Tuesday, February 24, 2015

"အခြား ဘာသာရေး အဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော ကျောင်းများ" လို့ ကောက်ကျစ်စွာ ဖော်ပြ

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း အခန်း(၆) ပုဒ်မ၃၄ ပုဒ်မခွဲ(ည)မှာ ပါရှိတာက "အခြားဘာသာရေး အဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော ပညာရေးဆိုင်ရာ ကျောင်းများ" ဖြစ်ပါတယ်။

၂၀၀၈ အခြေခံဥပဒေအရ အစိုးရသည် ကိုးကွယ်သည့် ဘာသာများအားလုံးကို တူညီစွာ ထောက်ပံ့အားပေးရမည် ဆိုတဲ့ အချက်အရ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(ဘက)များ ရှိသကဲ့သို့ အခြားဘာသာများက ဖွင့်လှစ်တဲ့ ပညာရေးဆိုင်ရာကျောင်းများကို ဆိုလိုတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကြေးမုံသတင်းစာမှာ ပါရှိတဲ့ သက်နိုင်ညွန့် ဆိုသူ ရေးထားတဲ့ ဆောင်းပါးမှာ ပညာရေးဆိုင်ရာကို ချန်လှပ်ထားကာ "အခြား ဘာသာရေး အဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော ကျောင်းများ" လို့ ကောက်ကျစ်စွာ ဖော်ပြထားပြီး "အလွန်အန္တရာယ် ကြီးတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်စေပါတယ်" ဆိုပြီး ကောက်ချက်ချထားပါတယ်။

အမှန်တစ်ကယ်က ပုဒ်မ၆၈(က)မှာ "အမျိုးသားပညာရေးဥပဒေသည် ဘာသာရေးကိုသာ သီးသန့်သင်ကြားသည့် ကျောင်းများနှင့် သက်ဆိုင်ခြင်း မရှိစေရ" ဆိုတာကို ဖော်ပြပါရှိထားပြီး ဖြစ်ပါတယ် ခင်ဗျာ။

Credit Kaung Naing

0 အကြံပြုခြင်း: