Monday, February 23, 2015

ကွဲလွဲဆဲနအဖ



ရဲဘော်ဖိုးသံချောင်းနှင့် အင်တာဗျူး
=======================
ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဖြစ်ပွားခဲ့တဲ့ လောက်ကိုင် တိုက်ပွဲဖြစ်စဉ်
တွေမှာ တရုတ်စစ်သည်ဟောင်းတွေဟာ စစ်ရေး အကြံပေး၊ နည်းပြ၊ ကြေးစားစစ်သည် တနည်းနည်းနဲ့ ပါဝင်ပတ်သက်မှုတွေ ရှိနေတယ်လို့ မြန်မာ့တပ်မတော်က ဖေဖော်ဝါရီ
၂၁ ရက်နေ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒီအပေါ် ဗမာပြည်ကွန်မြူနစ်ပါတီ ပြောခွင့်ရ ရဲဘော်သံချောင်းက တရုတ်ပြည်ထဲမှာ
ကြေးစားစစ်သားဆိုတာ မရှိဘူး၊ အစိုးရအနေနဲ့ တရုတ် ပါဝင်ပတ်သက်ရိုးမှန်ရင် သံတမန်လမ်းကြောင်းက တရားဝင် ကန့်ကွက်သင့်တယ်၊ တရုတ်ပါဝင်ပတ်သက်တယ်
ဆိုတဲ့ စွပ်စွဲပြောဆိုချက်မှာ ၀န်ကြီးဦးအောင်မင်းပြောတဲ့စကားနဲ့ စစ်တပ်က ပြောတဲ့
စကား လုံးဝကွဲလွဲနေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
မြန်မာ့တပ်မတော်က ကိုးကန့်တိုက်ပွဲမှာ တရုတ်ကြေးစားစစ်သားတွေ ပါဝင်ပတ်သက်
နေတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒီအပေါ် ဘယ်လို သုံးသပ်ပြောချင်လဲ။
“ဟုတ်ကဲ၊ ကျနော် နံပါတ်တစ် ထောက်ပြောချင်တာကတော့ မနေ့က သတင်းစာ
ရှင်းလင်းပွဲမှာ ပြောတဲ့စကားနဲ့ ဦးအောင်မင်းပြောတဲ့စကားနဲ့ လုံးဝ ကွဲလွဲနေပါတယ်။ နံပါတ်နှစ်က ကြေးစားစစ်သားဆိုတာ ဘယ်လို အနက်ဖွင့်မှာလဲ၊ သူများနိုင်ငံတွေမှာ
ကြေးစားစစ်သားဆိုတာ စစ်တပ်ရယ်လို့ သီးသန့်ရှိတယ်။ နောက်ပြီး ကုမ္ပဏီကြီးတွေ
လိုကို သူတို့က ဖွင့်ထားကြတာ၊ တရုတ်ပြည်ထဲမှာတော့ အဲ့ဒါမျိုး မရှိတာ အမှန်ပဲဗျ။
နောက်ပြီးတော့ ဒီ နယ်စပ်တလျှောက်မှာက လာအလုပ်လုပ်ရင်း စစ်သားဆွဲခေါ်လို့ ပါသွားတယ်ဆိုတာမျိုးလည်း ရှိနေတတ်တာ၊ တရုတ်လူမျိုးတွေလည်း အဲ့လိုမျိုး အဆွဲ
ခံရတာ ဟိုး အရင်ကတည်းက ရှိတာ။ ဒါမှ မဟုတ်လည်း အိမ်မှာ အဆင်မပြေလို့ ဒီဘက်လာပြီးတော့ စစ်ထဲဝင်လိုက်တာမျိုး ဒါမျိုးတွေ ရှိပါတယ်၊ သီးသန့်လိုက်ပြီး
ခေါ်နေရတဲ့ဟာမျိုး မရှိပါဘူး၊ တရုတ်ပြည်ထဲမှာ အဲ့ဒီလို လုပ်ကိုင်စားသောက်တဲ့
လူမျိုး မရှိပါဘူး။
“ကျနော်တို့ သိသလောက်ဆိုရင် နယ်စပ်မှာ အခု ရှိနေတဲ့ အဖွဲ့တွေထဲမှာ တရုတ်ပြည်
သားတွေ ဒါမှမဟုတ် တရုတ်ပြည်သားဖြစ်ခဲ့ဖူးသူတွေ စစ်မှုထမ်းတာ ရှိပါတယ်။
ဒါပေမယ့် သိပ်အနည်းအကျဉ်းပါ။ ဥပမာ ၀ တပ်ဖွဲ့မှာဆို ဆယ်ဂဏန်း၊ ရာဂဏန်း
လောက်ပဲ ရှိမယ်ထင်တယ်။ ၀ တပ်ဖွဲ့ဆိုတာ လက်နက်ကိုင်အင်အားစုတွေထဲမှာ
အကြီးဆုံး အင်အားစုတပ်ပါ။ ကျန်တဲ့အဖွဲ့တွေဆို ဆယ်ဂဏန်းလောက် ရှိမှာပါ။
ဘာမှ မပြောပလောက်ပါဘူး။ အဲ့ဒါတွေကလည်း နဂိုက စစ်လေ့ကျင့်ထားပြီး တမင်သွားပြီးတော့ ကြေးစားစစ်သားတွေဆိုပြီးသွားတာ ငှားရမ်းခေါ်တာ အဲ့ဒါ
မျိုးတွေ လုံးဝ မဟုတ်ပါဘူး။”
အဲ့ဒီတော့ ဆရာ သုံးသပ်ပုံဆို စစ်တပ်က တရုတ်ပါတယ်ဆိုပြီးပြောတာက တရုတ်နဲ့
ဆက်စပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အပြီးထိုးစစ်ဆင်ဖို့ အကြောင်းပြတယ်လို့ ပြောလို့ရမလား။
“သူတို့အနေနဲ့ ဒီလို တရုတ်ကို ပြောနေမယ့်အစား ဘာဖြစ်လို့ တရုတ်အစိုးရကို
တိုက်ရိုက် မကန့်ကွက်သလဲ၊ ဒါမှ မဟုတ်ရင် နိုင်ငံတကာအဖွဲ့အစည်းတရပ်ကို
ဘာကြောင့် မတင်ပြသလဲ၊ အဲ့ဒါ မေးစရာဖြစ်ပါတယ်။ အခုဟာက ကွယ်ရာမှာပဲ
ပြောနေသလို ဖြစ်နေတယ်။ တရုတ်ဘက်ကတော့ တရားဝင်သတင်းစာရှင်းလင်းပွဲ
တခုမှာ သူတို့ လုံးဝ မပါဝင်ဘူး၊ မပတ်သက်ဘူးလို့ ပြောပြီးသား။ ဒီဘက်ကလည်း အလားတူပဲ ပြန်လည်တုံ့ပြန်တာမျိုးဖြစ်သင့်တယ်။ တရားဥပဒေအရ သံတမန်
သဘောအရ တရားဝင်တဲ့နည်းနဲ့ ကန့်ကွက်ပြောဆိုတာ လုပ်သင့်တယ် ထင်တယ်။
အခု လုပ်နေတာတွေနဲ့ ပတ်သက်လို့ ကျနော်မြင်တာကတော့ ဒီ အစိုးရစစ်တပ်ဟာ တိုက်ပွဲသေးသေးလေးတွေဆိုရင် ပြောလေ့ဆိုလေ့ မရှိဘူး။ အခု ကိုးကန့်တိုက်ပွဲ
ဆိုရင်လည်း အရင် တိုက်ပွဲတွေနဲ့စာရင် မပြောပလောက်ပါဘူး။ အခုကျမှ ဇာချဲ့ပြီး အကြီးအကျယ်ပြောဆိုနေတာ ရည်ရွယ်ချက်တွေ ရှိပါတယ်။
“ကျနော်ထင်တဲ့ရည်ရွယ်ချက်ကတော့ ဦးသိန်းစိန်အစိုးရရဲ့ နိုင်ငံရေးနည်းပရိယယ်
တခုက သူတို့ရဲ့ နိုင်ငံရေးအကျပ်အတည်းတွေကနေ အချိန်မရွေး ရုန်းထွက်နိုင်ဖို့
အတွက် တိုင်းပြည်ကို အမြဲတမ်း တင်းတင်းမာမာ အခြေအနေ တင်းတင်းမာမာ
လူတွေ စိတ်အေးလက်အေး မဖြစ်အောင် ဖန်တီးထားတာ သူတို့ရဲ့ လုပ်ဟန်ပါပဲ။ ငြိမ်းချမ်းရေးစကားသာပြောနေပြီး ငြိမ်းချမ်းရေးဖြစ်အောင် မလုပ်ဘူး။ အဲ့ဒါအပြင်
လူတွေကို တထိတ်ထိတ်တလန့်လန့်ဖြစ်အောင် အမြဲတမ်း လုပ်ထားတာ၊ နောက်ပြီး
အခုအခါဆို လူမျိုးရေး ဘာသာရေး အဓိကရုန်းတွေ အချိန်မရွေးဖန်တီးတယ်။
စစ်အုပ်ချုပ်ရေး မာရှယ်လော စတာတွေ ကြေညာတယ်။ စစ်တပ်က အာဏာသိမ်းရင် ဘယ်လိုလုပ်မလဲဆိုပြီး စိုးရိမ်သလိုလိုနဲ့ ခြောက်လှန့်တာတွေ ရှိတယ်။ အခုဟာ
ကလည်း သူတို့အနေနဲ့ အချိန်မရွေး တခုခု ဖန်တီးလို့ရအောင် လေထု ပြင်ဆင်နေတာ။
လူထုကို သတိပေးနေတဲ့သဘောလို့ ထင်ပါတယ်။ ၂၀၁၅ ခု ရွေးကောက်ပွဲဟာ
သူတို့တတွေ ရိုးရိုးသားသားလုပ်လို့ရှိရင် ၀က်ဝက်ကွဲရှုံးမယ့်ဟာပါ။ အဲ့ဒီတော့
အဲ့ဒါကို ရှောင်လွှဲဖို့ အဲ့ဒါမတိုင်ခင် တခုခုပြဿ နာဖော်ဖို့ ဘာတွေလုပ်ဦးးမလဲ မသိဘူး၊
စဉ်းစားစရာတွေ အများကြီးပါ။ ဒီကနေ့ မြန်မာပြည်နိုင်ငံရေးက အင်မတန်ရှုတ်ထွေးတဲ့
အခြေအနေပါ။”
ကျနော်စောစောကမေးသလို နယ်စပ်က တပ်ဖွဲ့တွေကို အပြတ်ရှင်းဖို့ ရှိလား၊ အခုဆို
ဝ တပ်ဖွဲ့တွေ ပါတယ်လို့ ပြောပြီ။ ကိုးကန့်ပြီးရင် ၀ ဘက် လှည့်ဖို့ရှိလား။
“တကယ်တော့ ဒီတိုက်ပွဲမှာ ၀တို့ဘာတို့ မပါဘူးဆိုတာ သူတို့ သိပါတယ်။ ၀ က
လက်နက်ရောင်းပေးတာတို့ ဘာတို့တော့ ရှိချင်ရှိမှာပေါ့ဗျာ။ ဒါပေမယ့် ကူညီ
ဝင်တိုက်ပေးတယ်ဆိုတာ မထင်ဘူး။ နောက်ပြီးကျတော့ သူတို့ တိုက်ခဲ့ပြီးပါပြီ။ ဝ
ကို သိမ်းနိုင်လောက်အောင် သူတို့ မတိုက်နိုင်ပါဘူး။ တိုက်ပွဲတော့ဖော်နိုင်မယ်၊ သိမ်းနိုင်လောက်တဲ့ထိ မဖြစ်နိုင်ဘူးဆိုတာ သူတို့ သိပါတယ်။ ၀ါဒဖြန့်ချိဖို့အတွက် အဓိကထားတယ်လို့ ထင်ပါတယ်။
သတင်းဓါတ်ပုံ-ရွှေအောင် (DVB)



ဖမ်းမိ တရုတ်ကြေးစား စစ်သားများကို သေဒဏ်ပေးရဲသလား?

ပွဲကြီးပွဲကောင်းပဲဗျို့… ကျနော် ဒီဆောင်းပါး တင်ပြဖို့ စောင့်ဆိုင်းခဲ့ရကျိုး နပ်သွားလေပြီ ...

ငြိမ်းချမ်းရေး စင်တာမှ ယမကာ အောင်မင်း (၀န်ကြီး)သည် (၁၉ )ရက်နေ့တွင် နေပြည်တော်ဝယ် ကျင်းပသော ပြည်ထောင်စုလွှတ်တော်အတွင်း လောက်ကိုင်စစ်ပွဲအကြောင်း တင်ပြ၏။ “တရုတ်တွေ တစ်ယောက်မှကို မပါဘူး တရုတ်ပြည်ကို ကျနော် အတည်ပြုဖို့ မေးပြီးပြီ…..အဟန် အဟန်း ..ကျနော်ပြောချင်တာက တရုတ်တွေ လောက်ကိုင်စစ်ပွဲမှာ လုံးဝကိုမပါတာ ၁၀၀% ကြိမ်းသေတဲ့အရာပါ’….ဟု အာမဘန္တေခံ၍ အောင်မင်း အကြိမ်ကြိမ်ပြောခဲ့၏။
အမှန်တော့ ဦးအောင်မင်းအဖို့ ပြည်ထောင်စုလွှတ်တော်ထိကို တက်ပြောရတဲ့ အကြာင်းရင်းကဒီလိုပါ… ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့မှာ သမ္မတရုံးက ပြောခွင့်ရှိသူ မူးဇော် (ခ) ဦးဇော်ဌေးက သူ့ရဲ ဖေ့စ်ဘွတ်မှာ လက်ရှိ လောက်ကိုင်စစ်ပွဲတွင် တရုတ်ပြည်မှ တရုတ်နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်သူများ အသေလောင်းကဘယ်နှစ်လောင်း ဒဏ်ရာဖြင့် လက်နက်အပါဝင် အရှင် ဖမ်းမိထားသူ ဘယ်နှစ်ယောက် စသဖြင့် ရေးတင်ဖေါ်ပြလာပါတယ်။
ဒါကို ငြိမ်းချမ်းရေး စင်တာရဲ့ ယမကာ ဦးအောင်မင်းကဆွေ့ဆွေု့ခုန်ဖြစ်ခဲ့ပါတယ်…အမှန်တော့ ဦးအောင်မင်းရဲ့ အဖိုး ဖြစ်သူ (ကျောက်ဝှေ့ယန်း) က ယူနန်ပြည်နယ်သားကြီးစစ်စစ်ဖြစ်နေတာရယ်၊ ပြီးတော့ ဦးအောင်မင်းမှာ တရုတ်စကားကျွမ်းကျင်စွာ ပြောတတ်ပြီး တရုတ်မြန်မာ ဆက်ဆံရေး တည်ဆောက်ခဲ့သော ကာလတလျောက် မြန်မာ့ စစ်ထောက်လှမ်းရေး အရာရှိကြီးတဦးအဖြစ် တရုတ်တို့ အလိုကျ အံ့ဝင်ဂွင်တည့်အောင် လုပ်ပေးခဲ့လို့ ထောက်လှမ်ရေးတွေ ဖမ်းဆီးခံရပြီး ဘ၀ ပျက်နေချိန်မှာတောင် တရုတ်ပြည်အစိုးရရဲ့ မျက်သာပေး ထောင်ခံ၍ပြောဆိုထောက်ပံ့မှုကြောင့် ယနေ့ ၀န်ကြီးတောင်ဖြစ်လာခဲ့ရတာပါ။ (နောင်တွင် အသေးစိတ်ရှင်းပြမည်)
ဦးအောင်မင်း သမ္မတရုးံအဖွဲ့ဝင်များကို အတော်ပင် အချဉ်ပေါက်နေတာကြာလေပြီ ဖြစ်၏ ။…
အကြောင်းမှာ..ကျောင်းသားများနှင့် ရန်ကုန် စိန်ရတု ခန်းမ ဆွေးနွေးပွဲ မအောင်မြင်ခဲ့မှုနှင့် နေပြည်တော်တွင် ပျက်ပြယ်ခဲ့ရသော ကျောင်းသားများနဲ့ တွေ့ဆုံဆွေးနွေးမှုမှာ ဦးအောင်မင်း …အတော်ပင် အထိနာခဲ့ရပါတယ်။။
သမ္မတရုံးမှ သမ္မတအဆင့်မဟုတ် ၀န်ထမ်းမျှလောက်သာ ရှိသော ရာထူးရှိသူများက ဦးအောင်မင်းကို အရက်ဖြတ်ဖို့ …၀န်ကြီး အရက်ဂျိုး တက်နေလို့ အခုလို ကမောက်ကမ ဖြစ်ပြီး ပြသနာ ပိုကြီးထွားလာရတယ်လို့ ပြောကြလို့ ဦးအောင်မင်း ဒေါသူပုန်ထနေခဲ့တာပါ…အခု ဦးအောင်မင်းက လောက်ကိုင်စစ်ပွဲမှာ တရုတ်တွေ တစ်ယောက်မှ မပါခဲ့ပါဘူးလို့ ပြည်ထောင်စု လွှတ်တော်ထိတက်ပြောတာဟာ သေချာ ခိုင်မာတဲ့ သတင်းအချက်လက်နဲ့ ပြောခြင်းမျိုးမဟုတ်ပဲ သမ္မတရုံးမှ ဖေ့စ်ဘွတ် ကဝေများကို (၁၂) ကြိုးနဲ့ပြန်ရစ်ခွေချင်လို့ လွှတ်တော်ထိကို တက်ပြီး အရွဲ့တိုက်ခဲ့တာပါ။
ဖေဖေါ်ဝါရီလ (၁၂) ရက် ၂၀၁၅ ခုနှစ်မှာတော့ နေပြည်တော် တပ်မတော်နှင့် ဆိုင်တဲ့ ခန်းမကြီးမှာ မြန်မာ စစ်ဘက်မှ ဗိုလ်ချုပ် မြထွန်းဦးက ဦးဆောင်ပြီး လောက်ကိုင် စစ်ပွဲ အခြေနေမှန်များကို ပြည်တွင်းပြည်ပအချို့ သတင်းစာ ဆရာ သတင်းထောက်များကို ခေါ်ယူပြီး သက်သေ သက်ကာယ အချက်လက်များနှင့် တင်ပြပြီး သတင်းစာ ရှင်းလင်းပွဲတစ်ခု လုပ်ခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲက ယခင် လုပ်ခဲ့ဘူးတဲ့ သတင်းစာ ရှင်းလင်းပွဲ ပုံစံမျိုး မဟုတ်ပဲ အသံခတ်မာမာနှင့် စတင် ရှင်းလင်းပြောပြနေခဲ့ပါတယ်။ ဗိုလ်ချုပ် မြထွန်းဦး ပြောပြခဲ့သမျှ ဟုတ်သော်ရှိ မဟုတ်သော်ရှိ စစ်ဘက်က စစ်ရေးသတင်းနဲ့ ပတ်သက်လို့ ယခု အစိုးရတက်လာပြီးမှ လုပ်ခဲ့တဲ့ ပထဆုံး သတင်းစာရှင်းလင်းပွဲ ဖြစ်နေတာမို့ အားလုံးက စိတ်ဝင်စားခဲ့ကြပါတယ်။။
နောက်ဆုံးတော့ ဗိုလ်ချုပ်မြထွန်းဦး ပြောရင်းဆိုရင်းထဲကနေပဲ လောက်ကိုင်စစ်ပွဲမှာ ရန်သူ့အလောင်းက ဘယ်နှစ်လောင်း ဒဏ်ရာဖြင့်က ဘယ်နှစ်ယောက် ပြောခဲ့ပြီး တဖက်နိုင်ငံသားများ ဖြစ်နေတာကိုလည်း မိမိတို့ စိစစ် တွေ့ရှိရပြီး သက်ဆိုင်ရာ တရုတ်သံအမတ်ကြီးကနေတဆင့် နှစ်နိုင်ငံ ဆက်ဆံရေး မူဘောင်အရ ဖြေရှင်းသွားမယ်လို့ မရင်ငယ် တွက်ချေမကိုက်တဲ့ အသံနဲ့ နောက်ဆုံး တင်ပြပြောဆိုခဲ့ပါတယ်။
အခုမှ ရှင်းသွုားတော့သည် …
၂၀၁၃ ခုနှစ် မတ်လ (၁)ရက်နေ့…….တရုတ်အစိုးရမှ ကွက်မြက် ခံခဲ့ရသော အကြောင်းရင်းက ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် မဲခေါင်မြစ်အတွင်း တရုတ်စက်လှေနှစ်စီးအားပြန်ပြေးဆွဲပြီး တရုတ် လှေသား ၁၃ ဦး သတ်ဖြတ်ခဲ့သည်ဆိုတဲ့ အမှုဖြင့် စိုင်းနော်ခမ်းအပါဝင် (၆) ဦးကို မြန်မာအစိုးရက တရုတ်ပြည်သို့ တရားဝင် ရာဇ၀တ်အကျဉ်းသားများ လွဲပြောင်းပေးရေးစာချုပ်…ချုပ်ဆိုထားခြင်း မရှိပဲ လွဲပြောင်းပေးခဲ့ပါတယ်။
ယူနန်ပြည်နယ် မြို့တော် ပြည်သူ့ တရားရုံးက သူတို့လေးဦးကို ဆေးထိုးပြီး အဆုံးစီရင်မှာဖြစ်တယ်လို့ ကူမင်းပြည်သူ့ တရားရုံး က ပြောပြီး မတ်လ (၁)ရက် နေ့ခင်း (၁ နာရီ ၅၅)မိနစ်မှာ သတ်ဖြတ်ပုံကို တရုတ် တီဗွီပေါင်း သတင်းဌာန (၄၂) ခုကနေ့ တိုက်ရိုက် အသေးစိတ် သေဒဏ်စီရင်ပုံတို့အား ကမ္ဘာကို ထုတ်လွှင့်ပြသခဲ့ပါတယ်။
စိုင်းနော်ခမ်းကို လာအို စစ်ဘက်ထောက်လှမ်းရေးနဲ့ မြန်မာ နဆက ထောက်လှမ်းရေးတို့ ပူးပေါင်း ဖမ်းဆီးစဉ်က မူးယစ်ဆေးဝါး သက်သေအဖြစ် နားဖါချေး လောက်တောင် မရရှိခဲ့ပေမယ့် တရုတ် (၁၃) ဦးကို သတ်တဲ့ ကိစ္စကို အဓိကထားပြီး တရုတ်ပြည်ကို ပို့ပေးခဲ့ ခြင်းပါ။ ဒါပေမယ့် တရုတ်ပြည်က မူးယစ်ဆေးဝါ ရာဇာ ဧက္ကရာဇ်မင်းကြီးတစ်ပါးကဲ့သို့ အမှုဖိုင်ကြီးများ ပူးတွဲ ဖွင့်ခဲ့ပြီး တရုတ်တရားရုံးကို တင်ခဲ့ပါတယ်။
စိုင်းနော်ခမ်းနဲ့ အပေါင်းပါ(၆) ဦးကို တရုတ်က ရတာတောင် အားမရလို့ နောက်ထပ် ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်က တရားစီရင်ဖို့ သမ္မတရုံးကို တိုက်ရိုက် သံဗ္ဗာန်စာ ဆင့်လာလို့ သက်သေအဖြစ် ထွက်ဆိုပေးဖို့ဆိုပြီး သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် ခရိုင် မိုင်းဖုန်းကျေးရွာအုပ်စု တာဆမ်ဖူးရွာနေ စိုင်းအောင်မြတ်ကို ထပ်မံဖမ်းဆီး၍ တရုတ်ပြည်ကို စိုင်းနော်ခမ်းတို့ ရောက်ရှိပြီး (၂) ပတ်အကြာမှာ မြန်မာ နစခ ကပဲ ထပ်မံ၍ ၀မ်းသာအားရ ပို့ခဲ့ကြပြန်ပါတယ်… သတင်း လင့်ကို ဒီမှာ ကြည့်ပါ…
http://burmese.bnionline.net/…/12194-2012-11-21-17-08-21.ht…
http://alinshin.blogspot.com/2013/03/blog-post_9784.html

နောက်ဆုံးတော့ သက်သေအဖြစ် ထွက်ဆိုဖို့ မြန်မာသမ္မတအမိန်နဲ့  ပို့ပေးခဲ့တဲ့ စိုင်းအောင်မြတ်လည်း ယနေ့အထိကို မြန်မာပြည်ကို ပြန်ရောက်မလာတော့ပဲ တရုတ်ပြည်ရဲ့ လူသားဈေးကွက်ထဲမှာ ပြောက်သွားခဲ့ပုံရပါတယ်။
အခု ဘယ်လိုရှင်းကြမလဲ….?...
လောက်ကိုင်စစ်ပွဲတွင် ဖေဖေါ်ဝါရီလ (၁၃၊ ၁၄၊ ၁၅ ) ရက်တွေမှာ တရုတ် စစ်မှုထမ်းဟောင်းလဲဖြစ် တရုတ်နိုင်ငံသားလဲဖြစ်နေတဲ့ (၉) ဦးကို အရှင်လက်ရ လက်နက် ခဲယမ်းတွေနဲ့ အတူ တိုက်ပွဲထဲမှာ ဒဏ်ရာများနဲ့ ဖမ်းမိခဲ့ပါတယ်။။။ အဲဒါကို ဘယ်လို စီရင်မလဲ.. မြန်မာ့ တပ်မတော်မှ အတုံးအရုန်း သေကြသည် ဘုံးဘောလအော ဒဏ်ရာများရရှိပြီး တပ်ရင်းနှစ်ရင်းဖွဲ့စည်းပုံပျက်သွားခဲ့သည်။ အားလုံးကို ပြန်ခြုံကြည့်သော် စိုင်းနော်ခမ်းသည် တရုတ် (၁၃)ဦးကိုသတ်ခဲ့သည့် အတိကျ သက်သေမရှိ စွဲချက်ဖြင့်သာ တရုတ်အစိုးရမှ သေဒဏ်ပေးပြီး ကမ္ဘာကြီးတခုလုံးသိမ့်သိမ့်တုန်အောင် မြန်မာပြည်သားတွေ ယုတ်မာ၍ တရုတ်အစိုးရမှ ဥပဒေနှင့် အညီ စီရင်ခဲ့ကြောင်း ထုတ်လွှင့်ခဲ့သည်။ ကမ္ဘာကြီးမှလည်း မြန်မာတွေ လူသတ် ဘိန်းရောင်းလို့ပင် နိုင်ငံတကာ သတင်းစာ အချို့တွင် ထင်ကြေးပေး ရေးသားခဲ့ကြသည်။
ယခု တရုတ် ကြေးစားစစ်သားများ ဖမ်းမိထားပြီဟု ဗိုလ်ချုပ် မြထွန်းဦးပြောသည် ..မည်သို့ ဥပဒေနှင့် အညီ မည်သို့ အေ၇းယူမည်ဖြစ်ကြောင်း အတိကျ မပြောပါ..ကမ္ဘာသို့လည်း တရုတ်အစိုးရ စိုင်းနော်ခမ်းကို အကြောင်းပြု၍ မြန်မာတွေ ယုတ်မာကြောင်း ထုတ်လွှင့်ွှပြသ သကဲ့သို့ မလုပ်ရဲပါ။
အကြောင်းမှာ ယခု ဖမ်းမိထားသော မြန်မာ့တပ်မတော်သားများအား လူမဆန်စွာ သတ်ဖြတ်ခဲ့ကြသည့် တရုတ် ကြေးစား စစ်သားများအား မကြာခင် ကန်တော့ပွဲ ခေါင်းပေါ်ရွက်သကဲ့သို့ အိုးစည်ဒိုးပတ်များ တီးမှုတ်ကခုန်၍ ဆီပုလင်းများ ခါးတွင် ချိပ်၍ ပြန်လည် ပို့ဆောင် ကန်တော့ပန်း ဆင်ကြပေမည်ဟု ယူဆရကြောင်းပါ……
ဂိုလ်ရှယ်လေး


0 အကြံပြုခြင်း: