Sunday, March 15, 2015

အနက်ရောင်လှုပ်ရှားမှု (Black Campaign)

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ယမန်နေ့က ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် ငြိမ်း ချမ်းစွာ ဆန္ဒထုတ်ဖော် တောင်းဆိုနေသော ကျောင်းသား/သူများနှင့် ပြည်သူ လူထုတို့ကို ရက်စက်စွာ အကြမ်းဖက် နှိမ်နင်းမှုအား ကန့်ကွက်ရှုံ့ချခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းထားသော ကျောင်းသားများ အမြန်ပြန်လွှတ်ပေးရေး တောင်းဆိုချက်များ လက်မှတ်ရေးထိုးခြင်းနှင့် အနက်ရောင်လှုပ်ရှားမှု (Black Campaign) အဖြစ် တစ်လက်မ အရွယ်အစားခန့် အနက်ရောင်ပိတ်စ ရင်ဘတ်တွင် ဝတ်ဆင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။ (အကြမ်းဖက်မှုအပေါ် ပြင်းထန်စွာကန့်ကွက်ရှုံ့ချပါကြောင်းနှင့် ဖမ်း ဆီးထိန်းသိမ်းခံ ကျောင်းသား/သူများ အမြန်ဆုံးပြန်လည် လွှတ်ပေးရန် တောင်းဆိုချက်အား ဆန္ဒသဘောထား တူညီသူမည်သူမဆို အောက်ပါစာ ရွက်ပေါ်တွင် လက်မှတ်ရေးထိုးပြီး info@ffssyangon.org သို့ ပြန်လည်ပေး ပို့နိုင်ပါသည်။)



0 အကြံပြုခြင်း: