Thursday, February 5, 2015

နာမည်ပျက်လေးနဲ့ဆင်းသွားချင်ရင်လုပ်ပေါ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် ( ၃ / ၂၀၁၅ )
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်
၁၃၇၆ ခု၊ တပို့တွဲလပြည့်ကျော် ၂ ရက်
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍
မိဘပြည်သူများသို့ မေတ္တာရပ်ခံ ပန်ကြားချက်
၆။ ပညာရေးဆိုင်ရာကိစ္စကို အကြောင်းပြုပြီး ဆူပူမှုများ ဖြစ်ပေါ်လာစေ ရန် ကျောင်းသား လူငယ်များကို အသုံးချ၍ ကျောင်းသားအမည်ခံသူ များ၊ နောက်ကွယ်မှ ကြိုးကိုင် ဆောင်ရွက်နေသူများ၊ အားပေး အားမြှောက် ပြုနေသည့် နိုင်ငံရေးအဖွဲ့အစည်းအချို့ ပါဝင်ပတ်သက်နေသည်ကို တွေ့ရှိရပါသည်။
ဒါပြောချင်လို့ရဲသွပ်တို့စကားတွေလျောက်ခံနေတာ...
နောက်ကြောင်းမလှည့်ပါဖူး...အရင်ကလဲဒီအကြောင်း
အခုလဲဒီအကြောင်းပဲဟာ..ဘာမှမှမပြောင်းတာ....
ကျောင်းသားကိုဘယ်သူပဲအားပေးပေး..ဘာဖြစ်လဲ..
ဘယ် နိုင်ငံရေးအဖွဲ့အစည်းကအားပေး အားမြှောက် ပြုနေလဲ
အထောက်အထားနဲ့ပြ...
ရွေးကောက်ပွဲကကပ်နေပြီ
လုပ်ကြည့်လိုက်လေလုပ်ကြည့်လိုက်....
ခွချက်ချင်းတူရင်ပါဝါယှဉ်ကြတာပေါ့....
နာမည်ပျက်လေးနဲ့ဆင်းသွားချင်ရင် ရဲရင်လုပ်ပေါ့...

0 အကြံပြုခြင်း: