Monday, February 16, 2015

လောက်ကိုင် အခြေအနေ


အေးဆေးတည်ငြိမ်ရန် ခက်ခဲနေကြောင်း
ကွမ်းလုံ-လားရှိုး စစ်ဘေးရှောင်များကို
အခမဲ့ သယ်ပို့နေသော မော်တော်ယာဉ်များကို
လမ်းကြေင်းလုံခြုံရေး အရ ပိတ်ထားလိုက်ပါသည်။
တာရွှေထန် ကျောင်းအုပ်ဆရာမကြီး ဒေါ်အမာစိန် အား
သဂြိုလ်ရန် ၄င်း၏ မောင်တော်စပ်သူ ကွမ်းလုံးသို့ ရောက်ရှိနေသောလည်း
လော်က်ကိုင်ဖက်သို့ ဆက်လက်ထွက်ခွာရန် အခက်အခဲများ ဖြစ်နေပါသည်။
ကွမ်းလုံမြို့တွင်လည်း စစ်ဘေးရှောင် များကို စားဝတ်နေရေး
 ဆောင်ရွက်ပေးသည်မှာ တစ်မြို့လုံးနီးပါး ဖြစ်သောလည်း
နေ့စဉ်ရောက်ရှိလာသော လူအုပ်စုများအတွက် မြို့ငယ်လေးအနေဖြင့်
အခက်အခဲများဖြစ်ပေါ်လာပါသည်။
အစားအစာ / အနွေးထည်နှင့် စောင်များ လိုအပ်လျှက်ရှိနေပါသည်။
ယနေ့ ဆိုပါက ကွမ်းလုံသို့ စစ်ဘေးရှောင် ၄၀၀ ဦးခန့် ရောက်ရှိလာရန် ရှိပါသည်။

ဖုန်ကြားရှင်အဖွဲ့သည် တစ်ဖက်နိုင်ငံ ဒုက္ခသည်စခန်း ဖွင့်ထားသော
နမ့်စမ်း(တရုတ်) မှ ညနေပိုင်းများတွင် အရပ်ဝတ်များဖြင့် လက်နက်ငယ်ကိုယ်စီ
ကိုင်ဆောင်ကာ အဖွဲ့ငယ်များဖြင့် ၀င်ရောက်လေ့ရှိကြောင်း။
ခိုးပေါက်များမှ ၀င်လာကြောင်း မြို့ထဲရောက်မှ ဖွက် ထားသော ကားဆိုင်ကယ် များကို
အသုံးပြုပြီး ပျောက်ကျား တိုက်ပွဲများဖြစ်နေကြောင်း
လောက်ကိုင်မြို့အနေဖြင့် တပ်မတော် စစ်ကြောင်းများ စစ်ပန်းအောင်
တိုက်ပွဲငယ်များကို ဖန်တီးနေပြီးတိုက်ပွဲများအီလာသည့် အချိန် ၊ ရက်ကြာလာပါက
တပ်မတော် စစ်ကြောင်းများ၏ အားနည်းချက် နေရာများကို
အလုံးအရင်းဖြင့် တိုက်စစ်ဆင်သွားနိုင်ကြောင်း
လောက်ကိုင်မြို့မှ ပြန်လည်ထွက်ခွာလာသည့်
စစ်ဘေးရှောင်များထံ သတင်းရရှိပါသည်။
Lisu Ko ko

0 အကြံပြုခြင်း: