Tuesday, February 3, 2015

ကျောင်းသားများနှင့် NNER အဖွဲ့ဝင်များ နေပြည်တော်တည်းခိုရေးတွင် အခက်အခဲတွေ့



(၃-၂-၂၀၁၅) တွင် လေးပွင့်ဆိုင်တွေ.ဆုံပွဲ ဒုတိယအကြိမ် ပညာရေးဝန်ကြီးဌာန တွင် ပြုလုပ်ရန်ရှိရာ နေပြည်တော်ပညာရေးဝန်ကြီးဌာနရုံးရှေ.တွင် ကျောင်းသား ကိုယ်စားလှယ်များ၊ NNER မှ ဆရာဆရာမများ၊ သတင်းမီဒီယာများ၊ တက်ရောက် လေ့လာကြမယ့် ကျောင်းသားကျောင်းသူများအား အမည်စာရင်းဆိုတာနှင့် ကန်.သတ် တားဆီးထားသဖြင့် ကိုယ်စားလှယ်များမှ အကုန်လုံးပေးဝင်မှပဲ ဝင်ကြတော့မည်ဆိုကာ ရပ်တန်.နေကြစဉ်။

သတင်းဓါတ်ပုံ-နှင်းနှင်းဇွေ;


Ko Myo Thet Swe

=========================
၃.၂.၂၀၁၅ ရက်နေ့တွင် နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် ၄ပွင့်ဆိုင်တွေ့ဆုံပွဲအတွက် ကျောင်းသားကိုယ်စားလှယ်များနှင့် NNER အဖွဲ့ဝင်များ တည်းခိုနိုင်ရန် နေပြည်တော်စည်ပင်ရိပ်သာသို့ ၂.၂.၂၀၁၅၊ မနက်ကတည်းက ရန်ကုန်မှနေ၍ အခန်းများကြိုတင်မှာကြားခဲ့ပါသည်။ စည်ပင်ရိပ်သာမှ အဆင်ပြေကြောင်း ရောက်သောအခါမှ စာရင်းပေးနိုင်ကြောင်း ပြန်ကြားခဲ့ပါသည်။ သို့သော် ကျောင်းသားကိုယ်စားလှယ်များနှင့် NNER အဖွဲ့ဝင်များ နေပြည်တော်သို့ သွားနေချိန် ည ၁၀း၃၀ ခန့်တွင် စည်ပင်ရိပ်သာတွင် တည်းခို၍ မရနိုင်တော့ကြောင်း ကြိုတင်ရောက်ရှိနေသည့် NNERအဖွဲ့ဝင် ဆရာမဒေါ်တင်နွဲ့ရီမှ လှမ်းပြောလာခဲ့ပါသည်။ ဖြစ်စဉ်မှာ အမိန့် ကြိုတင်ရရှိထားသည်ဟု ယူဆရ၍ ဆရာမမှ မှတ်ပုံတင်ပြလိုက်သည့်အခါ စည်ပင်ရိပ်သာမန်နေဂျာမှ တည်းခိုရန် သူ မဆုံးဖြတ်နိုင်၍ "အဘ"ကို ခေါ်ပေးမည် ပြောပြီး "အဘ"ရောက်လာသောအခါ စည်းကမ်းချက် ၂၈ ချက်ကို ပြသ၍ အပြစ်ကင်းသည်ထင်လျှင် တည်းပါ လို့ ပြောကြားခဲ့ပါသည်။ ဆရာမအား ခြိမ်းခြောက်သောအခါ တခြားသူများမှ ၀ိုင်း၍ ကြည့်ကြပါသည်။ ထို့နောက် တည်းခိုရေး အဆင်မပြေတော့ပါ။ တက္ကသိုလ်ဆရာမတစ်ယောက်အား ယခုကဲ့သို့ မခြိမ်းခြောက်သင့်ပေ။ ဆရာကျော်သူတို့ ရောက်သွားသည့်အခါ လူကြီး ညွှန်ကြားချက်ကြောင့် အခန်းတွေ အကုန်ပိတ်လိုက်ကြောင်း ပြောလာပါသည်။ ထပ်မံရောက်နှင့်နေသူများ ပြောကြားချက်အရ အခန်းများ ရှိသေးကြောင်းနှင့် အမိန့်တစုံတရာအရ ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ကြားသိရပါသည်။ နံနက်(၂)နာရီခန့်တွင် ကျောင်းသားကိုယ်စားလှယ်များနှင့် NNER အဖွဲ့ဝင်များ စည်ပင်ရိပ်သာရှေ့သို့ ရောက်ရှိသည့်အခါ သံတံခါးများ အတင်းဆွဲပိတ်ကြ၍ လုံခြုံရေးများ ချထားသည်ကို တွေ့မြင်ရပါသည်။ ယခုအဖြစ်အပျက်မှာ တွေ့ဆုံဆွေးနွေး အဖြေရှာရေးလမ်းစဉ်ကို အစိုးရဘက်မှ အခက်ကြုံအောင် ပြုလုပ်နေခြင်းဖြစ်သည်ဟု NNER အဖွဲ့ဝင်များမှ ကောက်ချက်ချမိပါသည်။
ကျောင်းသားကိုယ်စားလှယ်များနှင့် NNER အဖွဲ့ဝင်အချို့သည် ကားပေါ်တွင် တစ်ညတာ အိပ်စက်ခဲ့ရပါသည်။

နံနက် (၃း၃၀)နာရီ၊ (၃.၂.၂၀၁၅)
Ref; NNER Page


RPhoto News: Student Representatives Leave NPD

နေပြည်တော်မှာ ကျင်းပဖို့ရှိတဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲ ရွှေ့ဆိုင်းသွားပြီးတဲ့နောက် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ကျောင်းသားတွေနဲ့ ပညာရေးပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက် NNER တို့က ကိုယ်စားလှယ်တွေဟာ နေပြည်တော်ကနေ ရန်ကုန်ကို ပြန်လည် ထွက်ခွာခဲ့ကြပြီး ရဲလုံခြုံရေးကားတွေကလည်း အနောက်နေ တောက်လျှောက် လိုက်နေခဲ့ပါတယ်။

(ဓာတ်ပုံ - လပြည့်ကို/ကမာရွတ်မီဒီယာ)

0 အကြံပြုခြင်း: