Sunday, February 22, 2015

လားရှိုးတွင် အခြေချမည့် အမေရိကန်လေတပ်စခန်းအတွက် တိုက်လေယာဉ်မျိုးစုံ မေလကုန် ရောက်မည်



ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၂

ယခုနှစ် မေလကုန်တွင် လားရှိုးလေတပ်စခန်းတွင် တာဝန်ချထားမည့် အမေရိကန်လေတပ်မှ တိုက်လေယာဉ်များ ရောက်ရှိလာမည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်များ အဆိုအရ သိရသည်။

"လားရှိုးမှာ ချထားမယ့်လေယာဉ်တွေ ပို့ပေးမှာပါ။ အရေအတွက်ကတော့ စစ်ရေးသတင်းဖြစ် တဲ့အတွက် ပြောလို့မရပါဘူး။ မြန်မာနိုင်ငံက ဘာမှပြန်ပေးစရာမလိုပါဘူး။ အဓိက ကတော့ ဆွေမျိုးပေါက်ဖေါ်ဆိုပြီး ဂုတ်ခွစီးနေတဲ့ အိမ်နီးချင်း အင်အားကြီး နိုင်ငံ ထင်ရာမစိုင်း နိုင်အောင်ရည်ရွယ်တာပါ" ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး Wai Nwe Lwin က ပြောသည်။

လားရှိုးနှင့်မူဆယ်ရှိ အမေရိကန်လေတပ် အခြေစိုက်စခန်းများကို ကာကွယ်ရန် မြန်မာ့ပင် ပင်လယ်ပြင်အတွင်း အမေရိကန် လေယာဉ်တင်သင်္ဘောနှစ်စီးကို အမြဲတမ်း ချထားပေးသွား မည်ဖြစ်သည်ဟုလည်းဆိုသည်။

"လေယာဉ်တင် သင်္ဘောတွေဆိုတာကတော့ ကျွန်တော်တို့တပ်မတော်အတွက် ရွေ့လျားလေ ယာဉ်ကွင်းတွေဆိုလည်း မမှားဘူးပေါ့။ မိနစ်ပိုင်းအတွင်း အာရှတိုက် တစ်ခုလုံးကို ဖြန့်ကျက် လွှမ်းမိုးထားနိုင်ဖို့ ရည်ရွယ်ပါတယ်" ဟု အမေရိကန် လေတပ်ဗိုလ်ချုပ်ကြီး ဒေးဗစ် ထူးညဉ်က ပြောသည်။

မန္တလေး၊ လားရှိုးနှင့် မူဆယ်တို့တွင် ခေတ်မီ ဂျက်တိုက်လေယာဉ်များအပြင် မောင်းသူမဲ့လေ ယာဉ်များပါ တာဝန်ချထားပေးသွားမည်ဖြစ်ပြီး အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် အီရတ် စစ်မြေပြင် တို့တွင် နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခဲ့သည့် စစ်ဆင်ရေးအတွေ့အကြုံရင့် ကျက် သော လေယာဉ်မှူးများက ထိန်းကျောင်းမောင်းနှင်သွားမည်ဖြစ်၍ တိမ်းရှောင် ကိုးကန့်
ရော ပုန်းအောင်းကိုးကန့်ပါမကျန် သုတ်သင်ခြေမှုန်းသွားနိုင်ကြောင်း အမေရိကန်လေတပ်မှ ဒုတိယဗိုလ်ချုပ်ကြီး ရော်နယ်ဖိုးဥာဏ်ကပြောသည်။

- သံလွင်စိမ်းသတင်းဌာန
Just for fun

1 အကြံပြုခြင်း:

Anonymous said...

funny... the names of the high ranking officials mentioned in the articles looks so burmese to me.... is this April Fool? a bit early...