Saturday, February 7, 2015

ဝှိုက်ကတ်ကိုင်ဆောင် ထားသူများအား မဲပေးခွင့်ပြုရန်မှန်ကန်ကြောင်း ဦးဌေးဦးက ပြော

ဝှိုက်ကတ်ကိုင်ဆောင် ထားသူများအား မဲပေးခွင့်ပြုရန် ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက် င့် နိုင်ငံသားဖြစ်ရန် ရာခိုင်နှုန်းများသူများကို ဝှိုက်ကတ်ပေးထားခြင်းဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုတိယ ဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ဦးဌေးဦးက ပြောကြားသည်။
“ဒါကလွှတ်တော်ရဲ့အဆုံးအဖြတ်ဖြစ်တယ်။ လွှတ်တော်ရဲ့ အဆုံးအဖြတ်သည် လွှတ်တော်သည်ဥပဒေကို လိုက်နာရတယ်။ နိုင်ငံတော်ကနေပြီး ထုတ်ပြန်ထားတဲ့ ဥပဒေတွေထဲမှာ ဝှိုက်ကတ်နဲ့ပတ်သက်လို့ မဲပေးပိုင်ခွင့် ရှိတယ်ဆိုတဲ့ဟာကို သူတို့က ပြောထားတယ်။ အစဉ်အဆက်လည်း ဒီတိုင်းပဲသွားနေတယ်။ . . . တကယ်တော့ ဝှိုက်ကတ်ဆိုတဲ့ဥစ္စာသည် နိုင်ငံသားမဟုတ်ဘူးလို့ ငြင်းပယ်လိုက်တာ မဟုတ်ဘူး။ သို့သော်လည်းပဲ လတ်တလောအားဖြင့် မပေးနိုင်သေးတဲ့ အခြေအနေ အကြောင်းကြောင့် ပေးဖို့ခက်နေတယ်။ မှတ်ပုံတင်ရဖို့ ခက်နေသေးတယ်။ ခက်တယ်ဆိုတာ မဖြစ်ထိုက်လို့ မဟုတ်ဘူး။ အုပ်ချုပ်ရေးကြောင်းအရ မဖြစ်ထိုက်သေးတဲ့ မရောက်သေးလို့ဆိုတဲ့ နေရာတွေ ဝှိုက်ကတ်ကျွန်တော်တို့ ဦးစားပေးထားတာ။ ဒါကြောင့် ဒီအပေါ်နဲ့ပတ်သက်လို့ လွှတ်တော်၏ အဆုံးအဖြတ်သည် မှန်တယ်လို့ပဲ ကျွန်တော်မြင်တယ်”
Ref - DVB & EMG

0 အကြံပြုခြင်း: