Sunday, February 15, 2015

တရုတ်ပြေးမင်းမှသည် တရုတ်ကြောက်ဝန်ကြီး ခေတ်ဆီသို့



တရုတ်ပြေးမင်းမှသည် တရုတ်ကြောက်ဝန်ကြီး ခေတ်ဆီသို့
=======================================
ကိုရင်မောင်

မြန်မာရာဇ၀င်တွင် ပုဂံပြည့်ရှင် အနော်ရထာ မင်းကြီးနှင့် ကျန်စစ်သား မင်းကြီးတို့
၏ စည်းလုံးမှုဖြင့် တည်ဆောက်ခဲ့သော ပထမနိုင်ငံတော်ကြီးသည် နရသီဟပတေ့မင်း လက်ထက်တွင် ယိုင်လဲပြိုကွဲ ခဲ့ရပါသည်။ အဘယ့်ကြောင့်ဆိုသော် ၄င်းနန်း
တက်သော ကာလတွင် မွန်ဂိုဘုရင် ကုဗလိုင်ခန်ထံမှ စေလွှတ်သော သံတမန်များ
ကို ခေါင်းဖြတ် သတ်လိုက်သည့် အတွက် ကုဗလိုင်ခန် မင်းကြီးသည် ၄င်း၏ စစ်တပ်
အား ပုဂံသို့ စေလွှတ်ကာ တိုက်ခိုက်ခြေမှုန်း စေခဲ့ပါသည်။ နရသီဟပတေ့မင်း
သည် ဒေါသကြီးပြီး၊ မဆင်မခြင် လုပ်တတ်သော မင်းတစ်ပါး ဖြစ်ပါသည်။

အနော်ရထာ မင်းကြီးနှင့် ကျန်စစ်သားမင်းကြီးတို့ ကြိုးစား တည်ထောင်ခဲ့သော
မြန်မာနိုင်ငံ၏ ပထမ အင်ပါယာကြီးသည်လည်း ၄င်းမင်းလက်ထက်တွင် ပြိုကွဲကာ
နရသီဟပတေ့၏ သားတော် ကျော်စွာမင်း လက်ထက်တွင် ပုဂံသည် လုံးဝပြိုကွဲပြီး
ပုဂံမင်းဆက် ချုပ်ငြိမ်းသွားရပါသည်။ သမိုင်းက ပေးသော သင်ခန်းစာများသည်
ယူတက်လျှင် အကျိုးရှိမည် ဖြစ်ပြီး လျစ်လျူပြုမိပါက တန်ပြန် ဆိုးကျိုးများ သက်ရောက်
နိုင်ပါသည်။ ပုဂံသားတို့သည် မင်းက တရုတ်များကို ကြောက်ပြီး ထွက်ပြေး
သွားခဲ့သော်လည်း စိတ်ဓာတ် မပျက်ပြားဘဲ တရုတ်တို့အား ရွံ့ရွံ့ချွန်ချွန် ပြန်လည်
ခုခံ တိုက်ခိုက်ကြရာ တရုတ်တပ်သား (၇၀၀၀) ကျဆုံးကြောင်း ရာဇ၀င်များ၌
ရေးသားထားသည်ကို တွေ့ရပါသည်။ တရုတ်တို့ ၀င်ရောက် တိုက်ခိုက်မှုမှ ရပ်ဆိုင်
ရန်အတွက် ဆရာတော် ရှင်ဒီသာပါမောက္ခသည် မွန်ဂိုဘုရင် ကုဗလိုင်းခန် ရှိရာ
သို့ အရောက်သွားပြီး ငြိမ်းချမ်းရေး အတွက် ကမ်းလှမ်းခဲ့ပါသည်။ ထိုသို့သော
ငြိမ်းချမ်းရေး ကမ်းလှမ်းမှုကြောင့် မွန်ဂို တရုတ်တပ်များသည် စစ်ပြေငြိမ်းကာ တရုတ်ပြည်သို့ ပြန်လည် ဆုတ်ခွာသွားလေတော့သည်။

မြန်မာတို့သည် ပုဂံခေတ်မှစ၍ ကုန်ဘောင်ခေတ်သို့ တိုင်အောင် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြနန်းနှင့် နေထိုင်ခဲ့သော လူမျိုးများ ဖြစ်ပါသည်။ ကိုယ့်နိုင်ငံအား ကျူးကျော်မှု
များနှင့် ပတ်သက်၍လည်း ထိုစဉ်ကာလ ကတည်းက မြန်မာတို့သည် အရေးကြီးက
သွေးနီးဆိုသကဲ့သို့ တိုင်းရင်းသားများနှင့် လက်တွဲပြီး ကျူးကျော်သူများအား
တွန်းလှန်ခဲ့ကြပါသည်။

အင်းဝဘုရင် မင်းခေါင် လက်ထက်တွင် တရုတ်တပ်ကြီးသည် အင်းဝနားထိ ကျူးကျော်ဝင် ရောက်ခဲ့ပါသည်။ ထိုစဉ်က အင်းဝဘုရင် မင်းခေါင်သည် အင်းဝတွင်
ဖမ်းဆီးခြင်း ခံထားရသော မွန်သူရဲကောင်း သမိန်ဗရမ်းအား တရုတ် သူရဲကောင်း
ဂါမဏိနှင့် တစ်ဦးချင်း တိုက်ခိုက်စေခဲ့ရာတွင် သမိန်ဗရမ်းမှ တရုတ်သူရဲကောင်း ဂါမဏိခါင်းအား ဖြတ်နိုင်ခဲ့၍ တရုတ်စစ်သည်တို့သည် ပြန်လည်ဆုတ်ခွာ သွားခဲ့
ပါသည်။ ထိုစဉ်ကာလက အင်းဝဘုရင် မင်းခေါင်နှင့် မွန်ဘုရင် ရာဇာဓိရာဇ်တို့သည်
အနှစ် (၄၀)ကြာ စစ်ခင်းနေသော ကာလဖြစ်ပါသည်။ ပုဂံခေတ်တွင် တရုတ်ကို
ကြောက်ပြီး ထွက်ပြေးခဲ့သော နရသီဟပတေ့ ဘုရင်ရှိခဲ့သော်လည်း အင်းဝခေတ်
တွင် ဘုရင်မင်းခေါင်သည် လည်းကောင်း၊ ၄င်း၏ ၀န်ကြီးများ၊ စစ်သူကြီးများ
သည် လည်းကောင်း တရုတ်အား မကြောက်ခဲ့ပါ။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် လက်ထက်ကျမှသာလျှင် တရုတ်ကို
ကြောက်သော ၀န်ကြီး ပေါ်ပေါက်ခဲ့ပါသည်။ နောင်တွင် ထိုဝန်ကြီးအား တရုတ်
ကြောက် ၀န်ကြီးဟု အမည်ပေးရမည် ဖြစ်ပါသည်။ သမိုင်း အစဉ်အလာ
ရှိခဲ့သော မြန်မာနိုင်ငံတွင် ယခုကဲ့သို့ တရုတ်ကို ကြောက်ရသည်မှာ -ပြည်သူများ
အနေဖြင့် ဘ၀င်ကျစရာ မရှိပါ။ တရုတ်သည် အင်အားကြီး၍ ကြောက်ရမည်
ဆိုလျှင် ရန်သူပတ်လည် ၀ိုင်းရံလျှက်ရှိသော အစ္စရေး နိုင်ငံသည် မည်ကဲ့သို့
ရပ်တည်နေသည်ကို နမူနာယူရန် လိုပါသည်။ မြန်မာတို့သည် ကုန်းဘောင်ခေတ်
တွင် တရုတ်တို့၏ ၀င်ရောက်တိုက်ခိုက်မှုကို (၄)ကြိမ် တိုင်တိုင် တွန်းလှန်နိုင်ခဲ့
ပါသည်။ ကုန်းဘောင်ခေတ် ဆင်ဖြူရှင်ဘုရင် လက်ထက်တွင် သက္ကရာဇ် ၁၁၂၇
ခုနှစ်တွင် ၀န်ကြီး မဟာ သီဟသူရအား စစ်သည်နှစ်သောင်းဖြင့် အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ပါသည်။ သက္ကရာဇ် ၁၁၂၈ခုနှစ်တွင် ဖြစ်ပွားခဲ့သော တရုတ်-မြန်မာ
ဒုတိယ စစ်ပွဲတွင်လည်း အင်းဝမြို့တော်နှင့် မိုင် (၃၀)ကွာ ဆင်ဂေါင်း အရပ်
တိုင်အောင် ချီတက်လာသော တရုတ် ဗိုလ်ချုပ် မင်းဂျူး (မြင်းခုံရဲ)၏ စစ်ကြောင်း
အား မင်းကြီး မဟာသီဟသူရသည် တိုက်ထုတ် ကာကွယ်နိုင်ခဲ့ပါသည်။
မဟာသီဟသူရ၏ တပ်မကြီးသည် မိုးမြိတ်စစ်ကြောင်းချီ လက်ဝဲ၀င်မှူး၏ တပ်နှင့်
ပူးပေါင်းပြီး သီန္နီမြို့ရှိ တရုတ်တပ်ကြီးကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပါသည်။
တရုတ် မြန်မာ စတုတ္တစစ်ပွဲတွင် စစ်သူကြီး မဟာသီဟသူရ၏ စစ်ရေးအမြင်ကျယ်ပုံ
ပေါ်လွင်ခဲ့ပါသည်။ တရုတ်တို့အား ရိက္ခာဖြတ်တောက်၍ နောက်ဆုံးတွင် တရုတ်
တို့သည် စစ်ပြေငြိမ်းခဲ့ရပါသည်။ စစ်သူကြီး မဟာသီဟသူရသည် လက်ရုံးရည် သာမက နှလုံးရည်လည်း ပြည့်စုံသူ ဖြစ်သောကြောင့် တရုတ်တို့နှင့် ရေရှည်
ဆက်ဆံရေး အတွက် နိုင်ငံ့အကျိုးကို ကြည့်ကာ စစ်မက် ဖြစ်ပွားခြင်းထက်
နှစ်ပြည့်တစ်ပြည် မဟာမိတ် ဖြစ်ခြင်းက ပို၍ အကျိုးရှိသည်ဟု သုံးသပ်ပြီး မိမိ
တစ်ဦးတည်း တာဝန်ယူကာ စစ်ပြေငြိမ်းခဲ့ပါသည်။ ဤအတွက်ကိုလည်း
ဆင်ဖြူရှင်မင်း၏ အမျက်တော်ရှခြင်း ခံခဲ့ရပါသည်။

တရုတ်ကြောက် ၀န်ကြီး ခင်ဗျား - စစ်သူကြီး မဟာသီဟသူရသည် ၀န်ကြီးကဲ့သို့
စစ်တက္ကသိုလ်တွင် (၄)နှစ်တိတိ သင်တန်းတက်ခဲ့သူ တစ်ဦး မဟုတ်ပါ။ အမေရိကန်
နိုင်ငံ West Point၊ အင်္ဂလန်နိုင်ငံ Sandhust စစ်တက္ကသိုလ်များသို့လည်း
တက်ခဲ့သူ တစ်ဦး မဟုတ်ပါ။ ၀န်ကြီးကဲ့သို့ PC၊ CC၊ Cambat၊ Counter၊ Staff
Collage၊ NDC အစရှိသော သင်တန်းတို့နှင့်လည်း အလွန်ဝေးကွာလှသူ တစ်ဦး
ဖြစ်ပါသည်။ သို့ရာတွင် ၄င်းသည် သနက္ကဗျူဟာကျမ်းကြီးအား ကောင်းမွန်စွာ
လေ့လာထားသူ တစ်ဦး ဖြစ်ပြီး၊ နှလုံးရည်လည်း ကောင်းမွန်ခြင်းကြောင့် ရန်သူများ
အား တွန်းလှန်ချေမှုန်း နိုင်ခဲ့ပါသည်။ ၀န်ကြီးတို့ ခေတ်ကဲ့သို့ စစ်ရုံးထဲထိုင်ပြီး ဗိုလ်ချုပ်
ဖြစ်ကြသူများ မဟုတ်ပါ။

ယခင် အာဏာရှင်ကြီးနားမှာ နေသူများသည် စစ်မတိုက်ဘဲ ဗိုလ်ချုပ် ဖြစ်ကြပါသည်။ မဟာသီဟသူရ ခေတ်တွင် လက်ရုံးရည်၊ နှလုံးရည်ကော ပြနိုင်မှသာ ရာထူး
တိုးတက်ကြပါသည်။ ကုန်းဘောင်ခေတ် မင်းဆက်တွင် ကျော်ကြားလှသော
စစ်သူကြီးများ အများအပြား ပေါ်ပေါက်ခဲ့ပါသည်။ ဆင်ဖြူရှင် လက်ထက်တွင် မင်းကြီး မဟာသီဟသူရ၊ ဘိုးတော်ဘုရား လက်ထက်တွင် အိမ်ရှေ့စံ၊ ဘကြီးတော်
ဘုရားလက်ထက်တွင် စစ်သူကြီး မဟာဗန္ဓုလ၊ မြ၀တီမင်းကြီး ဦးစ အစရှိသော ပုဂ်္ဂိုလ်တို့သည် မြန်မာ့သမိုင်း၏ ထင်ရှားသော သူရဲကောင်းကြီးများ ဖြစ်ကြပါသည်။
စစ်သူကြီး မဟာဗန္ဓုလသည် မိုးတွင်း ကာလတွင် ရခိုင်ရိုးမကို ဖြတ်ကျော်ကာ
ရန်ကုန်သို့ ချီတက်ခဲ့သော မှတ်တမ်းသည် ဗြိတိသျှများကပင် ချီးမွမ်းခဲ့ကြပါသည်။ ယနေ့ မြန်မာနိုင်ငံသည် ဤသို့သော စစ်သူရဲကောင်းကြီးများ ရှိပါက တရုတ် သာမက
တရုတ်၏ ဘိုးဘေးကိုပင် ကြောက်ရန် မလိုပါ။ ၀န်ကြီးတို့သည် အဘယ့်ကြောင့် တရုတ်ကို ကြောက်သည်ကို နားမလည်နိုင်ပါ။ အင်အားကြီး၍ ကြောက်ခြင်းလား
သို့တည်းမဟုတ် စစ်အစိုးရ လက်ထက်တွင် ပြည်သူလူထုအား အသိမပေးဘဲ
လုပ်ထားသော ကိစ္စရပ်များ အတွက် တရုတ်က ဖော်မည်ကို စိုး၍ကြောက်သလား၊
ကြောက်ရသည့် အကြောင်းအရင်းကို ရှင်းလင်းဖော်ပြရန် လိုပါသည်။

နိုင်ငံတော်နှင့် ပတ်သက်၍ စီမံကိန်းများသည် တပ်မတော် အစိုးရ လက်ထက်တွင်
ရှစ်လုံးကြီး ဦးဆောင်လုပ်ခဲ့သည်ကို ကြားသိရပါသည်။ ပြည်သူများ မသိသော
ဧရာဝတီ မြစ်ဆုံ စီမံကိန်းသည် မဖြစ်သင့်သော စီမံကိန်း ဖြစ်ပါသည်။ လက်ပံတောင်း ကိစ္စသည်လည်း ထိုနည်း လည်းကောင်းပင် ဖြစ်ပါသည်။ တရုတ်တို့သည် မြန်မာနိုင်ငံ အပေါ်တွင် ကောင်းမကောင်းကို လူကြီးမင်းတို့ စဉ်းစားနိုင်ပါသည်။ တစ်လောက
သစ်များ ၀င်ခိုးသည့် ကိစ္စကို လေ့လာသုံးသပ်ပါ။ နှစ်ပေါင်းမျာစွာကပင် ၀င်၍ခိုး
နေသော ကိစ္စကြီး ဖြစ်ပါသည်။ တစ်ချိန်က ထီးဟန်၊ နန်းဟန်များဖြင့် ဂုဏ်ယူမဆုံး တပြုံးပြုံး ဖြစ်ခဲ့ရသည့် မန္တလေး ရွှေမြို့တော်ကြီးမှာ ယခုအခါမြို့၏ သုံးပုံနှစ်ပုံခန့်ကို
တရုတ်တို့ ၀ါးမျိုးထားသည်ကို မျက်ဝါးထင်ထင် မြင်ကြရမည် ဖြစ်ပါသည်။
တဖြေးဖြေးနဲ့ တစ်မြို့လုံးနီးပါး ပါသွားမည်ကို စိုးရွံ့စရာ ဖြစ်နေပါသည်။ မန္တလေးမြို့
သို့ ရောက်ဖူးကြသူများ ဤရင်နာစရာ အဖြစ်အပျက်များကို တွေ့ကြုံခံစားရမည်ဟု
စာရေးသူ တင်ပြမိပါသည်။ မြန်မာအမျိုးသမီး မိန်းခလေးများ တရုတ်မယား အများ
အပြား ဖြစ်နေသည်မှာ တွေးမိတိုင်း ရင်နာစရာ ဖြစ်ပါသည်။

နိုင်ငံတစ်နိုင်ငံ၏ အချုပ်ခြာ အာဏာအား အိမ်နီချင်းနိုင်ငံများသည် လေးစားကြရမည်
ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအား ကြောက်ရန် မလိုပါ။ တရုတ်ကသာ
လျှင် မြန်မာအား ကြောက်ရမည် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ၄င်းတို့
အတွက် ရခိုင်ဒေသတွင် တည်ဆောက်ထားသော ဓာတ်ငွေ့ စီမံကိန်းကြီးသည်
၎င်းတို့အတွက် များစွာ အကျိုးပြုထားပါသည်။ ထို့အပြင် မြန်မာနိုင်ငံမှ များစွာသော
သယံဇာတ ပစ္စည်းများသည် တရုတ်နိုင်ငံတွင် ဈေးနှုန်း သက်သာစွာဖြင့် ရရှိလျှက်
ရှိပါသည်။ တရုတ်မှလာသော ညံ့ဖျင်းလှသည့် စားသုံးဆီများ၊ ဓာတုပစ္စည်းများ
ပါဝင်ပြီး လုပ်ထားသော မုန့်အမျိုးအမျိုး၊ လူသုံးကုန်ပစ္စည်း အမျိုးမျိုးတို့သည် မြန်မာ
လူမျိုးတို့ အတွက် လူမျိုးတုံးပြီး အသက်ဆုံး ရမလို ဖြစ်နေပါသည်။ နေပြည်တော်
ကောင်စီမှ ပုဂ်္ဂိုလ်ကြီးတစ်ဦး ကလည်း တရုတ်တို့ လုပ်သော ပစ္စည်းများဟု
မသုံးရန် တားမြစ်ပါသည်။ ၄င်းသည်လည်း တရုတ်ကြောက်သူ တစ်ဦး ဖြစ်ပုံရပါသည်။
မြန်မာနိုင်ငံ၏ မြောက်ဘက်ဖျား ဒေသသည် တရုတ်တို့ ပိုင်သကဲ့သို့ပင်
သဘောထားကြသည်ဟု ကြားသိရပါသည်။ နိဂုံးချုပ်အားဖြင့် ပြောရလျှင် မြန်မာ
နိုင်ငံပေါ်တွင် တရုတ်တို့သည် လူမျိုးနှောပြီး စိုးမိုးသွားမည်ကို စိုးရိမ်မိပါသည်။

တစ်ချိန်သော အခါက တရုတ်နိုင်ငံ ခေါင်းဆောင် တိန့်ရှောင်ဖိန်သည် မြန်မာနိုင်ငံသို့
အလည်အပတ် လာရာတွင် ရန်ကုန်မြို့ မောင်ခိုင်လမ်းရှိ တရုတ်ဘုံကျောင်းတွင်
၎င်းပြောကြားသော စကားမှာ အဓိပ္ပာယ် ကျယ်ဝန်းလှပါသည်။ ၄င်းက - မြန်မာနိုင်ငံ
မှ တရုတ်သားများ ပြောကြားခဲ့ရာတွင် မိမိတို့သည် မြန်မာနိုင်ငံတွင် နေစေကာမူ တရုတ်လူမျိုးဆိုသော အသိကို သိထားရန်လိုကြောင်း ဖြစ်ပါသည်။ စေ့စေ့စပ်စပ်
တွေးကြည့်ပါက အလွန်အဓိပ္ပာယ် ကျယ်ဝန်းလှပါသည်။ မြန်မာနိုင်ငံ အနေဖြင့် အစ္စရေးထုံးကို နှလုံးမူပြီး စည်းရုံးညီညွတ်ရန် လိုပါသည်။ တရုတ်ကို မြန်မာတို့
ကြောက်ရန် မလိုပါ။

ကိုရင်မောင်

( Tomorrow သတင်းဂျာနယ်အမှတ်-၅၀ ပါ ဆောင်းပါး )

0 အကြံပြုခြင်း: