Sunday, March 1, 2015

လက်ပံတန်းဘုန်းကြီးကျောင်းရှေ့သပိတ်ပင်မစစ်ကြောင်း ထွက်လို့မရအောင် ပိတ်ဆို့



အဲံဒီကျောင်းမှာကျောင်းသား၂၀၀ခန့်နားနေနေတယ်လို့သိရပါတယ်


Kamayut Media Happening Now: 8:42 am
ဒီကနေ့မနက် ရန်ကုန်ကို ဦးတည်စတင်ချီတက်မယ့် လက်ပံတန်းမှာရှိနေတဲ့ ပင်မသပိတ်စစ်ကြောင်း တည်းခိုရာ အောင်မြေဗိမ္မာန်ကျောင်းတိုက်ကို ရဲအင်အား ၁ဝဝကျော်၊ မီးသတ်ကားနဲ့ အဓိကရုဏ်ဖြိုခွဲရေးကား ၅စင်းတို့ အခုပဲ ရောက်လာပြီး သပိတ်ပင်မစစ်ကြောင်း ထွက်လို့မရအောင် ပိတ်ဆို့လိုက်ပါတယ်။
ကျောင်းသားတွေက ကြွေးကြော်သံတွေ စတင်အော်ဟစ်နေပြီး ဆက်လက်ပိတ်ဆို့နေပါက ဆွေးနွေးညှိနှိုင်းမှု ဆက်မလုပ်နိုင်ဘူးလို့ ပြောပါတယ်။
ရဲအင်အားဟာ တစ်ရာကျော်ကနေ အခုပဲ နောက်ထပ် အင်အား ၂ဝဝကျော် ထပ်ရောက်လာတာမို့ လုံခြုံရေးအင်အား ၃ဝဝကျော်နဲ့ ကျောင်းသားသပိတ်ရှိရာ ကျောင်းတိုက်ဝင်းကို ပိတ်ဆို့ထားလိုက်ပါတယ်။
ကျောင်းသားတွေကတော့ သီချင်းတွေ စတင်သီဆိုနေပြီး ၁ဝမိနစ်အတွင်း ရဲအင်အားတွေ ဖယ်ရှားပေးဖို့တောင်းဆိုထားပါတယ်

(ဓာတ်ပုံ - ဆန်းမင်းဦး/ကမာရွတ်မီဒီယာ)

0 အကြံပြုခြင်း: