Tuesday, February 24, 2015

လွှတ်တော်မှာ ပညာရေးဥပဒေကြမ်း ကြားနာမှုလုပ်မယ်

rKamayut Media

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းအပေါ် အမျိုးသားလွှတ်တော်မှာ ကြားနာမယ့် ၈ရက်ကြာမြင့်မယ့် အစီအစဉ်ကို အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ကြေညာလိုက်ပါတယ်။ အမျိုးသားပညာရေးဥပဒေကို အတည်ပြုနိုင်ရေး ဦးစားပေးလုပ်ငန်းအဖြစ် လုပ်ကိုင်သွားဖို့အတွက် သပိတ်မှောက်ကျောင်းသားကိုယ်စားလှယ်၊ နိုင်ငံရေးပါတီက ကိုယ်စားလှယ်၊ NNER လို့ခေါ်တဲ့ ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် ကိုယ်စားလှယ်၊ သပိတ်စစ်ကြောင်းကို အားပေးထောက်ခံတဲ့ ပြည်သူကိုယ်စားလှယ်၊ မှတ်ပုံတင်ထားတဲ့ အရပ်ဖက်အဖွဲ့အစည်းက ကိုယ်စားလှယ်နဲ့ ဥပဒေကြမ်းပြင်ဆင်ဖို့ အကြံပြုလာသူတွေထဲက ကိုယ်စားလှယ် တစ်ဖွဲ့ ၂ဝစီကို မတ်လ ၃ရက်ကနေ ၁၅ရက်နေ့အထိ ကြားနာသွားမယ်လို့ ဖော်ပြထားပါတယ်။

0 အကြံပြုခြင်း: