Thursday, February 12, 2015

ဘူးလက်ရေးတဲ့စာ

Hla Swe
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ကိုမောင်မောင်အုန်းခင်ဗျား ရိုသေသတိရစွာဖြင့် စာရေးအပ်ပါတယ် ၊ စစ်တွေ ရေမြေဒေသနဲ့နေသားကျသွားပြီလား ၊ တင်ပြစရာလေးရှိလို့ပါ ၊ စစ်တွေကမိတ်ဆွေတယောက်က ချက်ဘောက်ကနေ ပုံတွေပို့လာလို့ ၊ ဆုထူးစံ ကုမ္ပဏီ ကခင်းတဲ့လမ်းတွေက မိုးဦးကျတာနဲ့ ရေထဲပါသွားမှာ ပါးပါးလေးဖြစ်သလိုလုပ်ထားပါတယ် တဲ့ ၊ ကမ်းနားလမ်းမှာလဲ စည်ပင်ကအမိုက်တွေမသိမ်းတော့ အနံ့အသက် လေကောင်းလေသန့် လဲမရူရ အတော်ကိုညစ်ပါတ်အရုပ်ဆိုးနေပါပြီ တဲ့ ၊ ဆိုပြီး အဲ့ ပုံတွေပို့လာတယ်ဗျာ ၊ ဟုတ်တယ်ဗျ ကျနော်က ရခိုင်မှာ ၉ နှစ်လောက်နေခဲ့တာဆိုတော့ အဲ့ မှာက မိုးရွာရင် heavy rain ရွာတာဗျ ၊ ကိုအုန်း လိုအပ်သည်များ စီစဉ်ညွှန်ကြားနိုင်ပါရန် လေးစားစွာတင်ပြအပ်ပါတယ်ဗျာ ။ လွှတ်တော်အပိုင်းမှာလိုအပ်တာရှိရင် ခိုင်းပါ ။ ဒီရောက်မှဆုံကြသေးတာပေါ့ ။

0 အကြံပြုခြင်း: