သူ ထင်ယောင်ထင်မှားဖြစ်အောင် လျှောက်ဖွ ၊ ဘယ်သူနာမည်ကြီးနေလဲ အဲ့လူ အကြောင်းများများရေးမှ လူဖတ်များပြီးရောင်းကောင်းမှာလေ ၊ တကယ့်ပြည်သူလူထုကိုသိသင့်သိထိုက်တဲ့ပညာပေး ဗဟုသုတ ရသ ဘာတခုမှ မပေးနိုင်ဘူး ၊ လူထုကို အဆိပ်ဖြန့်မယ့် အဖွဲ့ဘဲ ဥပတိရုပ်တွေကြည့်ပါလား ။ ဒါပေမဲ့ ဒီလူတွေက ငတ်နေတော့ ဦးလှဆွေတို့ပုံတွေသုံးပြီးလုပ်စားဦးမှာဘဲ ၊ ကုသိုလ်ရပါတယ်လေ သီးသန့်ကြီးတောင် အလူအတန်း လုပ်နေရသေးတာဆိုတော့ ၊ ဒါပေမဲ့ သူရိယနေဝန်း ဆိုတဲ့နာမည်ဂုဏ်ပုဒ်လေးနဲ့ထိုက်တန်အောင် ကျက်သရေမင်္ဂလာရှိတဲ့သတင်းလေးတွေလဲတင်ပါဦးဗျာ ၊ မဟုတ်ရင်တော့ နာမည်ပြောင်းသင့်တယ် ၊ အတင်းတုပ်အဆိပ်ပန်း ဘာညာဆို မဆိုးဘူးလားလို့ ။

0 အကြံပြုခြင်း: