Wednesday, February 11, 2015

သပိတ်လှန်ရေးမလှန်ရေးက လွှတ်တော်အပေါ်မူတည်

Kamayut Media

လာမယ့် စနေနေ့ (ဖေဖော်ဝါရီ ၁၄)မှာ လေးပွင့်ဆိုင်ဆွေးနွေးရေး ထပ်ပြီး ကျင်းပဖို့ရှိတာမို့ သပိတ်လှန်ရေးမလှန်ရေးက လွှတ်တော်အပေါ်မူတည်တယ်လို့ ကျောင်းသားတွေက ဆိုပါတယ်။ သပိတ်စစ်ကြောင်းတွေကိုမူလ ရည်ရွယ်ချက်အတိုင်း ရန်ကုန်ကို ဆက်ပြီး ချီတက်ကြမှာဖြစ်ပြီး ဒီအချက်နဲ့ပတ်သက်လို့ အစိုးရနဲ့ ဆက်ညှိရဦးမယ်လို့ ကိုမင်းသွေးသစ်က ပြောပါတယ်။

ဧရာဝတီသပိတ်စစ်ကြောင်းကလည်း မအူပင်ကနေ ကျိုက်လတ်ကို မနက်ဖြန်ချီတက်မှာဖြစ်တယ်လို့ သပိတ်ခေါင်းဆောင် ကိုအောင်ခန့်ဇော်က ပြောပါတယ်။ သူဟာ အခုဆိုရင် မနက်ဖြန်သပိတ်အတွက် ရန်ကုန်ဆွေးနွေးပွဲကနေ မအူပင်ကိုပြန်နေပါတယ်။

0 အကြံပြုခြင်း: