Thursday, February 26, 2015

မျက်စိမမြင်သည့် အဘိုးဦးကျော်သောင်းဆည်းဆာရိပ်မှ ခေါ်ယူစောင့်ရှောက်ရန် ဆုံးဖြတ်



မျက်စိမမြင်သည့် အဘိုးဦးကျော်သောင်း(၇၀ နှစ်)သည် မန္တလေးဗြဟ္မစိုရ်လူမှုကူညီရေးအသင်းရှေ့တွင် စွန့်ပစ်ခံခဲ့ရပါသည်။ ဗြဟ္မစိုရ်အသင်းမှ တာဝန်ရှိသူများက မျက်မမြင်ကျောင်း၊ ဘိုးဘွားရိပ်သာအစရှိသည့် နေရာများသို့ ပို့ဆောင်ပေးသော်လည်း လက်မခံကြသည့်အတွက် ရန်ကုန်မြို့ ရှိ ဆည်းဆာရိပ်သို့ အကူအညီတောင်းခံခဲ့ပါသည်။ ဆည်းဆာရိပ်မှ အဘိုးအား ခေါ်ယူစောင့်ရှောက်ရန် ဆုံးဖြတ်လိုက်သည့်အခါ အဘိုးမှာ ၀မ်းနည်းဝမ်းသာ ငိုကျွေးခဲ့ပါသည်။ အဘိုးဦးကျော်သောင်းသည် မျက်စိကွယ်သွားသည်မှာ ငါးလခန့်သာရှိသေးပြီး အိမ်ထောင်မပြုခဲ့မိသည့်အတွက် နောင်တရကြောင်းပြောခဲ့ပါသည်။ အဘိုးအား ဆည်းဆာရိပ်သို့အရောက် ပို့ဆောင်ပေးခဲ့သည့် မန္တလေးဗြဟ္မစိုရ်လူမှုကူညီရေးအသင်းအား အထူးကျေးဇူးတင်ရှိပါသည်။
ဆည်းဆာရိပ် ဂိလာနဘိုးဘွားများရိပ်သာ
အမှတ် ၈၀၃-၈၀၅၊ မဟောသဓလမ်း ၊ (၁၂) ရပ်ကွက်၊
အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

Phone: 09 73018007

0 အကြံပြုခြင်း: