Tuesday, February 3, 2015

တောင်းရမ်းစားသောက်သူ ထံမှ တစ်ရက်တစ်ထောင် ကမာရွတ်စည်ပင်မှ ကောက်ခံ

Yangon Media Group
တောင်းရမ်းစားသောက်သူ သက်ကြီး ရွယ်အိုများထံမှ
တစ်ရက်တစ်ထောင် ကမာရွတ်စည်ပင်မှဆိုကာ ကောက်ခံနေ
============================================

ဇွဲမာန်

ရန်ကုန်၊ ဇန်နဝါရီ ၃ဝ

ကမာရွတ်မြို့နယ် အတွင်း တောင်းရမ်းစားသောက်လျက်ရှိသော အိမ်ခြေမဲ့ အဘိုးအဘွားများထံမှ တောင်းရမ်းခအဖြစ် တစ် ရက်လျှင် ကျပ်တစ်ထောင် သတ်မှတ်ကာ မြို့နယ် စည်ပင်က ကောက်ယူလျက်ရှိကြောင်း ဒေသခံ များက ဖလားဝါးနယူးစ်ဂျာနယ်သို့ ပြောသည်။

ကမာရွတ်မြို့နယ်အတွင်း စောင့်ရှောက် မှု ခံယူရန်လိုအပ်နေသည့် အဘိုးအဘွားများ အ နေဖြင့် မိမိဘဝရပ်တည်ရန် လိုအပ်ချက်အရ ငွေ ကြေးများ တောင်းရမ်း စားသောက်လျက် ရှိသော် လည်း မြို့နယ်တွင်း ဝင်ရောက်တောင်းရမ်းခ ဟုဆို ကာ တစ်ရက်လျှင် အခွန်အဖြစ် ကျပ်တစ်ထောင် အား မြို့နယ်စည်ပင်သို့ ပေးဆောင်နေရကြောင်း သိရသည်။

အဆိုပါ ငွေကျပ်တစ်ထောင် တောင်း သည့်ကိစ္စနှင့်ပတ်သက်၍ တောင်းရမ်း စားသောက် နေသော အဘိုးအဘွားများထံသို့ စည်ပင်သာယာ ရေးကော်မတီက ဆိုကာ လာရောက်ကောက်ခံခြင်း ဖြစ်ပြီး မည်သူမည်ဝါမှန်း အတိအကျ မသိရှိကြောင်း၊ သိရှိပါက လုပ်ထုံးလုပ်နည်းဖြင့် အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း ကမာရွတ်မြို့နယ် စည် ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါပတ်ဝန်းကျင်တွင် ဈေးရောင်း ချလျက်ရှိသော သူများကမူ စည်ပင်မှဟု ဆိုကာ အမျိုးသမီးတစ်ဦး ပုံမှန်လာရောက် ကောက်ခံနေ ကြောင်း ပြောကြားသည်ဟု သိရသည်။

''တကယ်ဆို သူတို့ကတောင် လှူရမယ့် ဟာ။ အဲဒီလိုလုပ်တာ မကောင်းပါဘူး''ဟု ရန်ကုန် တက္ကသိုလ်မှ ကျောင်းသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ကမာရွတ်မြို့နယ်တွင်းရှိ ရပ်ကွက်ပေါင်း ၁ဝ ရပ်ကွက်တွင် တောင်းရမ်းစား သောက်သူဦးရေ ၂ဝ ခန့်ရှိကာ အများစုမှာ အသက် အရွယ်ကြီးရင့်၍ စောင့်ရှောက်မှု ခံယူရန် လိုအပ်နေ သော အဘွားအဘွားများဖြစ်ကြောင်း သိရသည်။

‪#‎TheFlowerNews‬

0 အကြံပြုခြင်း: