Wednesday, February 25, 2015

တရုတ်နှင့် အဓမ္မ လက်ထပ် ခိုင်းသည့်အမှု

တရုတ်နှင့် အဓမ္မ လက်ထပ် ခိုင်းသည့်အမှု အပါအဝင် ကလေး လူကုန်ကူးခံရမှု အရေအတွက် ၃ နှစ်တာကာလ အတွင်း ဆက်တိုက်မြင့်တက်
Posted by AF
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃
လူကုန်ကူးခံရမှု အခြေအနေ အပေါ် အစိုးရ၏ ဖြေရှင်းမှုအား နိုင်ငံတကာက စောင့်ကြည့်နေ သော အချိန်အတွင်းမှာပင် နိုင်ငံ ၌ လူကုန်ကူးခံရမှု အပါအဝင် အတင်း အဓမ္မ လက်ထပ်ထိမ်းမြားခြင်း ခံလိုက်ရသော ဖြစ်စဉ်တို့သည် ၃ နှစ်တာကာလအတွင်း ပြီးခဲ့သည့်  ၂ဝ၁၄ တစ်နှစ်လုံး ဆက်တိုက် ဆိုသလို မြင့်တက်လာ နေကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဗဟိုအဖွဲ့၏ ထုတ်ပြန်မှုစာရင်းများ အရ သိရသည်။
ပြီးခဲ့သည့် ၂ဝ၁၂ တာကာ လက တစ်နိုင်ငံလုံး လူကုန်ကူးခံ ရမှု အမှုအရေအတွက် ၁၂ဝ၊ ၂ဝ၁၃ တွင် ၁ဝ၂ မှု ရှိခဲ့သော် လည်း  ၂ဝ၁၄ တွင် ၁၂၄ မှု အထိ မြင့်တက် သွားသည်။ ထိုထဲတွင် တရုတ်နိုင်ငံသို့ ရောင်းစားခံလိုက်ရ ပြီး အတင်းအဓမ္မ လက်ထပ်ခံလိုက် ရသည့်အရေအတွက်မှာ သိသိသာ သာ ပိုမိုများပြားလျက်ရှိနေကြောင်း ဗဟိုအဖွဲ့မှ ဒုတိယရဲမှူးကြီးအဆင့် ရှိသူတစ်ဦးက ပြောသည်။
သတို့သမီးတစ်ဦးလျှင် အ နည်းဆုံး မြန်မာငွေကျပ် သိန်း ၃ဝ မှ အများဆုံးကျပ်သိန်း ၉ဝ နှုန်း ဖြင့် တရုတ်နိုင်ငံသားအချို့က ပေး ဝယ်နေသည်။
၂ဝ၁၄ ခုနှစ်တွင် တရုတ်သို့ ရောင်းစားခံလိုက်ရမှု ၇၂ မှု ရှိပြီး ၂ဝ၁၃ ခုနှစ်ကထက် ၁၇ မှု ပိုများ ခဲ့သည်ဟု ၄င်းက ဆိုသည်။
”အမှုအရေအတွက် များလာ တယ်ဆိုတာ ဗဟိုအဖွဲ့က ပြင်းပြင်း ထန်ထန် စိစစ်အရေးယူနေလို့ ဖြစ် ပါတယ်”ဟု အထက်ပါ ဒုတိယ ရဲမှူးကြီးက ပြောသည်။
အဓမ္မ လက်ထပ်ခံခဲ့ရမှုနှင့် အတူ ပြည့်တန်ဆာအဖြစ် ရောင်း စားခံလိုက်ရခြင်းကြောင့် အဓမ္မ လုပ်အားခိုင်းစေခြင်းကဲ့သို့သော ဖြစ် စဉ်များ မြင့်တက်လျက် ရှိနေသည်။
ထိုထဲတွင် အသက် ၁၆ နှစ် အောက်ကလေးငယ်များပါ ပါဝင် နေပြီး  ၂ဝ၁၃ ခုနှစ်က ကလေး ငယ် ၂၁ ဦး၊ ၂ဝ၁၄ ခုနှစ်တွင် ၃၃ ဦးအထိ ရှိကြောင်း ၄င်းက ပြော သည်။
လူကုန်ကူး ခံလိုက်ရမှုတွင် ရှမ်းပြည်နယ်မှ အမှုပေါင်း ၅၆ မှု အထိ အများဆုံး ဖြစ်ပြီး ရန်ကုန် နှင့် မန္တလေးတိုင်းဒေသကြီးများမှာ ဒုတိယလိုက်ကာ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ နေ ပြည်တော်၊ ရခိုင်ပြည်နယ်၊ ကချင် ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင်လည်း အမှုအနည်း ဆုံး ၁ မှုနှင့်အထက်တွင် ရှိကြောင်း  ရဲဌာနမှသိရသည်။
popularmyanmar.com/

0 အကြံပြုခြင်း: