Sunday, February 22, 2015

စစ်တပ်မှ ဗိုလ်ကြီးတစ်ဦး၏ ကတော်

video


ရန်ကုန်စီးပွားရေးတက္ကသိုလ်
ရွာသာကြီးနယ်မြေတွင် ပြုလုပ်ခဲ့သည့်
အမျိုးသားပညာရေးဥပဒေ အား
ပြန်လည်ပြင်ဆင်သည့်ဥပဒေကြမ်းအား ဆွေးနွေးအကြံပြုနိုင်ဖို့ ပွဲတစ်ခုတွင်....
ECO ဋ္ဌာနမှဆရာမတစ်ဦးမှ တကသအဖွဲ့ဝင်များအား
ဒေါနှင့်မောနှင့် ရင့်သီးမိုက်ရိုင်းစွာ ပြောဆိုခြင်းအား
ကြုံခဲ့ရကြောင်း.....
၎င်းဆရာမ ဆိုသူမှာ စစ်တပ်မှ ဗိုလ်ကြီးတစ်ဦး၏ ကတော်ဖြစ်ကြောင်း.......


အခြေခံပညာဖြစ်တဲ့ကျောင်းစာတွေကို သင်ကြားပေးဖို့ဖြစ်တယ်
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေမူကြမ်းမှာ အခြားဘာသာခြားတွေအတွက် ကျောင်းဖွင့်လှစ်ခွင့် ပေးထားတယ်ဆိုတဲ့အချက်ဟာ ဘာသာရေးသင်ကြားဖို့မဟုတ်ပဲ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွေနည်းတူ အခြေခံပညာဖြစ်တဲ့ကျောင်းစာတွေကို သင်ကြားပေးဖို့ဖြစ်တယ်လို့ နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲရေးကွန်ရက်အဖွဲ့ဝင် ဒေါက်တာသိန်းလွင်က ပြောပါတယ်။
NNER နဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီတို့ ဒီနေ့ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
(RFA)



Sithu Maung

ရန်ကုန်စီးပွားရေးတက္ကသိုလ် ရွာသာကြီးနယ်မြေတွင် ပြုလုပ်ခဲ့သည့် အမျိုးသားပညာရေးဥပဒေ အားပြန်လည်ပြင်ဆင်သည့်ဥပဒေကြမ်းအား ဆွေးနွေးအကြံပြုနိုင်ဖို့ ပွဲတစ်ခုပြုလုပ်ခဲ့ကြပါတယ် ပါမောက္ခချုပ် ဆရာမကြီးမှအဖွင့်နုတ်ခွန်းဆက် စကားပြောကြားခြင်းကျနော်အပါအ၀င် ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များ ကျောင်းသားသပိတ်မှောက်ကော်မတီ ၀င်မှ ကိုဇေယျာလွင် ( ဥက္ကဌ - တ.က.သ Eco ) မှ ဆွေးနွေးအကြံပြုခြင်း တက်ရောက်လာကြသူများများဆွေးနွေးအကြံပြုခြင်း များပြုလုပ်ခဲ့ကြပါတယ်။ ထင်ထားသလို ဆန္ဒဖော်ထုတ်ပွဲမဟုတ်ခဲ့သည်က တကြောင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးခွင့် အကြံပြုခွင့်ပေးခဲ့ခြင်းအတွက် အတိုင်းအတာတစ်ခုအထိ ကြေနပ်အားရခဲ့သော်လည်း အွန်လိုင်းပေါ်နှင့် အမျိုးဘာသာသာသနာအတွက် ရတက်မအေးဖြစ်နေသူများစိုးရိမ်သည့် ဘာသာရေးစာသင်ကျောင်းများတွင် သင်ကြားသောပညာရေးကဏ္ဍ မှာ ဖွရန်ဆွရန် Issue တစ်ခုအဖြစ် ဆရာမတစ်ဦး မှ ဆွေးနွေးပွဲပြီးမှ တကသ အဖွဲ့ဝင်များအားဒေါနှင့်မောနှင့် ရင့်သီးမိုက်ရိုင်းစွာ ပြောဆိုခြင်းအား ကြုံခဲ့ရသည့်အတွက် များစွာစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ နောက်ပိုင်းမှ သိရတာက ၎င်းဆရာမ ဆိုသူမှာ စစ်တပ်မှ ဗိုလ်ကြီးတစ်ဦး၏ ကတော်ဖြစ်ကြောင်းပါခင်ဗျာ ထိုကဲ့သို့အကြံပြုဆွေးနွေးပွဲတွင် တကသ မှကျောင်းသားကျောင်းသူများကို မိုက်ရိုင်းရင့်သီးစွာ ရန်တွေ့ခဲ့သည့် ဆရာမတစ်ဦးအား ကြုံတွေ့ခဲ့ရသည့်အတွက်များစွာ အြံ့သစိတ်မကောင်း ဖြစ်ခဲ့ရပါတယ် ထိုဆရာမမှာ Eco ဌာနမှ ဖြစ်ပြီး ဆွေးနွေးပွဲခန်းမအတွင်း တကသ ကျောင်းသားကိုယ်စားလှယ် ၂ဦးဖြစ်သော ကိုဇေယျာလွင် ကိုစည်သူမောင် တို့၏ ဆွေးနွေးအကြံပြု ချက်များအား အမျိုးဘာသာသာသနာရှု့ထောင့်မှ ကန့်ကွက်ရမည် ထည့်သွင်းခြင်းမပြုသင့်ဟု စွပ်စွဲသည့် ဘာသာရေးကျောင်းများတွင် သင်ကြားသောပညာရေးကဏ္ဍ ၏ စကားလုံးစကားရပ်အား တိကျစွာ နားလည်ခြင်းမရှိ ဥပဒေ၏ သဘောသဘာဝအား ၎င်းကိုယ်တိုင် မရှင်းလင်းသည့်အတွက် တကသ Eco မှ ပြန်လည်ခြေပခြင်းမပြုခဲ့သော်လည်း ထိုအခြေအနေအား စီးပွားရေးပညာဌာန မှဌာနမှုးပါမောက္ခ ကိုယ်တိုင် ၎င်းဆရာမအား ပြေလည်စွာ အေးဆေးစွာပြောဆိုရန် မေတ္တာရပ်ခံပြီး အချင်းများရာနေရာမှ လာရောက်ခေါ်ဆောင်သွားခဲ့ပါသည်။

0 အကြံပြုခြင်း: