Monday, February 16, 2015

ထုတ်သုံးလာမှာစိုးရ

******
လောက်ကိုင်မြို့မြင်ကွင်းက၈၈စက်တင်ဘာ၁၈,၁၉မြင်ကွင်းမျိုးတွေဖြစ်နေပါတယ်၊
ကိုယ့်ကိုယ်ထိလို့ပြန်လုပ်တာဆိုပေမယ့်ဒီပုံတွေကိုတင်နေတာတရုတ်မီဒီယာတွေပါ၊ တချိန်မှာဒါတွေထုတ်သုံးလာမှာစိုးရပါတယ်၊
သုံ့ပန်းဥပဒေရောသေဆုံးသူတွေအတွက်ရောစနစ်တကျဆောင်ရွက်ဖို့လိုနေပါတယ် ၊ပုံတွေတော့မတင်တော့ပါဖူးအများစုကလမ်းမပေါ်မှာပါ....၊


နောက်သတင်းတပုဒ်...
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံအခြေစိုက် စကခ ၇ တပ်မ ၆၆ ကို လဲဖို့ ၁၄ ရက်နေ့က ကားအစီး ၅၀ ဖားကန့် တက်လာရာ မိုးကောင်းမြို့အထွက် ၃ မိုင်တွင် ကား ၃ စီး တိုက်ခိုက်ခံရပြီး ၁၅ ရက် မနက် ဆက်လက် တက် လာရာ ဆောင်းခါကျေးရွား မရောက်မီ Lagat kawng တွင် KIA တွေပစ်တာဆိုပြီးကားပေါ်မှာပဲထိမှန်သေဆုံးပုံတွေ Kayan Times မှာတင်လာပါတယ်..။
မီဒီယာအမည်ခံတယ်ဆိုရင်ပုံတွေဆင်ဆာလုပ်သင့်ပါတယ်။
နာကျည်းမှုတွေတိုးပွားမှုမရှိအောင်ထိန်းထိန်းသိမ်းသိမ်းနှစ်ဖက်လုံးကပုံတွေတင်ကြဖို့ပြောချင်ပါတယ်။
ပြည်တွင်းစစ်မှာဘယ်ဖက်ကကျကျဝမ်းနည်းစရာကြီးပါ။

0 အကြံပြုခြင်း: