Sunday, February 22, 2015

ဝမ်းရေးအတွက်ဓါတ်ပုံအရိုက်မခံနိုင်သူများ

အလင်္ကာ ဒီပ
ကြံ့ခိုငိရေးပါတီကတော့ မြန်မာပြည်ငြိမ်းချမ်းစေဖို့ ဆန္ဒပြမယ်ဆိုပြီး ညောင်ဦးမြို့မှာ စတင်လိုက်ပါပြီ။
ခက်တာက ပြည်သူတွေက ကြိုဆိုထောက်ခံခြင်းမရှိသည့်အပြင် ရေတိုက်သူပင်မရှိဖြစ်နေသည်။
ပြည်သူကို တကယ်ချစ်လို့ ပြည်သူ့အရေးတာဝန်ယူဖို့ ပါတီတည်ထောင်သည်ဆိုပါက ပြည်သူသဘောကို သိသင့်သည်။
အနိုင်ရပါတီအနေဖြင့် မိမိတို့တင်မြှောက်ထားသော အာဏာရှင်အစိုးရကို ထောက်ခံအားပေးပြီး လယ်သိမ်း၊ ယာသိမ်းကိစ္စများမှာ ဝင်ရောက်ဖြေရှင်းမှု့မပြုခဲ့ဘူးဆိုတာ ထင်ရှားနေတယ်။
ကျနော်တို့ပြည်သူများအနေဖြင့် မည်သည့်ပါတီသည် ပြည်သူ့အကျိုးကို ရှေးရှုသည်ဆိုသည်ကို မျက်စေ့ဒေါက်ထောက် ကြည့်နေကြတာပါ။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ဤကဲ့သို့လုပ်ဆောင်မှု့များသည် အတော်ပင်ရုပ်ဆိုးအကျည်တန်ဖြစ်နေပါကြောင်း။
ပြည်သူတစ်ဦး


0 အကြံပြုခြင်း: