Sunday, March 8, 2015

ရန်ကုန်တိုင်းအစိုးရနဲ့ ပွင့်လင်းလူ့အဖွဲ့ တွေ့ဆုံဆွေးနွေး






မတ်လ ၅ရက်နေ့က မြို့တော်ခမ်းမရှေ့ ကျောင်းသားဆန္ဒပြပွဲကို လက်ပတ်နီပတ်ထားတဲ့ အရပ်သားတွေနဲ့ ရဲတွေရဲ့ အကြမ်းဖက်ဖြိုခွဲပြီး ဖမ်းဆီးခဲ့တဲ့ကိစ္စကို ဝန်ကြီးချုပ်ဦးမြင့်ဆွေဦးဆောင်တဲ့ ရန်ကုန်တိုင်းအစိုးရနဲ့ ဦးကိုကိုကြီးဦးဆောင်တဲ့ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့က ၆ယောက်တို့ ဒီကနေ့မနက်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ၈၈မျိုးဆက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
“၄င်းနေ့ဖြစ်စဉ်တွင်တာဝန်ရှိသူများမှ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၂၇၊ ၁၂၈
နှင့်အညီ ကိုင်တွယ်ဖြေရှင်းခဲ့ခြင်းဖြစ်ကြောင်း ”

( ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေ)

“ကိုလိုနီခေတ်ကပြဌာန်းခဲ့သော ဥပဒေဖြစ်သည့် ထိုပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ
၁၂၇၊ ၁၂၈ တို့အား ယခုကဲ့သို့ လိုရာဆွဲပြီး ကိုင်တွယ်ဖြေရှင်းမှုအပေါ်လက်မခံကြောင်း၊
ထိုသို့ အကြမ်းဖက်ဖြေရှင်းခဲ့သည့်အတွက်မိန်းကလေးများ ကာယိနြေ္ဒပျက်စေခဲ့ကြောင်း ”

( ကိုကိုကြီး၊၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
=======================================================
ယနေ့ မတ်လ ၈ ရက်၊ ၂၀၁၅ ခုနှစ် နံနက် (၁၀း၃၀) နာရီမှ(၁၂း၃၀) နာရီအထိ
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့မှ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေ ဦးဆောင်သော တိုင်းအစိုးရအဖွဲ့
တာဝန်ရှိသူများနှင့် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှကိုကိုကြီး၊
ကိုမြအေး၊ ကိုပြုံးချို၊ ကိုထွန်းမြင့်အောင် ၊ ကိုဇော်မင်းနှင့်မမီးမီးတို့ တွေ့ဆုံခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မတ်လ(၅)ရက်နေ့ ညနေ(၄း၀၀) နာရီအချိန်မြို့တော်ခန်းမရှေ့၌
ဖြစ်ပွားခဲ့သော ပညာရေးဥပဒေပြုပြင်ပြောင်းလဲရေးထောက်ခံဆန္ဒပြသူများအား ရဲများနှင့်
တာဝန်လက်ပတ် ၀တ်ဆင်ထားသော အရပ်သားများမှ အကြမ်းဖက်ရိုက်နှက်ဖြိုခွဲ
ဖမ်းဆီးခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေမှ “၄င်းနေ့ဖြစ်စဉ်တွင်တာဝန်ရှိသူများမှ ပြစ်မှု
ဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၂၇၊ ၁၂၈နှင့်အညီ ကိုင်တွယ်ဖြေရှင်းခဲ့ခြင်းဖြစ်ကြောင်း ” ပြောကြားခဲ့သည်။

၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းအဖွဲ့အစည်း)မှ “ကိုလိုနီခေတ်ကပြဌာန်းခဲ့သော
ဥပဒေဖြစ်သည့် ထိုပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ၁၂၇၊ ၁၂၈ တို့အား ယခုကဲ့သို့ လိုရာ
ဆွဲပြီး ကိုင်တွယ်ဖြေရှင်းမှုအပေါ်လက်မခံကြောင်း၊ ထိုသို့ အကြမ်းဖက်ဖြေရှင်းခဲ့သည့်
အတွက်မိန်းကလေးများ ကာယိနြေ္ဒပျက်စေခဲ့ကြောင်း ” မိမိတို့၏သဘောထားကို
ပြန်လည်ပြောကြားခဲ့သည်။

သတင်းဓါတ်ပုံ-The 88 Generation Peace and Open Society.

0 အကြံပြုခြင်း: