Thursday, February 12, 2015

တရုပ်အစိုးရနောက်ကွယ်က ကြိုးကိုင်နေတဲ့ အရှေ.မြောက်ဒေသကျူးကျော်စစ်


ယခုလတ်တလော ကိုးကန်.ဖုန်ကြားရှင်ရဲ.တပ်တွေ မြန်မာ့မြေပေါ်တိုက်ခိုက်နေမှုဖြစ်စဉ်
အားလုံး၏ အရင်းခံမှာအိမ်နီးချင်းကောင်းပီသ သောပေါက်ဖော်ကြီး၏ စနက်ပင်ဖြစ်သည်။

မြန်မာပြည်၌ သစ်လာခိုးသောတရုတ်သူခိုးများအားထိန်းသိမ်းထားခြင်းမှ ပြန်လည်
လွှတ်ပေးရန်တောင်းဆိုမှုမ အောင်မြင်သောအခါတရုတ်တပ်မ တစ်ခုကိုဖုန်ကြားရှင်
အား ဦးစီးစေလျှက်MNDAA/TNLA/UWSA /KIAအဖွဲ့များနှင့်ပူးပေါင်း၍မြန်မာနိုင် ငံ
အ ရှေ့ မြောက် ဖျားရှိနယ်စပ်မြို့များအား တိုက်ခိုက်သိမ်းပိုက် ရန် စေလွှတ်ခဲ့ကြောင်း။
စစ်လက်နက်ပစ္စည်းများရိက္ခာနှင့်လူအင် အားများကိုလည်းတရုတ်မှ အဓိက ထောက်ပံ့
လျှကရှိကြောင်း။စစ်လက်နက်ဟုဆိုရာတွင်လေယာဉ်ပစ် ပဲ့ထိန်းဒုံးများပါပါဝင်ကြောင်း
သတင်းများရရှိခဲ့ပါသည်။

မြန်မာနိုင်ငံ လွှတ်တော်အတွင်းရှိတရုတ်သူလျှိုများမှ တဆင့်တပ်မ တော်၏ စစ်သတင်း
များပေါက်ကြားလျှက် ရှိကြောင်းလည်ူ သတင်းများထွက်ပေါ်နေလျက်ရှိပါသည်။

သတင်းဓါတ်ပုံ- ရာဇာဓိရာဇ်

ယခုလတ်တလော ကိုးကန်.ဖုန်ကြားရှင်ရဲ.တပ်တွေ မြန်မာ့မြေပေါ်တိုက်ခိုက်နေမှုဟာ
တရုပ်ကနောက်ကွယ်မှကြိုးကိုင်ပြီး မြန်မာနိုင်ငံကိုကျူးကျော်ဖို. ရန်စလာတဲ့အရေး
ဆိုတာ တိုင်းရင်းသားပြည်သူတွေ သိစေဖို.ပါ ။
==================================================
MNDAA က ဆိုင်းဘုတ်မှာ ရေးထားတဲ့စာတွေ ဖတ်ကြည့်ပါ။
ဒီကောင်တွေ တရုတ်တွေပါ ။
ကိုးကန့်ဒေသ ဖုန်ကြားရှင် စီချွမ်တရုတ်လူမျိုး မအုပ်ချုပ်မီက ကိုးကန့်တိုင်းရင်းသား
သောင်းဂဏန်းပဲ ရှိပါတယ်။ ဖုန်ကြားရှင် စီချွမ်တရုတ်လူမျိုးဟာ တစ်ချိန်က တရုတ်တပ်တွေ ဦးဆောင်ပြီး မြန်မာပြည်ကို ကျူးကျော်ခဲ့တဲ့ တပ်မှူးဟောင်းပါ။ အစိုးရက ကိုးကန့်ကို
တိုင်းရင်းသား သတ်မှတ်ပေးလိုက်တဲ့ အချိန် သောင်းဂဏန်းသာ ရှိတဲ့ကိုးကန့်က သိန်းဂဏန်းအထိ ရှိသွားပါတယ်။

ကိုးကန့်အစစ်တွေဟာ ပယ်စောက်ချိန်ကိုပဲ ချစ်ကြပါတယ်။ ၂၀၀၉ ကတည်းက ထွက်ပြေး
ခဲ့ပြီး အခု ပြဿနာရှာဖို့ ပြန်လာတဲ့ ဖုန်ကြားရှင်ကို ကိုးကန့်တွေက မကြိုဆိုပါဘူး။ တရုတ်
ကနေ ကိုးကန့်လုပ်ပြီး လောင်းကစား ဖာခန်း ဘိန်းလုပ်ငန်း မှောင်ခိုစီးပွားရေး တရုတ်
လုပ်ငန်းရှင်တွေ နဲ့ တရုတ်အပေါင်းအပါတွေကသာ ကြိုဆိုကြမှာပါ။ ဖုန်ကြားရှင်ရဲ့ အရင် ဘိန်းချက်စက်ရုံက ရရှိတဲ့ ငွေမည်းတွေကို တရုတ်ပြည်က ဘဏ်မှာ သန်းထောင်နဲ့ချီ
ထည့်ထားခဲ့တာပါ။ တရုတ်အစိုးရက ဖုန်ကြားရှင် ဘဏ် အကောင့်ကို ငွေထုတ်ခွင့်
မပြုခဲ့လို့ MNDAA ဟာ ငတ်ပြတ်မွဲတေနေခဲ့ ပါတယ်။ အခုချိန်မှာ တရုတ်အစိုးရက
ငွေထုတ်ခွင့်ပြုခဲ့တဲ့အတွက် ဖုန်ကြားရှင်ဟာ ဒီတိုက်ပွဲအတွက် စစ်စရိတ်ရခဲ့တာပါ။

အရှင်းဆုံးပြောရရင် တစ်ချိန်ကလို လောက်ကိုင်မှာ ဘိန်းစခန်းကြီးတွေ အကြီးအကျယ်
လုပ်ပြီး စီးပွားပြန်ရှာချင်တဲ့ ရည်မှန်းချက် ရှိပုံ ရပါတယ်။ တရုတ်လူမျိုးနဲ့ တရုတ်အစိုးရ
ကို လုပ်ကျွေးနေတဲ့ ဖုန်ကြားရှင် စီချွမ် တရုတ်လူမျိုးရဲ့ MNDAA တပ်ဟာ တရုတ်ကနေ ကိုးကန့်လုပ်ထားတဲ့၉၀ % သော တရုတ်တပ်တွေပါပဲ။

ကျူးကျော်တရုတ်တွေကို ခုခံတိုက်ခိုက် ခြင်း သာဖြစ်ပါတယ်။ ။ ရရှိခဲ့တဲ့ MNDAA
အလောင်းတွေ အတော်များများပေါ်က တရုတ်ကဒ်တွေနဲ့ စက်စကားမှာ ပြောတဲ့
တရုတ်ဘာသာ စကားတွေက သက်သေပါပဲ။ MNDAA တပ်ထဲက တရုတ်ဆိုင်းဘုတ်
တွေက တိုင်းရင်းသားလား တရုတ်လား ခွဲခြား ပေးနိုင်မှာပါ။

0 အကြံပြုခြင်း: